သင်ကြား၊ လှုံ့ဆော်၊ အားသစ်လောင်းပေးသည့် ကိရိယာ
ယေဟောဝါသက်သေများ—နာမည်နောက်ဝယ်ရှိအဖွဲ့အစည်း ဗီဒီယိုခွေကို ကြည့်ပြီးနောက် ဤမေးခွန်းများကို သင်ဖြေဆိုနိုင်မည်လော။ (၁) ယေဟောဝါသက်သေများကို အဘယ်အရာများကြောင့် လူသိများကြသနည်း။ (၂) ဗေသလတွင်လုပ်ဆောင်ပြီးမြောက်သမျှသည် မည်သည့်ကျမ်းချက်နှင့် ဆက်စပ်နေသနည်း။ (၃) စာအုပ်စာတမ်းများတွင်အသုံးပြုရန်အတွက် တင်ဆက်၊ ဓာတ်ပုံရိုက်၊ ပန်းချီဆွဲနေသည့် အဘယ်ကျမ်းစာပြကွက်ကို သင် တွေ့ခဲ့ရသနည်း။ (၄) ကျွန်ုပ်တို့၏စာပေများကို ပြင်ဆင်သည့်နည်းနှင့်ပတ်သက်၍ သင့်ကိုစွဲမှတ်စေသည့်အရာကား အဘယ်နည်း။ (၅) အသင်းမသည် ၁၉၂၀ မှ ၁၉၉၀ အထိ စာပေမည်မျှပုံနှိပ်ထုတ်ဝေခဲ့ပြီနည်း။ (၆) အထူးသဖြင့် ဘုရားသခင့်လူမျိုးတော်အလယ်တွင် မည်သူတို့သည် ဗေသလလုပ်ငန်းအတွက် အရည်အချင်းပြည့်မီရန် တက်လှမ်းသင့်သနည်း။ (သု. ၂၀:၂၉) (၇) ဗေသလမိသားစုသည် ယေဟောဝါသက်သေများအားလုံးအတွက် ပုံသက်သေကောင်းတစ်ရပ်ကို မည်သည့်နည်းများဖြင့် ချမှတ်ပေးသနည်း။ (၈) လူများနိုင်သလောက်များများထံ သတင်းကောင်းရောက်ရှိရန် ဗေသလ၌လုပ်ဆောင်နေသည့် လုပ်ငန်းနှင့်ပတ်သက်၍ သင့်ကိုစွဲမှတ်စေသည့်အရာကား အဘယ်နည်း။ (၉) ကမ္ဘာချီလုပ်ငန်းကို မည်သို့ငွေကြေးထောက်ပံ့သနည်း။ (၁၀) ကျွန်ုပ်တို့သည် အဘယ်လုပ်ငန်းကို စိတ်ထက်သန်စွာထောက်ပံ့နိုင်သနည်း၊ အဘယ်စိတ်ဓာတ်ဖြင့်နည်း (ယော. ၄:၃၅; တ. ၁:၈) (၁၁) ကျွန်ုပ်တို့၏နာမည်နောက်ဝယ်ရှိ အဖွဲ့အစည်းနှင့်ပတ်သက်၍ သင်မည်သို့ခံစားရသနည်း။ (၁၂) ဤဗီဒီယိုခွေကို ဓမ္မအမှုတွင် သင် မည်သို့အသုံးပြုနိုင်သနည်း။