ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၁ စာ. ၈
  • ကောင်းကင်နဲ့ မြေကြီးကို ဘုရားသခင် ဖန်ဆင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကောင်းကင်နဲ့ မြေကြီးကို ဘုရားသခင် ဖန်ဆင်း
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရာဝတ္ထုတွေကို ဘုရားသခင်စပြီး ဖန်ဆင်းတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • တိရစ္ဆာန်များ
    နိုးလော့!—၂၀၁၅
  • လှလိုက်တဲ့ ဥယျာဉ်ကလေး
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • အရာခပ်သိမ်းကို ဖန်ဆင်းတဲ့အရှင်
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၁ စာ. ၈
ဧဒင်ဥယျာဉ်

သင်ခန်းစာ ၁

ကောင်းကင်နဲ့ မြေကြီးကို ဘုရားသခင် ဖန်ဆင်း

ယေဟောဝါဘုရားဟာ ဖန်ဆင်းရှင်ဖြစ်တယ်။ မြင်နိုင်တဲ့အရာတွေ၊ မမြင်နိုင်တဲ့အရာတွေအားလုံး ဘုရား ဖန်ဆင်းထားတာ။ မြင်နိုင်တဲ့အရာတွေကို မဖန်ဆင်းခင် ကောင်းကင်တမန် အများကြီးကို ဖန်ဆင်းတယ်။ ကောင်းကင်တမန်ဆိုတာ ဘာလဲ သိလား။ သူတို့ဟာ လူမျက်စိနဲ့ မမြင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ။ ဘုရားကို မမြင်နိုင်သလိုပေါ့။ ယေဟောဝါဟာ အရင်ဆုံးဖန်ဆင်းတဲ့ ကောင်းကင်တမန်နဲ့အတူ ကြယ်တွေ၊ ဂြိုဟ်တွေနဲ့ တခြားအရာအားလုံးကို ဖန်ဆင်းတယ်။ အဲဒီဂြိုဟ်တွေထဲမှာ လူတွေနေထိုင်တဲ့ သိပ်လှတဲ့ ဒီကမ္ဘာမြေလည်း ပါတယ်။

ယေဟောဝါဟာ ဒီကမ္ဘာမြေကို လူတွေနဲ့ တိရစ္ဆာန်တွေ နေနိုင်ဖို့ ပြင်ဆင်ထားတယ်။ နေကနေ အလင်းရောင်ရဖို့ လုပ်ပေးတယ်။ တောင်တွေ၊ သမုဒ္ဒရာတွေနဲ့ မြစ်ချောင်းတွေကိုလည်း ဖန်ဆင်းတယ်။

ပြီးတော့ ဘာဖြစ်လဲသိလား။ ယေဟောဝါက ‘မြက်ပင်တွေ၊ သစ်ပင်တွေကို ငါ ဖန်ဆင်းမယ်’ လို့ပြောတယ်။ ဒါနဲ့ပဲ သီးပင်တွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပန်းပင်တွေ အမျိုးမျိုး ပေါက်လာရော။ ဒီနောက် ပျံနိုင်တဲ့၊ ရေကူးနိုင်တဲ့၊ တွားသွားနိုင်တဲ့ တိရစ္ဆာန်တွေကို ဖန်ဆင်းလိုက်တယ်။ ယုန်လို တိရစ္ဆာန် သေးသေးလေးတွေ၊ ဆင်လို တိရစ္ဆာန် အကြီးကြီးတွေကိုလည်း ဖန်ဆင်းသေးတယ်။ ဘယ်တိရစ္ဆာန်ကို အချစ်ဆုံးလဲ။

ယေဟောဝါက “လူကို ဖန်ဆင်းကြစို့” လို့ အရင်ဆုံး ဖန်ဆင်းခဲ့တဲ့ ကောင်းကင်တမန်ကို ပြောတယ်။ လူတွေဟာ တိရစ္ဆာန်တွေနဲ့ မတူဘူး။ သူတို့က တီထွင်ဖန်တီးနိုင်တယ်။ စကားပြောနိုင်၊ ရယ်နိုင်၊ ဆုတောင်းနိုင်ကြတယ်။ ကမ္ဘာမြေကြီးနဲ့ တိရစ္ဆာန်တွေကို သူတို့ ကြည့်ရှုစောင့်ရှောက်ရမယ်။ ပထမဆုံး လူသားက ဘယ်သူလဲ သိကြလား။ နောက်အခန်းမှာ ဆက်ကြည့်ရအောင်။

“အစအဦးမှာ ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတယ်။” —ကမ္ဘာဦး ၁:၁

မေးခွန်း– ယေဟောဝါ ဘုရားက ဘယ်သူလဲ။ ယေဟောဝါ ဘာတွေ ဖန်ဆင်းပေးသလဲ။

ကမ္ဘာဦး ၁:၁-၂၆။ ပညာအလိမ္မာ ၈:၃၀၊ ၃၁။ ယေရမိ ၁၀:၁၂။ ကောလောသဲ ၁:၁၅-၁၇

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ