ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၉၆ စာ. ၂၂၄-စာ. ၂၂၅ ပိုဒ်. ၂
  • ယေရှုက ရှောလုကို ရွေးချယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုက ရှောလုကို ရွေးချယ်
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ညှဉ်းပန်းနှိပ်စက်သူ—ကြီးစွာသောအလင်းမြင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ဒမာသက်မြို့သွားတဲ့လမ်းပေါ်မှာ
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • အသင်းတော်ဟာ “ငြိမ်သက်အေးချမ်း” နေတယ်
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • ရှောလု၏ဟောပြောခြင်းက ရန်လိုမှုကိုနှိုးဆွပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၉၆ စာ. ၂၂၄-စာ. ၂၂၅ ပိုဒ်. ၂
အလင်းတန်းတစ်ခု ရှောလုအပေါ်မှာ ထွန်းလင်းသွား

သင်ခန်းစာ ၉၆

ယေရှုက ရှောလုကို ရွေးချယ်

ရှောလုဟာ တာရှုမြို့မှာမွေးတဲ့ ရောမနိုင်ငံသားဖြစ်တယ်။ သူဟာ ဂျူးပညတ်ကို ကျွမ်းကျင်တဲ့ ဖာရိရှဲဖြစ်ပြီး ခရစ်ယာန်တွေကို မုန်းတယ်။ ခရစ်ယာန်အမျိုးသား၊ အမျိုးသမီးတွေကို အိမ်ထဲကနေ ဆွဲထုတ်ပြီး ထောင်ချတယ်။ တပည့်တစ်ဦးဖြစ်တဲ့ သတေဖန်ကို လူအုပ်က ဒေါသတကြီး ကျောက်ခဲနဲ့ပေါက်သတ်နေချိန်မှာ ရှောလု ရပ်ကြည့်နေခဲ့တယ်။

ရှောလုဟာ ဂျေရုဆလင်မြို့က ခရစ်ယာန်တွေကိုပဲ ထောင်ချရတာ အားမရသေးဘူး။ ဒမတ်စကတ်မြို့က ခရစ်ယာန်တွေကို ဖမ်းဆီးဖို့ ပုရောဟိတ်မင်းဆီမှာ ခွင့်တောင်းတယ်။ မြို့နားရောက်တဲ့အခါ အလင်းတန်းတစ်ခု သူ့အပေါ်မှာ ထွန်းလင်းသွားတဲ့အခါ မြေပေါ် သူလဲကျသွားတယ်။ ‘ရှောလု၊ ငါ့ကို ဘာလို့နှိပ်စက်နေတာလဲ’ ဆိုတဲ့ အသံတစ်သံ ကြားလိုက်တော့ ရှောလုက ‘ဘယ်သူလဲ’ လို့ပြန်မေးတာနဲ့ ‘ငါဟာ ယေရှုပဲ။ ဒမတ်စကတ်မြို့ထဲ ဝင်သွားပါ။ အဲဒီမှာ ဘာလုပ်ရမယ်ဆိုတာ သိရလိမ့်မယ်’ တဲ့။ ဒီအခါ ရှောလု မျက်စိမမြင်တော့လို့ မြို့ထဲကို တွဲခေါ်သွားပေးရတယ်။

ဒမတ်စကတ်မြို့မှာ အာနနိဆိုတဲ့ သစ္စာရှိခရစ်ယာန်တစ်ဦး ရှိတယ်။ စိတ်အာရုံထဲမှာ ယေရှုက သူ့ကို ‘လမ်းဖြောင့်ကိုသွားပါ။ ရှောလုကို ယုဒအိမ်မှာ သွားရှာပါ’ လို့ပြောတော့ သူက ‘သခင်၊ သူ့အကြောင်း အားလုံး ကျွန်တော် သိတယ်။ သခင့်ရဲ့တပည့်တွေကို ထောင်ချနေတာ’ လို့ပြောတယ်။ ယေရှုက ‘သွားပါ။ လူမျိုးခြားတွေဆီ သတင်းကောင်းသွားဟောဖို့ ရှောလုကို ရွေးထားပြီ’ လို့ပြောတယ်။

အလင်းတန်းကို မြင်ပြီးနောက် ရှောလု မျက်စိမမြင်ရတော့

ဒါနဲ့ ရှောလုကို အာနနိ တွေ့တဲ့အခါ ‘ညီအစ်ကို ရှောလု၊ ခင်ဗျားမျက်စိပြန်မြင်လာဖို့ ကျွန်တော့်ကို ယေရှု လွှတ်လိုက်တာ’ လို့ပြောတယ်။ ချက်ချင်းပဲ ရှောလု ပြန်မြင်လာတယ်။ ယေရှုအကြောင်း သင်ယူပြီး တပည့်ဖြစ်လာတယ်။ နှစ်ခြင်းခံပြီးတော့ ရှောလုဟာ ခရစ်ယာန်ချင်းတွေနဲ့အတူ တရားဇရပ်တွေမှာ စဟောတော့တယ်။ ယေရှုအကြောင်း သွန်သင်ပေးနေတဲ့ ရှောလုကို ဂျူးတွေမြင်ပြီး ဘယ်လောက်အံ့ဩမလဲ တွေးကြည့်ပါဦး။ သူတို့က ‘ဒီလူဟာ ယေရှုတပည့်တွေကို ဒုက္ခပေးခဲ့တဲ့သူ မဟုတ်လား’ လို့ ပြောကြတယ်။

ဒမတ်စကတ်မြို့ကလူတွေကို သုံးနှစ်လောက် ရှောလု ဟောပြောတယ်။ ဂျူးတွေဟာ ရှောလုကို မုန်းပြီး သတ်ဖို့ကြံစည်ကြတယ်။ ဒီအကြံကို ညီအစ်ကိုတွေသိတော့ ရှောလုကို တောင်းထဲထည့်ပြီး မြို့ရိုးပြတင်းပေါက်ကနေ လျှောချပေးလိုက်တယ်။

ဂျေရုဆလင်မြို့ကို ရှောလုရောက်တဲ့အခါ ညီအစ်ကိုတွေနဲ့ ပူးပေါင်းချင်ပေမဲ့ ညီအစ်ကိုတွေက ရှောလုကို ကြောက်ကြတယ်။ ဗာနဗဆိုတဲ့ ကြင်နာတတ်တဲ့ တပည့်တစ်ယောက်က ရှောလုကို တမန်တော်တွေဆီခေါ်သွားပြီး ရှောလု တကယ်ပြောင်းလဲသွားပြီဆိုတာ အာမခံပေးတယ်။ ရှောလုက ဂျေရုဆလင် အသင်းတော်နဲ့အတူ သတင်းကောင်းကို ရဲရဲရင့်ရင့် စဟောတော့တယ်။ နောက်ပိုင်း သူ့ကို ပေါလုလို့ ခေါ်ကြတယ်။

‘အပြစ်ရှိသူတွေကို ကယ်တင်ဖို့ ဒီလောကကို ခရစ်တော်ယေရှု ဆင်းလာတယ်။ အပြစ်ရှိသူတွေထဲမှာ ငါဟာ အပြစ်အများဆုံးပဲ။’—၁ တိမောသေ ၁:၁၅

မေးခွန်း– ခရစ်ယာန်တွေ ရှောလုကို ဘာလို့ ကြောက်ကြတာလဲ။ သူ ဘာလို့ပြောင်းလဲသွားတာလဲ။

တမန်တော် ၇:၅၄–၈:၃။ ၉:၁-၂၈။ ၁၃:၉။ ၂၁:၄၀–၂၂:၁၅။ ရောမ ၁:၁။ ဂလာတိ ၁:၁၁-၁၈

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ