ဧဝံဂေလိသတင်းဟောသူ၏လုပ်ငန်းကို လုပ်ဆောင်
၁ အရာရာ၌ သတိရှိရန်၊ ဧဝံဂေလိသတင်းဟောသူလုပ်ငန်းကိုလုပ်ကိုင်ရန်၊ ဓမ္မအမှုကို အကုန်အစင်ပြုရန် တိမောသေအားပေါလုမှာကြားခဲ့သည်။ (၂ တိ၊ ၄:၅) ကြီးသည်ငယ်သည်မရွေး၊ သမ္မာတရားတွင်လူသစ်ဖြစ်စေ၊ ဟောပြောခြင်းလုပ်ငန်းတွင်အတွေ့အကြုံများသူဖြစ်စေ၊ ဧဝံဂေလိသတင်းဟောခြင်းလုပ်ငန်းတွင် အပြည့်အဝပါဝင်လိုကြပါသည်။
၂ ဒီဇင်ဘာလအတွင်း သတင်းကောင်းဟောစဉ် ပရဒိသုဖြစ်ပေါ်စေမည့် ဘုရားသခင့်အစိုးရ၊ ကမ္ဘာသားဘဝထာဝရစံစားကြ၊ “ကြည့်ရှုလော့၊ ငါသည်ခမ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်” အသင်းမ၏ရုပ်ပြစာစောင်များကို ဝေငှကြမည်။ ဤစာစောင်များကို အချိန်ယူဖတ်ရှုလေ့လာထားမည်ဆိုလျှင် ၄င်းတို့ကို ထိရောက်စွာဝေငှနိုင်မည်။
၃ ဘုရားအစိုးရ စာစောင်– ယောဟန် ၁၇:၃ ကိုဖတ်ပြီး ဘုရားသခင်နှင့်ယေရှုကိုသိကျွမ်းခြင်းသည် ထာဝရအသက်ရစေမည့်အကြောင်း တင်ပြပြီးနောက် ကမ္ဘာပေါ်ထာဝစဉ်အသက်ရှင်ခြင်းအကြောင်း စဉ်းစားဖူးသလောဟု အိမ်ရှင်အားမေးမြန်းပါ။ ဖြေခွင့်ပြုပါ။ ထိုနောက် စာစောင်၏စာမျက်နှာ ၃ သို့ဖွင့်ကာ စံပြဆုတောင်းချက်ကို အနည်းအကျဉ်းဖတ်ပြ၍ ကမ္ဘာမြေကြီးပေါ် ဘုရားသခင့်အလိုတော်ဖြစ်မြောက်ရမည်အကြောင်း အလေးအနက်တင်ပြပါ။ ထိုနောက် အပိုဒ် ၁ ကိုအဆုံးထိဖတ်ပြီး နိုင်ငံတော်အားဖြင့် ဘဝပြဿနာများကိုဘုရားသခင်ဖြေရှင်းပေးမည့်အကြောင်း တင်ပြပါ။ ဤအချိန်တွင် စာစောင်ကိုဝေငှနိုင်မည်။ သို့မဟုတ် စာမျက်နှာ ၂၈ နှင့် ၂၉ သို့ဖွင့်ပြီး လူသားတို့အတွက် ဘုရားသခင့်နိုင်ငံတော်အစိုးရ ခံစားစေမည့်ကောင်းချီးအချို့ကိုတင်ပြကာ စာစောင်ကို ၃ ကျပ် ဖြင့်ဝေငှနိုင်ပါသည်။
၄ ကမ္ဘာသားဘဝ စာစောင်– ဤရုပ်ပြစာစောင်ကိုဝေငှရာတွင် သုံးနေကျ အပြန်အလှန်စကားအတွက်အကြောင်းအရာကို အသုံးပြုနိုင်မည်။ သို့မဟုတ် အခြားလွယ်ကူသောတင်ဆက်နည်းကိုအသုံးပြုလိုမည်။ မိမိကိုယ်ကိုမိတ်ဆက်ပြီးနောက် လူတိုင်းအတွက် အစာရေစာအလျှံပယ်ရှိမည့်အချိန် ရောက်လာနိုင်မနိုင် စဉ်းစားဖူးသလောဟုမေးမြန်းပါ။ မိသားစုတိုင်း ကိုယ်ပိုင်အိမ်တွင် ငြိမ်းချမ်းသာယာစွာနေနိုင်မည့်အချိန် ရောက်လာမည်လော။ အိမ်ရှင်၏အဖြေကိုရပြီးနောက် ရုပ်ပြစာစောင်တွင် ရုပ်ပုံ ၄၇ သို့ဖွင့်ပြပါ။ ထိုတွင်တင်ပြထားသည့် အားရစရာအခြေအနေများ ကမ္ဘာပေါ်မည်သို့ဖြစ်ပေါ်လာမည်အကြောင်း ရှင်းပြပါ။ အခွင့်အရေးရလျှင် ရုပ်ပုံ ၄၇ ပါကျမ်းချက်များကို အိမ်ရှင်နှင့်အတူသုံးသပ်ပါ။ ကမ္ဘာပေါ်ထာဝစဉ်အသက်ရှင်နိုင်ရန် ကျွန်ုပ်တို့ဘာလုပ်ရမည်အကြောင်း ဤစာစောင်တင်ပြမည်ဟု သူ့အားပြောပြနိုင်သည်။ ၃ ကျပ် ဖြင့်ဝေငှပါ။
၅ “ကြည့်ရှုလော့” စာစောင်– သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သည်ဟု အသိအမှတ်မပြုသူ သန်းပေါင်းများစွာရှိသည်။ ဤကဲ့သို့သောသူတို့အားကူညီပေးရန် ဤစာစောင်ကိုပြင်ဆင်ထားသည်။ မိမိကိုယ်ကိုမိတ်ဆက်ပြီးနောက် သမ္မာကျမ်းစာသည် ပရဒိသုအကြောင်းရှင်းပြသည့် တစ်ခုတည်းသောဘာသာရေးစာစောင်ဖြစ်ကြောင်း အိမ်ရှင်သိမသိမေးမြန်းပါ။ သူ့အဖြေကိုစောင့်ပါ။ ထိုနောက် ဗျာဒိတ် ၂၁:၄ ကိုအတူတူဖတ်ကာ ပရဒိသုသည် အဘယ်နေရာမျိုးဖြစ်မည်ကို သိစေပါ။ စာမျက်နှာ ၃ အပိုဒ် ၁ ကို မျက်နှာဖုံးရုပ်ပုံနှင့်အတူ ယှဉ်၍လေ့လာပါ။ ပရဒိသုအကြောင်းပိုမိုသိရှိရန် ဤစာစောင်ကို ၃ ကျပ် ဖြင့်ယူထား၍လေ့လာကြည့်ဖို့ အိမ်ရှင်အားတိုက်တွန်းပါ။
၆ ဒီဇင်ဘာလအတွင်း ဧဝံဂေလိသတင်းဟောခြင်းလုပ်ငန်း၌ပါဝင်စဉ် ရုပ်ပြစာစောင်များကို ဝေငှနိုင်ကြပါမည်။ သားသမီးများအတွက် လွယ်ကူသောဟောပြောချက်ကို မိဘများပြင်ဆင်ထားနိုင်ပါသည်။ လူသစ်များအနေနှင့် ပြောဆိုရန်လွယ်ကူသောတင်ဆက်နည်းကို ရွေးချယ်ထားနိုင်ပါသည်။ ဧဝံဂေလိသတင်းဟောသူများအလုပ်ကို ဇွဲလုံ့လနှင့်လုပ်ကိုင်ကာ ရုပ်ပြစာစောင်များပါ ကျေနပ်ဖွယ်ရာအကြောင်းများကို လူများစွာအားကြားနာစေရန် အတတ်နိုင်ဆုံးကြိုးစားကြပါစို့။—၁ တိ၊ ၂:၃၊ ၄။