ဘာသာစကားအသီးသီးမှလူတို့ကို စုသိမ်းခြင်း
၁ ဘုရားသခင့်နှုတ်ကပါဌ်တော်သည် ပြည့်စုံလျက်ရှိ၏! “ဘာသာအသီးအသီးကို ပြောတတ်သောလူအမျိုးမျိုးတို့” မှလူတို့သည် စစ်မှန်သောဝတ်ပြုရေးကို လက်ခံနေကြသည်။ (ဇာ. ၈:၂၃) “ကြီးစွာသောဆင်းရဲဒုက္ခ” ကိုကပ်ကျော်ရန်အလားအလာဖြင့် ယေဟောဝါရှေ့ သန့်ရှင်းသောအနေအထားရရှိရန် “လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ” လူတို့အား ယေဟောဝါသက်သေများ မည်သို့ကူညီပေးနေသနည်း။—ဗျာ. ၇:၉၊ ၁၄။
၂ ဘုရားသခင့်အဖွဲ့အစည်း တုံ့ပြန်– အုပ်ချုပ်ရေးအဖွဲ့သည် သတင်းကောင်း၏အရေးကြီးမှုကို မြေတစ်ပြင်လုံးရှိလူများ ရှင်းလင်းစွာနားလည်နိုင်ရန် ဘာသာစကား ၃၈၀ ခန့်ဖြင့် ကျမ်းစာ,စာပေများရရှိနိုင်ရန် စီစဉ်ခဲ့သည်။ စာပေများကို ဘာသာစကားများစွာဖြင့် ပြင်ဆင်ထုတ်ဝေခြင်းသည် အလွန်ကြီးမားသည့် တာဝန်တစ်ရပ်ဖြစ်၏။ ၎င်းတွင် အရည်အချင်းရှိသော ဘာသာပြန်အဖွဲ့များစုစည်းခြင်း၊ ယင်းဘာသာစကားအားလုံးဖြင့် စာပေများကိုဘာသာပြန်ရန် လိုအပ်သည့်အကူအညီပေးခြင်းအပြင် ပုံနှိပ်ခြင်းနှင့် ထုပ်ပိုးတင်ပို့ခြင်း တို့ပါဝင်သည်။ သို့သော် အသက်ကယ်ဆယ်ရေးသတင်းကို လူတို့ထံသယ်ဆောင်ပေးသည့် နိုင်ငံတော်ကြေညာသူတစ်ဦးချင်းစီသည် အဓိကအခန်းကဏ္ဍမှပါဝင်ကြသည်။
၃ စိန်ခေါ်ချက်ကို လက်ခံခြင်း– ယခုအခါ နိုင်ငံခြားဘာသာစကားပြောသူ အတော်များများကို ဒေသများစွာတွင်တွေ့ရသည်။ ဤလူများထံ သတင်းကောင်းရောက်ရှိရန် ၎င်းတို့ဒေသတွင်အသုံးပြုသည့် တရုတ်၊ ရုရှား၊ စပိန် သို့မဟုတ် အခြားဘာသာစကားတစ်ခုခုကို သင်ယူဖို့ကြိုးစားနေသော ဘုရားသခင့်ကျေးကျွန်များ တစ်နေ့တခြားတိုးများလာသည်။ အခြားသူတို့သည် အမေရိကန်လက်ဟန်ပြစကားကို သင်ယူနေကြသည်။ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းတွင် အင်္ဂလိပ်အပြင်အခြား ၃၈ ဘာသာစကားဖြင့် ဟောပြောနေသော အသင်းတော် ၂,၉၀၀ နှင့် အုပ်စု ၂၄၀ ခန့်ရှိသည်။ ယေဟောဝါအကြောင်း တစ်ခါမျှမကြားဖူးသူ သို့မဟုတ် သမ္မာကျမ်းစာအကြောင်း လုံးဝမသိခဲ့သူအချို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာတရားကို လက်ခံနေကြသည်။—ရော. ၁၅:၂၁။
၄ ကျွန်ုပ်တို့၏ရပ်ကွက်ရှိ အခြားယဉ်ကျေးမှုမှလာသူများထံ သတင်းကောင်းကြေညာရာတွင် ပို၍အပြည့်အဝကြိုးစားပါဝင်နိုင်မည်လော။ (ကော. ၁:၂၅၊ ၂၆) နိုင်ငံခြားတိုင်းပြည်များရှိ အသင်းတော်များစွာသည် ဒေသခံနိုင်ငံခြားသားရပ်ကွက်တွင် ဟောပြောရန်စီစဉ်နေကြသည်။ ကြေညာသူများသည် “မင်္ဂလာပါ၊ မိတ်ဆွေအတွက် သတင်းကောင်းပါလာတယ်။ [ထို့နောက် ထိုဘာသာစကားဖြင့်ရရှိနိုင်သော ဝေစာ သို့မဟုတ် ဘရိုရှာတစ်စောင်ကိုဝေငှပါ။] သွားလိုက်ပါဦးမယ်” အစရှိသဖြင့် ရိုးရိုးကလေးတင်ဆက်ဖို့ ဘာသာစကားအတော်အသင့်တတ်ထားရန် ဦးဆုံးသင်ယူကြသည်။ ယေဟောဝါသည် ထိုကဲ့သို့သောသေးငယ်သည့် အစချီလုပ်ဆောင်မှုများကို အမှန်ကောင်းချီးပေးနေသည်!
၅ နိုင်ငံတော်သတင်းသည် နောက်ခံ၊ ဘာသာစကားအသီးသီးမှလူတို့အတွက် နှစ်သက်စရာဖြစ်သည်။ သူတို့အား ထိုသတင်းဝေငှရသည့်အခွင့်အရေးကို မလွတ်တမ်းအသုံးချကြစို့။