အထူးအစည်းအဝေးနေ့အစီအစဉ်သစ်
၁၉၉၉ ခုနှစ်စက်တင်ဘာတွင်စတင်မည့် အထူးအစည်းအဝေးနေ့အစီအစဉ်၏ အဓိကအချက်မှာ “ဘုရားသခင်၏နက်နဲရာများထဲ စူးစမ်းရှာဖွေခြင်း” ဖြစ်သည်။ (၁ ကော. ၂:၁၀) အဘယ်တန်ဖိုးရှိအရာများကို ကျွန်ုပ်တို့သင်ယူရမည်နည်း။
အသိပညာကိုရှာဖွေရာတွင် များစွာသောသူတို့သည် မိမိတို့တွေ့ရှိသည့်အရာများအားဖြင့် လန်းဆန်းမှုမရရှိကြပါ။ တိုက်နယ်ကြီးကြပ်မှူးက “ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုစူးစမ်းရှာဖွေခြင်းသည် လန်းဆန်းမှုကိုဖြစ်စေ” ဟူ၍ခေါင်းစဉ်ရှိသော ဟောပြောချက်ကိုဟောပြောစဉ် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို အားအင်ပြည့်ဖြိုးစေသည်။ ဧည့်ဟောပြောသူသည် “နိုင်ငံတော်ဟောပြောခြင်းကို သင်မည်သို့ရှုမြင်သနည်း” ဟူသည့်မေးခွန်းကို ရည်ညွှန်းဟောပြောစဉ် ဘုရားသခင်၏နက်နဲရာများထဲ စူးစမ်းရှာဖွေခြင်းနှင့် သတင်းကောင်းဟောပြောခြင်းတို့စပ်ကြားရှိ ဆက်နွှယ်မှုကိုတင်ပြသွားပါမည်။
မိဘတို့သည် မိမိတို့၏သားသမီးများအား ဘုရားသခင့်နှုတ်ကပါဌ်တော်ထဲ နက်နက်တူးရန် မည်သို့ကူညီပေးနိုင်သနည်း။ “ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သင့်ကလေးများတွင်စွဲမြဲစေပါ” ဟူသည့်ဟောပြောချက်တွင် လက်တွေ့ကျအကြံပြုချက်များကို တင်ပြပါမည်။ ခရစ်ယာန်လူငယ်များသည် အသင်းတော်ရှိဝိညာဉ်ရေးရင့်ကျက်သူများနှင့်ပေါင်းသင်းခြင်းဖြင့် အကျိုးပြုသောနည်းဖြင့်သြဇာလွှမ်းမိုးခံရကြသည်။ “အသက်ကြီးသူများထံမှသင်ယူကြသောလူငယ်များ” ဟူသည့်အပိုင်းတွင် သူတို့ကို ကောင်းကျိုးပြုပုံနှင့်စပ်လျဉ်းသည့် နမူနာများကို ပေါ်လွင်စေပါမည်။
ကျွန်ုပ်တို့သည် ဤအချိန်အခါတွင် ဝှက်ထားသည့်ဝိညာဏဘဏ္ဍာကို အဘယ်ကြောင့် ဝီရိယရှိရှိစူးစမ်းရှာဖွေသင့်သနည်း။ ယေဟောဝါသည် လျှို့ဝှက်နက်နဲရာများကို ဖွင့်ပြတော်မူသောအရှင်ဖြစ်တော်မူ၏။ ဧည့်ဟောပြောသူက “ယေဟောဝါသည် နက်နဲရာများကို အဆင့်ဆင့်တိုး၍ဖွင့်ပြ” ဟူသည့်ဟောပြောချက်တွင် ရှေးခေတ်နှင့် မျက်မှောက်ခေတ်၌ ယေဟောဝါဖွင့်ပြခဲ့သည့်အရာများကို ရှင်းပြပါမည်။ ယင်းက ဆက်၍ “ဘုရားသခင်၏နက်နဲရာများထဲစူးစမ်းရှာဖွေ” ရန်ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကို ပို၍ခိုင်မာစေပါလိမ့်မည်။
တက်ရောက်ရန် ယခုစီစဉ်ပါ။ နှစ်ခြင်းခံခြင်းဖြင့် ယေဟောဝါအား ဆက်ကပ်အပ်နှံခြင်းအထိမ်းအမှတ်ကို တင်ပြလိုသူများသည် ဦးစီးကြီးကြပ်မှူးအား ဖြစ်နိုင်လျှင်ဖြစ်နိုင်ချင်း အကြောင်းကြားသင့်သည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို နှိုက်နှိုက်ချွတ်ချွတ်စူးစမ်းလိုသည့် ကျွန်ုပ်တို့၏ထက်သန်သောဆန္ဒသည် ကျွန်ုပ်တို့ကြားရသည့်အရာများအားဖြင့် ပို၍ပြင်းပြလာပါမည်။ ထို့ကြောင့် ဝိညာဏသွန်သင်ချက်ပေးမည့် ဤအထူးနေ့ကို လက်မလွတ်ပါစေနှင့်!