ကြိုတင်ပြင်ဆင်မှုသည် ရွှင်လန်းမှုကို ဖြစ်စေ၏
၁ လယ်ကွင်းဓမ္မအမှုတွင်ပါဝင်ခြင်းက ကျွန်ုပ်တို့အား ကြီးစွာသောရွှင်လန်းမှုကိုဖြစ်စေ၏။ (ဆာ. ၈၉:၁၅၊ ၁၆) မှန်ပါသည်၊ ပြင်ဆင်မှုသည် ရွှင်လန်းမှုအပြည့်အဝခံစားရစေနိုင်သည့် သော့ချက်တစ်ခုဖြစ်၏။ ပြင်ဆင်မှုပိုကောင်းလေလေ၊ ပို၍အောင်မြင်လေလေဖြစ်ကာ ပို၍အောင်မြင်လေလေ ပို၍ရွှင်လန်းမှုခံစားရလေလေဖြစ်သည်။
၂ ပြင်ဆင်ပေးထားသည့် ကိရိယာများကို အသုံးပြုပါ– ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုပါအကြောင်းအရာကို ဖတ်ရှုကာ ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းဖြင့် သင့်ပြင်ဆင်မှုကို အစပြုပါ။ ယင်းက နိုင်ငံတော်သတင်းတရားကို အလွယ်တကူနှင့် ထိရောက်စွာတင်ဆက်နိုင်ရန် သင့်ကိုကူညီပေးဖို့ဖန်တီးထားသည့် ကောင်းစွာကြိုတင်စီစဉ်ထားသောတင်ဆက်မှုများကို ပြင်ဆင်ပေးလေ့ရှိ၏။ ဖြစ်ရိုးဖြစ်စဉ်ကန့်ကွက်မှုများအတွက် ဖြေရှင်းနည်းဆိုင်ရာစံနမူနာများကို သင်တွေ့ရပါလိမ့်မည်။ အိမ်တွင်းကျမ်းစာသင်အံမှုစရန်ပန်းတိုင်ဖြင့် ထိရောက်သောလည်ပတ်မှုတစ်ခုကို မည်သို့ပြုလုပ်ရမည်နှင့်စပ်လျဉ်း၍ တိကျသောအကြံပြုချက်များကိုပေးထားပါသည်။ ဤအကြံပြုချက်များကိုအသုံးပြုရာတွင် သင်အဆင်ပြေသည်အထိ ပြုပြင်ပြောင်းလဲခွင့်ရှိ၏။ ၎င်းအပြင် သင့်တွင် ကျယ်ပြန့်သည့်နိဒါန်းမျိုးစုံသာမက စကားဆက်ပြတ်စေနိုင်သူများအား တုံ့ပြန်ပုံများကိုပါဖော်ပြထားသည့် ကျိုးကြောင်းဆင်ခြင်စာအုပ်ရှိထားခြင်းကြောင့် သင်ကြုံတွေ့ရသည့်အခြေအနေများစွာတွင် ပို၍ထိထိရောက်ရောက်ရှိရန် အကူအညီရရှိပါမည်။
၃ သင်ဝေငှမည့်စာအုပ်ကို ကြည့်ရှုလေ့လာကာ အိမ်ရှင်ကိုပြနိုင်သည့် စိတ်ဝင်စားစရာအချက်ကောင်းတစ်ချက်နှစ်ချက်ကို ရွေးချယ်ပါ။ သင် ကြားခဲ့ရသည့် သို့မဟုတ် ဖတ်ခဲ့ရသည့် လှုံ့ဆော်မှုဖြစ်စေသောသတင်းတစ်ခုသည် စကားစမြည်စတင်ပြောဆိုဖို့ သင့်အား လမ်းဖွင့်ပေးနိုင်ပါသည်။ သင်တွေ့ ကြုံရဖွယ်ရှိသည့် ဖြစ်ရိုးဖြစ်စဉ်ကန့်ကွက်မှုများကို ကြိုမြင်ကာ သင်မည်သို့ပြန်ပြောရမည်ကို အနည်းငယ်စဉ်းစားထားပါ။ ထို့နောက် အိမ်တံခါးဝတွင် သင်ပြောရမည့်အရာများကို အချိန်အနည်းငယ်ယူ၍လေ့ကျင့်ပါ။
၄ လုပ်ငန်းတော်စည်းဝေးတိုင်းကိုတက်ပါ– ကန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင်တင်ပြထားသည့် အကြံပြုချက်များကို ဆွေးနွေးသုံးသပ်သရုပ်ပြသည့် လုပ်ငန်းတော်စည်းဝေးချိန်အတွင်း ဂရုတစိုက်နားထောင်ပါ။ သင်ဟောပြောရာတွင် ထည့်အသုံးပြုနိုင်သည့်အကြံပြုချက်များကို မှတ်ထားပါ။ ဓမ္မအမှုတွင် သင်ကြုံတွေ့ခဲ့ရသည့် ဖြစ်ရိုးဖြစ်စဉ်အခြေအနေအချို့ကို ပြန်အမှတ်ရကာ သင် ပိုမိုထိရောက်စွာသက်သေခံနိုင်သည့် နည်းလမ်းများကို စဉ်းစားပါ။ ယင်းတို့ကို စည်းဝေးမတိုင်မီနှင့်ပြီးနောက်တွင် အခြားကြေညာသူများအား ပြောပြပါ။
၅ သင်သည် “ကောင်းသောအမှုများအဖို့အလိုငှာ ပြင်ဆင်” မည်ဆိုလျှင် အခြားသူများအား အသက်လမ်းကိုတွေ့ရှိရန်ကူညီပေးရာတွင် ကြီးစွာသောရွှင်လန်းမှုနှင့် အောင်မြင်မှုတို့ဖြင့် ဆုချခံရမည်ကို စိတ်ချနိုင်သည်။—၂ တိ. ၂:၂၁။