ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • အုပ်ချုပ်ရေးအဖွဲ့ထံမှစာ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
    • အုပ်ချုပ်ရေးအဖွဲ့ထံမှစာ

      ချစ်ရတဲ့ သတင်းကောင်း ကြေညာသူတို့–

      စစ်မှန်တဲ့ တစ်ဆူတည်းသောဘုရား ယေဟောဝါကို စည်းလုံးစွာ ဝတ်ပြုခွင့်ရတာ တကယ့် အခွင့်ထူးပါပဲ။ ကျွန်တော်တို့ဟာ “ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်” တွေအဖြစ် တည်ထောင်ပြီးဖြစ်တဲ့ နိုင်ငံတော်အကြောင်း သတင်းကောင်းကို ဟောပြောသွန်သင်ဖို့ ခန့်အပ်ခံထားရတယ်။ အဲဒီလုပ်ငန်းဟာ မြင့်မြတ်ပြီး အသက်ကယ်လုပ်ငန်း ဖြစ်တယ်။ (၁ ကော. ၃:၉။ မ. ၂၈:၁၉၊ ၂၀) ဒီကမ္ဘာချီလုပ်ငန်း ငြိမ်သက်စည်းလုံးစွာ ပြီးမြောက်နိုင်ဖို့ဆိုရင် ကောင်းကောင်း ဖွဲ့စည်းထားဖို့ လိုအပ်တယ်။—၁ ကော. ၁၄:၄၀။

      ဒီနေ့ခေတ် ခရစ်ယာန် အသင်းတော် လည်ပတ်လုပ်ဆောင်ပုံကို နားလည်စေဖို့ ဒီစာအုပ်က ကူညီပေးပါလိမ့်မယ်။ ယေဟောဝါသက်သေ တစ်ယောက်အနေနဲ့ သင် ရရှိထားတဲ့ အခွင့်ထူးတွေနဲ့ တာဝန်တွေအကြောင်း ဆွေးနွေးထားတယ်။ သင်ဟာ အခွင့်ထူးတွေကို တန်ဖိုးထားပြီး တာဝန်တွေကို ကျေပွန်မယ်ဆိုရင် “ယုံကြည်ခြင်း ခိုင်ခံ့မြဲမြံလာ” ပါလိမ့်မယ်။—တ. ၁၆:၄၊ ၅။ ဂလ. ၆:၅။

      ဒါကြောင့် ဒီစာအုပ်ကို အသေအချာ လေ့လာဖို့ အားပေးပါတယ်။ အသက်တာမှာ လက်တွေ့ကျင့်သုံးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပါ။ ဥပမာ၊ သင်ဟာ မကြာခင်ကမှ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူ ဖြစ်လာတယ်ဆိုရင် ယေဟောဝါသက်သေတစ်ယောက်အဖြစ် နှစ်ခြင်းခံဖို့ ဘယ်အဆင့်တွေ တက်လှမ်းရမလဲ။ နှစ်ခြင်းခံပြီးပြီဆိုရင်လည်း ဘုရားရေးရာဘက်မှာ တိုးတက်ဖို့၊ ယေဟောဝါရဲ့ လုပ်ငန်းတော်မှာ တိုးချဲ့ပါဝင်ဖို့ ဘာလုပ်နိုင်သလဲ။ (၁ တိ. ၄:၁၅) အသင်းတော်ရဲ့ ငြိမ်သက်မှုကို ဘယ်လို တိုးများစေနိုင်သလဲ။ (၂ ကော. ၁၃:၁၁) အဲဒီမေးခွန်းတွေရဲ့ အဖြေကို ဒီစာအုပ်မှာ ရှာကြည့်ပါ။

      သင်ဟာ နှစ်ခြင်းခံပြီးသား ညီအစ်ကို ဖြစ်မယ်ဆိုရင် အသင်းတော် အမှုထမ်းအဖြစ်၊ နောက်ပိုင်း အကြီးအကဲအဖြစ် အရည်အချင်း ပြည့်မီအောင် ဘာလုပ်နိုင်သလဲ။ လူသစ် ထောင်ပေါင်းများစွာဟာ ဘုရားသခင့် အဖွဲ့အစည်းထဲ ဝင်ရောက်လာနေတဲ့အတွက် ဦးဆောင်ဖို့ အရည်အချင်းရှိ ညီအစ်ကိုတွေ အရေးပေါ် လိုအပ်နေတယ်။ အဲဒီဘုရားရေးရာ ပန်းတိုင်တွေကို “တက်လှမ်း” ခြင်းမှာ ဘာတွေ ပါဝင်တယ်ဆိုတာ နားလည်အောင် ဒီစာအုပ်က ကူညီပေးပါလိမ့်မယ်။—၁ တိ. ၃:၁။

      ယေဟောဝါရဲ့ အစီအစဉ်မှာ သင့်နေရာကို ရှာတွေ့ပြီး တန်ဖိုးထားနိုင်အောင် ဒီစာအုပ်က ကူညီပေးပါစေလို့ ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ်။ သင်တို့အားလုံးကို ကျွန်တော်တို့ သိပ်ချစ်ပါတယ်။ ကောင်းကင်ဖခင် ယေဟောဝါကို ပျော်ရွှင်စွာ ထာဝစဉ် ဝတ်ပြုသူတွေထဲမှာ သင်တို့ ပါဝင်ပါစေလို့ ဆုတောင်းပေးနေပါတယ်။—ဆာ. ၃၇:၁၀၊ ၁၁။ ဟေရှာ. ၆၅:၂၁-၂၅။

      သင်တို့ရဲ့ ညီအစ်ကိုများ၊

      ယေဟောဝါသက်သေများရဲ့ အုပ်ချုပ်ရေးအဖွဲ့

  • ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
    • အခန်း ၁

      ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း

      ကမ္ဘာတစ်ဝန်းမှာ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖွဲ့အစည်း အများကြီး ရှိတယ်။ အားလုံးမှာ မတူညီတဲ့ စရိုက်လက္ခဏာ၊ ရည်ရွယ်ချက်၊ အမြင်၊ သဘောထားတွေ ရှိကြတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့အစည်းအားလုံးနဲ့ သိသိသာသာ ကွဲပြားခြားနားတဲ့ အဖွဲ့အစည်းတစ်ခု ရှိတယ်။ အဲဒီအဖွဲ့အစည်းကတော့ ယေဟောဝါသက်သေတွေ ဖြစ်တယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။

      ၂ ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ သင် ပေါင်းသင်းနေတာ ဝမ်းသာစရာပါပဲ။ ဘုရားသခင့် အလိုတော်ကို သိလာပြီး အဲဒီအတိုင်း သင် အခု လုပ်ဆောင်နေတယ်။ (ဆာ. ၁၄၃:၁၀။ ရော. ၁၂:၂) တက်ကြွတဲ့ အမှုဆောင်တစ်ယောက် ဖြစ်ပြီး မေတ္တာပြည့်ဝတဲ့ ကမ္ဘာချီညီအစ်ကို အသင်းအပင်းနဲ့အတူ အမှုဆောင်နေတယ်။ (၂ ကော. ၆:၄။ ၁ ပေ. ၂:၁၇။ ၅:၉) အဲဒီအတွက် ကျမ်းစာမှာ ကတိပေးထားတဲ့အတိုင်း ကြွယ်ဝတဲ့ ကောင်းချီးနဲ့ ပျော်ရွှင်မှု ခံစားနေရတယ်။ (ပညာ. ၁၀:၂၂။ မာ. ၁၀:၃၀) အခုအချိန်မှာ ယေဟောဝါရဲ့ အလိုတော်ကို သစ္စာရှိရှိ ထမ်းဆောင်ခြင်းဟာ လှပတဲ့ ထာဝရ အနာဂတ်အတွက် အသင့်ပြင်နေတာ ဖြစ်တယ်။—၁ တိ. ၆:၁၈၊ ၁၉။ ၁ ယော. ၂:၁၇။

      ၃ ကြီးမြတ်တဲ့ ဖန်ဆင်းရှင်၊ အရာအားလုံးရဲ့ ဦးစီးခေါင်းဆောင် ယေဟောဝါမှာ မိမိကိုယ်တိုင် အုပ်ချုပ်တဲ့၊ ထူးခြားတဲ့ ကမ္ဘာချီအဖွဲ့အစည်း ရှိတယ်။ ယေဟောဝါကို ကျွန်တော်တို့ အကြွင်းမဲ့ ယုံကြည်စိတ်ချတယ်။ ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ တရားသူကြီး၊ ပညတ်ပြဋ္ဌာန်းရှင်နဲ့ ဘုရင် ဖြစ်တယ်။ (ဟေရှာ. ၃၃:၂၂) စည်းစနစ်ကျတဲ့ ဘုရား ဖြစ်တဲ့အတွက် ရည်ရွယ်ချက် ပြီးမြောက်အောင် “ဘုရားသခင့် လုပ်ဖော်ဆောင်ဖက်တွေအနေနဲ့” လုပ်ဆောင်ရာမှာ ကျွန်တော်တို့အတွက် အစီအစဉ်တွေ ပြုလုပ်ပေးထားတယ်။—၂ ကော. ၆:၁၊ ၂။

      ၄ ဒီလောကစနစ်ရဲ့ အဆုံး နီးလာတာနဲ့အမျှ ကျွန်တော်တို့ဟာ ခန့်အပ်ခံဘုရင် ခရစ်တော်ယေရှုရဲ့ ဦးဆောင်မှုအောက် ရှေ့ကို ချီတက်နေကြတယ်။ (ဟေရှာ. ၅၅:၄။ ဗျာ. ၆:၂။ ၁၁:၁၅) မြေကြီးပေါ် အမှုဆောင်ချိန်အတွင်း မိမိပြီးမြောက်ခဲ့တာတွေထက် ကြီးမားတာတွေကို နောက်လိုက်တွေ လုပ်ဆောင် ပြီးမြောက်လိမ့်မယ်လို့ ယေရှု ကြိုပြောခဲ့တယ်။ (ယော. ၁၄:၁၂) နောက်လိုက်တွေဟာ အရေအတွက် တိုးများလာတဲ့အပြင် ပိုကြာရှည်တဲ့ အချိန်အတွင်း ကျယ်ပြောတဲ့ နယ်မြေကို ဟောပြောနိုင်မှာမို့လို့ ယေရှု ပြောတဲ့အတိုင်း ဖြစ်လာပါလိမ့်မယ်။ သူတို့ဟာ နိုင်ငံတော် သတင်းကောင်းကို မြေတစ်ပြင်လုံးမှာ ဟောပြောကြပါလိမ့်မယ်။—မ. ၂၄:၁၄။ ၂၈:၁၉၊ ၂၀။ တ. ၁:၈။

      ၅ အဲဒီအတိုင်း တကယ် ဖြစ်နေတယ်။ ဒါပေမဲ့ ယေရှု ပြောခဲ့တဲ့အတိုင်း သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းဟာ ယေဟောဝါ သတ်မှတ်ထားချိန်မှာ ပြီးဆုံးပါလိမ့်မယ်။ ကျမ်းစာပရောဖက်ပြုချက်တွေမှာ ဖော်ပြထားတဲ့အတိုင်း ယေဟောဝါရဲ့ ကြောက်မက်ဖွယ်နေ့ကြီး သိပ်နီးနေပါပြီ။—ယောလ ၂:၃၁။ ဇေ. ၁:၁၄-၁၈။ ၂:၂၊ ၃။ ၁ ပေ. ၄:၇။

      ကျွန်တော်တို့ဟာ ဘုရားသခင့် တောင်းဆိုချက်တွေကို ပြည့်မီအောင် အရှိန်မြှင့်လုပ်ဆောင်ဖို့ လိုတယ်။ အဲဒီလို လုပ်ဆောင်နိုင်ဖို့ဆိုရင် ဘုရားသခင့် အဖွဲ့အစည်းရဲ့ လည်ပတ် လုပ်ဆောင်ပုံတွေကို ကောင်းကောင်း သိရှိဖို့ လိုတယ်

      ၆ ဒီနောက်ဆုံးအချိန်ပိုင်းမှာ ယေဟောဝါရဲ့ အလိုတော်ကို သိရှိထားတဲ့အတွက် ကျွန်တော်တို့ဟာ ဘုရားတောင်းဆိုချက်တွေကို ပြည့်မီအောင် အရှိန်မြှင့် လုပ်ဆောင်ဖို့ လိုတယ်။ အဲဒီလို လုပ်ဆောင်နိုင်ဖို့ဆိုရင် ဘုရားသခင့် အဖွဲ့အစည်းရဲ့ လည်ပတ်လုပ်ဆောင်ပုံတွေကို ကောင်းကောင်း သိရှိပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်။ ဘုရားသခင့် အဖွဲ့အစည်းရဲ့ လည်ပတ်လုပ်ဆောင်မှုဟာ ကျမ်းစာမူတွေအပေါ် အခြေခံတယ်။ အဲဒီမူတွေထဲမှာ ကျမ်းစာမှာ ပါတဲ့ ပညတ်ချက်၊ လမ်းညွှန်ချက်၊ မိန့်မှာချက်၊ သွန်သင်ချက်တွေ ပါဝင်တယ်။—ဆာ. ၁၉:၇-၉။

      ၇ ယေဟောဝါရဲ့ လူမျိုးဟာ အဲဒီကျမ်းစာအခြေပြု လမ်းညွှန်ချက်တွေကို လိုက်နာတဲ့အတွက် ငြိမ်သက်စည်းလုံးစွာ နေထိုင်လုပ်ဆောင်ကြတယ်။ (ဆာ. ၁၃၃:၁။ ဟေရှာ. ၆၀:၁၇။ ရော. ၁၄:၁၉) ကမ္ဘာတစ်ဝန်းက ညီအစ်ကိုညီအစ်မတွေကြားမှာ ရှိတဲ့ နှောင်ကြိုးကို ဘယ်အရာက ခိုင်မာစေသလဲ။ ချစ်ခြင်းမေတ္တာပါပဲ။ ကျွန်တော်တို့ဟာ မေတ္တာရဲ့ လှုံ့ဆော်မှုခံရပြီး မေတ္တာကို ဝတ်ဆင်ထားကြတယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ