သတင်းကောင်းဝေငှခြင်း—နိုးလော့ မဂ္ဂဇင်းများနှင့်
၁ ယေရှုက “အစဉ်ဆုတောင်းလျက် စောင့်နေကြလော့” ဟုမိန့်တော်မူခဲ့သည်။ (လု၊ ၂၁:၃၆ခ) ကျွန်ုပ်တို့ရပ်ကွက်တွင် ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို ဟောပြောနေမည်၊ စည်းဝေးအားလုံးကိုတက်မည်၊ အစဉ်ဆုတောင်းလျက်နေမည်ဆိုလျှင် ထိုသို့ပြုနေရာရောက်မည်။
၂ စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့်ဘုရားသခင်ကိုချစ်ရန်၊ ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ရန်လည်း ယေရှုမှာကြားထားသည်။ ဘုရားသခင်ကိုကျွန်ုပ်တို့တကယ်ချစ်မည်ဆိုလျှင် ကိုယ်တော်၏နာမတော်ကို အဆက်မပြတ်ထင်ရှားစေကြမည်။ ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်မည်ဆိုလျှင်လည်း အလွန်နီးကပ်နေသည့် ဖျက်ဆီးခြင်းဘေးကိုအစဉ်စောင့်မျှော်နေရန် သူတို့အားကူညီပေးကြမည်။ ထိုသို့ပြုလုပ်နိုင်ရန် စာအုပ်စာတမ်းမြောက်မြားစွာကို ဘုရားသခင်ပေးထားတော်မူ၏။ ၁၉၉၁ ဇန်နဝါရီလကတည်းက လူတို့နိုးကြားနေကြရန် မြန်မာစကားဖြင့် နိုးလော့ မဂ္ဂဇင်းရထားပါသည်။
၃ မြန်မာဖြင့်ဤမဂ္ဂဇင်းအသစ်ကို တန်ဖိုးထားကြောင်းပြခြင်းငှာ နိုးလော့ မဂ္ဂဇင်းများကို ဝီရိယစိုက်ထုတ်အသုံးပြုကြစို့။ သင်တို့သိသည်အတိုင်းပင် ပထမစာစောင် (၁၉၉၁ ဇန်နဝါရီလထုတ်) ၌ ဆေးလိပ်သောက်သုံးခြင်းအန္တရာယ်ဆိုင်ရာဆောင်းပါးများပါသည်။ ကျွန်ုပ်တို့ဤသို့သာပြောဆိုနိုင်၏။ “ဆေးလိပ်သောက်သုံးခြင်းအားဖြင့် အချိန်မတိုင်မီသေရခြင်း၊ မလိုလားသောဖျားနာမှုများရခြင်း၏အန္တရာယ်ကို လူတို့သိရှိလာစေရန် ကျွန်ုပ်တို့အဖွဲ့အစည်းကကူညီပေးလိုပါသည်။ ဥပမာ၊ ဤမဂ္ဂဇင်း၏စာမျက်နှာ ၅၊ ၇၊ ၁၀ ကိုကြည့်ပါ။ ဤမဂ္ဂဇင်းကို ၄ ကျပ်ဖြင့်သာဝယ်ယူဖတ်ရှုနိုင်ပါသည်။”
၄ ကျပ် ၄၀ ဖြင့်နှစ်စဉ်ကြေးပေးရယူနိုင်ကြောင်းလည်းပြောပြနိုင်သည်။ ယင်းသည် လစဉ်ထုတ်မဂ္ဂဇင်းဖြစ်ကြောင်း၊ အခန့်သင့်ဆောင်းပါးအမျိုးမျိုးဖတ်ရှုရမည်အကြောင်း ရှင်းပြပါ။ ပြုလုပ်စရာကား နှစ်စဉ်ကြေးပုံစံစာရွက်များဖြည့်ပြီး ကျပ် ၄၀ ပေးရုံဖြင့် မဂ္ဂဇင်း ၁၂ စောင်ရရှိမည်အကြောင်း ပြောပြပါ။
၅ ဤမဂ္ဂဇင်းကို ယင်း၏တွဲဖက်မဂ္ဂဇင်းနှင့်အတူ ကျပ် ၈ ဖြင့်သော်လည်းကောင်း၊ နိုးလော့ ၅ စောင်ကိုကျပ် ၂၀ ဖြင့်လည်းကောင်း ဝေငှနိုင်ပါသည်။ သင်နှင့်အတူ မဂ္ဂဇင်းများများသာဆောင်ယူသွားပါ။ နိုးလော့ကို လူတိုင်းနှင့်လွယ်ကူစွာဝေငှနိုင်ပါသည်။ ဘတ်စ်ကားစီးစဉ်၊ ကျောင်းသို့မဟုတ်အလုပ်ခွင်တွင် ယင်းကိုဝေငှနိုင်ပါသည်။ ဘတ်စ်ကား၊ ရထား၊ လေယာဉ်ပျံပေါ် အခြားခရီးသည်တစ်ဦးနှင့်ယှဉ်ထိုင်နေစဉ် နိုးလော့မဂ္ဂဇင်းကိုဖတ်နေပြီး ဆေးလိပ်သောက်သုံးခြင်းအန္တရာယ်အကြောင်း ထိုသူအားပြောပြနိုင်သည်။ “ယင်းအကြောင်းအသေးစိတ်သိလိုလျှင် ၄ ကျပ်ဖြင့်သာဝယ်ယူနိုင်ပါသည်” ဟူ၍သာပြောရုံဖြင့် ဝေငှနိုင်မည်။
၆ နိုးလော့မဂ္ဂဇင်းသည် ၁၉၁၉ ခုနှစ်ကအင်္ဂလိပ်စကားဖြင့် စထုတ်ဝေချိန်ကတည်းက ဘုရားသခင်၏လူမျိုးအတွက် များစွာအကူအညီဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း ကျွန်ုပ်တို့အတွက် အကူအညီဖြစ်ပါလေစေ။