ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၀၃ စာ. ၁
  • “ကိုယ်တိုင်အသင့်ရှိနေကြလော့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ကိုယ်တိုင်အသင့်ရှိနေကြလော့”
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာရုံမပျံ့လွင့်ဘဲယေဟောဝါအမှုတော်ကိုဆောင်လော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • အနှောင့်အယှက်များကိုရှောင်ကာ—အစဉ်နိုးကြားနေသလော
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ယေဟောဝါ၏နေ့အတွက် ကိုယ်တိုင်အသင့်ရှိနေလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • “ဒီဟာတွေထက် ကျွန်တော့်ကို ပိုချစ်သလား”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နဓ ၁၁/၀၃ စာ. ၁

“ကိုယ်တိုင်အသင့်ရှိနေကြလော့”

၁ ဤအစီအစဉ်စနစ်ဆုံးခန်းဆိုင်ရာ မိမိ၏မှတ်သားလောက်ဖွယ် ပရောဖက်ပြုချက်တွင် ယေရှုက လောကီရေးရာများတွင် အာရုံဝင်စားမနေရန် သတိပေးခဲ့သည်။ (မ. ၂၄:၃၆-၃၉; လု. ၂၁:၃၄၊ ၃၅) ကြီးစွာသောဒုက္ခသည် အချိန်မရွေးဖြစ်ပျက်လာနိုင်သောကြောင့် ယေရှု၏ဤသြဝါဒကို လိုက်နာရန် လုံးဝလိုအပ်သည်– “မထင်သောအချိန်နာရီ၌ လူသားကြွလာမည်ဖြစ်၍ ကိုယ်တိုင်အသင့်ရှိနေကြလော့။” (မ. ၂၄:၄၄၊ သမ) ဤကိစ္စနှင့်စပ်လျဉ်း၍ အဘယ်အရာက ကျွန်ုပ်တို့ကိုကူညီပေးနိုင်သနည်း။

၂ စိုးရိမ်မှုများနှင့် အာရုံပျံ့လွင့်မှုများကို တိုက်လှန်ခြင်း– ကျွန်ုပ်တို့သတိထားရမည့် ဝိညာဉ်ရေးအန္တရာယ်တစ်ခုမှာ “လောကီမှုရေးအတွက်စိုးရိမ်ပူပန်ခြင်း” ဖြစ်၏။ (လု. ၂၁:၃၄၊ သတင်းကောင်း) နိုင်ငံအချို့တွင် ဆင်းရဲနွမ်းပါးခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် နေထိုင်မှုစရိတ်မြင့်မားခြင်းတို့ကြောင့် ဘဝလိုအပ်ရာများရရှိဖို့ အခက်တွေ့ကြရသည်။ အခြားနိုင်ငံများတွင်မူ ရုပ်ပစ္စည်းများကို ရယူပိုင်ဆိုင်ခြင်းသည် အဆန်းမဟုတ်ချေ။ ရုပ်ပစ္စည်းများအပေါ် အလေးထားမှုက ကျွန်ုပ်တို့၏အတွေးအခေါ်ကို စတင်လွှမ်းမိုးလာလျှင် နိုင်ငံတော်ဖြစ်ရပ်မှန်များအပေါ် ဆက်၍အာရုံစိုက်ရန် ပျက်ကွက်နိုင်သည်။ (မ. ၆:၁၉-၂၄၊ ၃၁-၃၃) ခရစ်ယာန်အစည်းအဝေးများက ထိုအာရုံစိုက်မှုကို ထိန်းသိမ်းထားရန် ကူညီပေးနိုင်သည်။ အစည်းအဝေးတိုင်းကို တက်ရောက်ရန် သင် ပန်းတိုင်ထားသလော။—ဟေဗြဲ ၁၀:၂၄၊ ၂၅။

၃ ယနေ့လောကသည် အာရုံပျံ့လွင့်မှုများဖြင့် ပြည့်နှက်လျက်ရှိရာ ကျွန်ုပ်တို့၏တန်ဖိုးရှိအချိန်ကို အလွယ်တကူဆုံးရှုံးစေနိုင်သည်။ လူတစ်ဦးသည် အင်တာနက်ကိုကြည့်ရှုလေ့လာခြင်း၊ အီး-မေးလ်စာများကို ဖတ်ရှုပေးပို့ခြင်း သို့မဟုတ် ကွန်ပျူတာဂိမ်းများကစားခြင်းတွင် အချိန်များစွာအကုန်ခံလျှင် ကွန်ပျူတာအသုံးပြုခြင်းက ကျော့ကွင်းတစ်ခုဖြစ်လာနိုင်သည်။ ရုပ်မြင်သံကြား၊ ရုပ်ရှင်၊ ဝါသနာပါရာများ၊ လောကီစာပေများဖတ်ရှုခြင်းနှင့် အားကစားများသည် အချိန်များစွာဆုံးရှုံးစေနိုင်ကာ ဝိညာဉ်ရေးရာများအတွက် အချိန် သို့မဟုတ် ခွန်အား မရှိသလောက်ဖြစ်စေနိုင်သည်။ အပန်းဖြေအနားယူခြင်းက ခဏမျှသာလန်းဆန်းမှုပေးနိုင်သော်လည်း ကိုယ်ပိုင်နှင့် မိသားစုကျမ်းစာလေ့လာမှုသည် ထာဝရ အကျိုးကျေးဇူးများရရှိစေ၏။ (၁ တိ. ၄:၇၊ ၈) သင်သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို နေ့စဉ်ဆင်ခြင်သုံးသပ်ရန် အချိန်ဝယ်ယူသလော။—ဧ. ၅:၁၅-၁၇။

၄ ကျွန်ုပ်တို့သည် ‘ဖြစ်လတ္တံ့သော အမှုအရာအလုံးစုံနှင့်ကင်းလွတ်၍ လူသား၏ရှေ့တော်၌ ရပ်နေနိုင်ခွင့်ရ’ ရန် ယေဟောဝါ၏အဖွဲ့အစည်းက ဝိညာဉ်ရေးသွန်သင်ချက်ပေးသည့်အစီအစဉ်ကို စီမံပေးသည့်အတွက် ကျေးဇူးတင်ဖို့ကောင်းပေသည်! (လု. ၂၁:၃၆၊ သမ္မာ) “ယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါ ချီးမွမ်းခြင်း၊ ဘုန်းရှိခြင်း၊ ဂုဏ်အသရေရှိ” စေရန် ယင်းအစီအစဉ်များကို အပြည့်အဝအသုံးပြုကာ ‘ကျွန်ုပ်တို့ကိုယ်တိုင်အသင့်ရှိနေ’ နိုင်ကြပါစေ။—၁ ပေ. ၁:၇၊ သမ္မာ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ