သီချင်း ၆၈
သနားစုံမက်သောဘုရား
၁။ စစ်မှန်ခရစ်ယာန် ပီသပါက သနားစုံမက်မှု
တို့ပြ ချစ်သူများနှင့် သူစိမ်းများအား၊
တို့မသိသေး သူတို့အား
ယေရှု တို့မြတ်ဆရာ၊
ရှင်းလင်းစွာ သိမြင်စေပါ
ပုံပမာဆောင်ပြကာ၊
ကြားနာရသူ လွန်ဝမ်းသာ
၂။ ရှမာရိတစ်ယောက်ခရီးမှာ၊
ယေရိခေါသို့သွားစဉ်ခါ
လမ်းပေါ်လဲ ကူညီမဲ့ယုဒ၊
လမ်းမှာ ဓားပြတိုက်ခံရ
ကူညီပေးဒုက္ခသည်၊
အကျိုးယုတ်ဖွယ် သူဘေးဖယ်
ကယ်ရာမေတ္တာရောက်လာ၊
ဘုရားပညတ်တော် ကျင့်ရာ
၃။ တို့စပ်ဆိုင်သူ ဘယ်ဝါရှင်းလှ၊
တို့ထံမှကူညီလိုလှ
ဘုရားကောင်းလှ မျိုးနွယ်စုံတွက်၊
မိုးနေရိပ်ပေးသနားလျက်
မြတ်ဘုရား ကရုဏာတော်၊
စင်စစ်ကောင်းလှ မိတ်ဆွေတော်
ကရုဏာတော်ပေါကြွယ်လှိုင်၊
ဤအချက်တို့အားထားနိုင်
၄။ စားဖွယ်ဝတ်ထည် တစ်ချိန်ခါကျ၊
နီးစပ်သူတို့အားပေးကြ
ပိုရေးကြီးရာကိုလိုနေဆဲ၊
သက်ရှင်နေဖွယ် စဉ်အမြဲ
ဘုရားနိုင်ငံပညာ၊
ဖြောင့်မတ်တရားနှင့် သစ္စာ
စပ်ဆိုင်သူထံဆောင်လာ၊
ဘုရားအားကောင်းချီးပေးမှာ