ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
ကြိုဆိုပါတယ်။
ဒီစာကြည့်တိုက်မှာ ယေဟောဝါသက်သေများရဲ့ စာပေတွေကို ဘာသာစကားမျိုးစုံနဲ့ ရှာဖွေလေ့လာနိုင်ပါတယ်။
စာပေတွေကို ကူးယူဖို့ jw.org ကို ဝင်ကြည့်ပါ။
ကြေညာချက်
အသစ်တင်ထားတဲ့ ဘာသာစကားများ– Betsimisaraka (Northern), Betsimisaraka (Southern), Konkomba, Matses, Mi'kmaq
  • ဒီနေ့

ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၁၅

ငါဟာ အာလဖနဲ့ ဩမေဃ ဖြစ်တယ်။ —ဗျာ. ၁:၈။

ဂရိ အက္ခရာမှာ အာလဖဟာ ဦးဆုံး ဖြစ်ပြီး ဩမေဃဟာ နောက်ဆုံး ဖြစ်တယ်။ ဒါကြောင့် “အာလဖနဲ့ သြမေဃ” လို့ ယေဟောဝါ ပြောတာဟာ တစ်ခုခုကို စပြီးရင် အောင်အောင်မြင်မြင် အဆုံးသတ်မယ်လို့ ပြောလိုက်တာပဲ။ အာဒံ၊ ဧဝကို ဖန်ဆင်းပြီးနောက် “သားသမီးတွေ အများကြီး မွေးကြ။ ကမ္ဘာမြေကို ပြည့်စေပြီး အုပ်ထိန်းကြ” လို့ ယေဟောဝါ ပြောတယ်။ (က. ၁:၂၈) “အာလဖ” လို့ ပြောလိုက်တဲ့ သဘောပါပဲ။ ရည်ရွယ်ချက်အတိုင်း အာဒံ၊ ဧဝရဲ့ စုံလင်ပြီး နာခံမှု ရှိတဲ့ သားစဉ်မြေးဆက်တွေ ကမ္ဘာမြေမှာ ပြည့်သွားပြီး ပရဒိသုအဖြစ် ပြောင်းလဲမယ့်အချိန်ဟာ “ဩမေဃ” လို့ ပြောမယ့်အချိန်ပဲ။ “ကောင်းကင်နဲ့ မြေကြီးကို၊ အဲဒါတွေပေါ် ရှိသမျှကို ဖန်ဆင်းပြီး” နောက် ရည်ရွယ်ချက် ကျိန်းသေ ပြည့်စုံလာမယ်ဆိုတာ အာမခံတယ်။ သတ္တမနေ့အကုန်မှာ လူတွေနဲ့ ကမ္ဘာမြေအတွက် ရည်ရွယ်ချက် ပြည့်စုံမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။—က. ၂:၁-၃။ w23.11 ၅ ¶၁၃-၁၄

ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၅

ကြာသပတေးနေ့၊ အောက်တိုဘာ ၁၆

ယေဟောဝါဘုရားရဲ့ လမ်းကို ရှင်းလင်းကြ။ တောကန္တာရမှာ ငါတို့ရဲ့ ဘုရားသခင်အတွက် လမ်းမကို ဖြောင့်ဖြူးအောင် လုပ်ကြ။ —ဟေရှာ. ၄၀:၃။

ဗာဗုလုန်ပြည်ကနေ အစ္စရေးပြည်ကို လေးလလောက် ခရီးကြမ်း နှင်ရမယ်။ ဒါပေမဲ့ လမ်းမှာ အတားအဆီး မှန်သမျှ ရှင်းထားမယ်လို့ ယေဟောဝါ ကတိပေးတယ်။ စွန့်လွှတ်ရမှာတွေ ရှိပေမဲ့ အစ္စရေးပြည် ပြန်လာရင် ကောင်းချီး အများကြီး ရမယ်ဆိုတာ သစ္စာရှိ ဂျူးတွေ သိကြတယ်။ ကောင်းချီးတစ်ခုကတော့ ဝတ်ပြုရေးနဲ့ ဆိုင်တယ်။ ဗာဗုလုန်ပြည်မှာ ယေဟောဝါရဲ့ ဗိမာန်တော် မရှိဘူး။ မောရှေပညတ် တောင်းဆိုတဲ့အတိုင်း ပူဇော်သက္ကာတွေ ဆက်သဖို့ ပလ္လင် မရှိဘူး။ ဆက်သပေးဖို့ စနစ်တကျ ဖွဲ့စည်းထားတဲ့ ပုရောဟိတ်တွေ မရှိဘူး။ ဒါ့အပြင် ယေဟောဝါဘုရားနဲ့ ဘုရားစံနှုန်းတွေကို အလေးမထားတဲ့ အယူမှား အမျိုးသား/သမီးတွေကြားမှာ ဘုရားလူမျိုး မြုပ်နေတယ်။ ဒါကြောင့် ယေဟောဝါကို ချစ်တဲ့ ဂျူးတွေကတော့ နေရင်းပြည် ပြန်ဖို့ စိုင်းပြင်းနေကြပြီ။ အဲဒီကို ရောက်မှ စင်ကြယ်တဲ့ ဝတ်ပြုရေး ပြန်ထွန်းကားအောင် လုပ်နိုင်ကြမှာ။ w23.05 ၁၄-၁၅ ¶၃-၄

ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၅

သောကြာနေ့၊ အောက်တိုဘာ ၁၇

အလင်းရဲ့ သားသမီးတွေအဖြစ် လျှောက်လှမ်းနေကြပါ။—ဧ. ၅:၈။

“အလင်းရဲ့ သားသမီးတွေအဖြစ်” ဆက်ပြုမူနိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော်ရဲ့ အကူအညီ လိုတယ်။ အကျင့်ပျက် လောကမှာ သန့်ရှင်းမြဲ သန့်ရှင်းနေဖို့ မလွယ်လို့ပဲ။ (၁ သက်. ၄:၃-၅၊ ၇၊ ၈) ဘုရားအတွေးအခေါ်နဲ့ မညီတဲ့ လောကအတွေးအခေါ်တွေ၊ အမြင်တွေကို တွန်းလှန်ဖို့ သန့်ရှင်းသော စွမ်းအားတော် ကူညီပေးနိုင်တယ်။ “ကောင်းမြတ်” နေဖို့၊ “ဖြောင့်မတ်” နေဖို့လည်း ကူညီပေးနိုင်တယ်။ (ဧ. ၅:၉) စွမ်းအားတော် ရနိုင်တဲ့ တစ်နည်းကတော့ ဆုတောင်းခြင်းပါပဲ။ “တောင်းတဲ့သူတွေကို သန့်ရှင်းသော စွမ်းအားတော်” ယေဟောဝါ ပေးမယ်လို့ ယေရှု ပြောတယ်။ (လု. ၁၁:၁၃) အစည်းအဝေးမှာ ယေဟောဝါကို အတူတကွ ချီးမွမ်းတဲ့အခါလည်း စွမ်းအားတော် ရတယ်။ (ဧ. ၅:၁၉၊ ၂၀) သန့်ရှင်းသော စွမ်းအားတော် သက်ရောက်နေရင် သန့်ရှင်းတဲ့ ဘဝပုံစံနဲ့ နေနိုင်မယ်။ w24.03 ၂၃-၂၄ ¶၁၃-၁၅

ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၅
ကြိုဆိုပါတယ်။
ဒီစာကြည့်တိုက်မှာ ယေဟောဝါသက်သေများရဲ့ စာပေတွေကို ဘာသာစကားမျိုးစုံနဲ့ ရှာဖွေလေ့လာနိုင်ပါတယ်။
စာပေတွေကို ကူးယူဖို့ jw.org ကို ဝင်ကြည့်ပါ။
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ