ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwex ဆောင်းပါး ၁
  • “ကျွန်မ တတ်နိုင်သလောက် အမှုဆောင်တယ်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ကျွန်မ တတ်နိုင်သလောက် အမှုဆောင်တယ်”
  • တွေ့ကြုံမှုများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာများ ရေးသားပုံ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ကျွန်တော်တို့ရဲ့ ကယ်ဆယ်ရေးလုပ်ငန်းကနေ ကရစ်ဘီယံကျွန်းတွေမှာရှိတဲ့ ခရစ်ယာန်တွေ အကျိုးရရှိကြပုံ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
  • ချစ်မြတ်နိုးကြောင်း ထုတ်ဖော်ပြောဆိုပါ
    တွေ့ကြုံမှုများ
  • “ဒီလိုမျိုးမေတ္တာကို တစ်ခါမှ မခံစားခဲ့ဖူးဘူး”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
တွေ့ကြုံမှုများ
ijwex ဆောင်းပါး ၁
အာမာ စာရေးနေစဉ်

“ကျွန်မ တတ်နိုင်သလောက် အမှုဆောင်တယ်”

ဂျာမနီနိုင်ငံက အာမာဟာ အသက် ၉၀ နီးပါး ရှိပြီ။ ပြင်းထန်တဲ့ မတော်တဆမှု နှစ်ကြိမ် ကြုံခဲ့ရတဲ့အပြင် ခွဲစိတ်ကုသမှုတွေ ခံယူပြီးနောက် အရင်ကလို တစ်အိမ်တက်ဆင်း မဟောပြောနိုင်တော့ဘူး။ ဒါကြောင့် သူ့ရဲ့ ယုံကြည်ချက်ကို ဆွေမျိုးတွေ၊ အသိအကျွမ်းတွေဆီ စာရေးပြောပြနေတယ်။ အာမာဆီက အားပေးစာတွေ၊ ဝမ်းနည်းကြောင်း စာလွှာတွေ လက်ခံရရှိသူတွေဟာ နောက်တစ်စောင် ဘယ်တော့ ပို့မလဲလို့ ဖုန်းဆက် မေးတတ်ကြတယ်။ ကျေးဇူးတင်စာတွေ အများကြီး ရတဲ့အပြင် နောက်ပို့မယ့် စာတွေကို စောင့်မျှော်နေကြောင်း စာပြန်ကြတယ်။ “ဒီလိုတုံ့ပြန်ကြလို့ ဝမ်းသာတယ်။ ဆက်ဟောပြောဖို့ အားရှိစေတယ်” လို့ အာမာ ပြောတယ်။

အာမာ

ဘိုးဘွားရိပ်သာက သက်ကြီးရွယ်အိုတွေဆီလည်း အာမာ စာရေးတယ်။ “သက်ကြီးရွယ်အို အမျိုးသမီးတစ်ယောက် ကျွန်မဆီ ဖုန်းဆက်တယ်။ သူ့ယောက်ျား ဆုံးပြီးနောက် ကျွန်မရဲ့ စာကြောင့် နှစ်သိမ့်မှု အများကြီး ရတယ်တဲ့။ ကျွန်မရဲ့ စာကို ကျမ်းစာအုပ်ကြား ညှပ်ထားပြီး ညနေပိုင်းတွေမှာ ဖတ်လေ့ရှိတယ်လို့ ပြောတယ်။ ခင်ပွန်း ဆုံးပြီးခါစ အမျိုးသမီးကြီးတစ်ယောက်ကတော့ ဓမ္မဆရာရဲ့ ဟောပြောချက်ထက် ကျွန်မရဲ့ စာကနေ နှစ်သိမ့်မှု ပိုရတယ်တဲ့။ သူ သိချင်တာတွေ အများကြီး ရှိလို့ ကျွန်မဆီ လာလည်လို့ရမလားဆိုပြီး မေးတယ်” လို့ အာမာ ပြောပြတယ်။

ယေဟောဝါသက်သေ မဟုတ်တဲ့ အသိတစ်ယောက် ရပ်ဝေးကို ပြောင်းရွှေ့သွားတဲ့အခါ သူ့ဆီ စာရေးဖို့ မှာတယ်။ “အဲဒီအမျိုးသမီးက ကျွန်မ ရေးသမျှ စာတွေကို သိမ်းထားတယ်။ သူဆုံးသွားတဲ့နောက် သမီးဖြစ်သူက ကျွန်မဆီ ဖုန်းဆက်တယ်။ သူ့အမေဆီ ကျွန်မ ရေးတဲ့ စာတွေကို ဖတ်ကြည့်တဲ့အကြောင်း ပြောပြီး ကျမ်းစကားတွေပါတဲ့ စာတွေ သူ့ဆီကိုလည်း ရေးပို့ပေးနိုင်မလားလို့ မေးတယ်” ဆိုပြီး အာမာ ပြောပြတယ်။

အမှုဆောင်လုပ်ငန်းမှာ အာမာ တကယ် ပျော်ရွှင်နေပါတယ်။ “ဆက်အမှုဆောင်နိုင်ဖို့ ခွန်အားပေးပါလို့ ယေဟောဝါဆီ အသနားခံတယ်။ တစ်အိမ်တက်ဆင်း မသွားနိုင်တော့ပေမဲ့ ကျွန်မ တတ်နိုင်သလောက် အမှုဆောင်တယ်” လို့ ပြောပြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ