ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၀၈ စာ. ၁
  • လက်မလျှော့ဘဲ ဟောပြောပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လက်မလျှော့ဘဲ ဟောပြောပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • သတင်းကောင်းကြေညာရာတွင်အရှိန်လျော့မသွားစေနှင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ‘ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ‘သွား၍ လူမျိုးတကာမှ လူတို့ကို တပည့်ဖြစ်စေပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • မည်သို့ကြားနိုင်ပါမည်နည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နဓ ၆/၀၈ စာ. ၁

လက်မလျှော့ဘဲ ဟောပြောပါ

၁ ကျွန်ုပ်တို့၏ရပ်ကွက်တွင် အကြိမ်ကြိမ်၊ စေ့စေ့စပ်စပ်အမှုဆောင်ခဲ့သော်လည်း တုံ့ပြန်မှုအနည်းငယ်သာရှိသည်ဟု တစ်ခါတစ်ရံခံစားပေမည်။ သို့တိုင် ဆက်၍ဟောပြောရန် ကျွန်ုပ်တို့အတွက် ခိုင်လုံသောအကြောင်းရင်းများရှိသည်။​—မ. ၂၈:၁၉၊ ၂၀။

၂ သက်သေဖြစ်စေရန်– နိုင်ငံတော်ဟောပြောခြင်းသည် “ဤလောကစနစ်နိဂုံးပိုင်း” နှင့်ပတ်သက်သောစုပေါင်းနိမိတ်တွင် အရေးကြီးသောအပိုင်းတစ်ခုဖြစ်ပြီး ယင်းကို “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန်” လုပ်ဆောင်လိမ့်မည်ဟု ယေရှုကြိုဟောခဲ့သည်။ (မ. ၂၄:၃၊ ၁၄၊ ကဘ) နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းတွင် ကျွန်ုပ်တို့ပါဝင်နေသည်ကို လူတို့တွေ့မြင်သောအခါ ခိုင်လုံသောသက်သေခံချက်တစ်ရပ် ဖြစ်သည်။ အချို့တို့သည် သတင်းတရားကို နားမထောင်ခဲ့လျှင်ပင် ရပ်ကွက်မှ ကျွန်ုပ်တို့ထွက်သွားပြီးနောက် ကျွန်ုပ်တို့၏လည်ပတ်မှုအကြောင်းကို နာရီနဲ့ချီ သို့မဟုတ် ရက်နှင့်ချီပြောဆိုကြပေမည်။ ဓမ္မအမှုဆောင်ရွက်ရခြင်း၏အကြောင်းရင်းများကို လေးမြတ်တန်ဖိုးထားခြင်းက စွဲစွဲမြဲမြဲဆက်လုပ်ဆောင်ရန် ကျွန်ုပ်တို့အား အထောက်အကူပြုသည်။ သက်သေခံခြင်းနှင့် သတိပေးသတင်းစကားကို ပြောကြားခြင်းအားဖြင့် ကျမ်းစာပရောဖက်ပြုချက်ပြည့်စုံခြင်းတွင် ကျွန်ုပ်တို့ပါဝင်ကြသောကြောင့် ယေဟောဝါစိတ်တော်ကို ရွှင်လန်းစေကြသည်။​—၂ သက်. ၁:၆-၉။

၃ စွဲစွဲမြဲမြဲလုပ်ဆောင်မှုလိုအပ်– လူတို့သည် များစွာသောအာရုံပျံ့လွင့်စရာများနှင့် များစွာသောအချိန်ကုန်စရာများရှိသောကြောင့် သူတို့၏စိတ်ဝင်စားမှုတိုးပွားလာရန် ကျွန်ုပ်တို့ကြိုးစားသောအခါ စွဲစွဲမြဲမြဲလုပ်ဆောင်ဖို့လိုအပ်သည်။ အမျိုးသမီးတစ်ဦးသည် သက်သေခံများကို အိမ်ထဲဖိတ်ခေါ်ပြီး ကျမ်းစာဆွေးနွေးမှုလုပ်ရန် မဆုံးဖြတ်မီအထိ သူ့အိမ်ကို သက်သေခံများ တစ်နှစ်ကြာ အပတ်တိုင်းသွားခဲ့သည်။ သူကြားခဲ့သည့်အရာကို အလွန်နှစ်သက်သောကြောင့် ကျမ်းစာသင်အံမှုလက်ခံခဲ့ပြီး အစည်းအဝေးများ စတင်တက်ရောက်ကာ မကြာမီတွင် နှစ်ခြင်းခံလိုကြောင်း ထုတ်ပြောခဲ့သည်။

၄ ကမ္ဘာ့အခြေအနေများသည် အလျင်အမြန် ပြောင်းလဲနေပြီး လူတို့၏စိတ်သဘောထားလည်း ပြောင်းလဲနေသည်။ ကျွန်ုပ်တို့၏လည်ပတ်မှုကို ယခင်ကလက်မခံခဲ့သူများစွာတို့သည် ကျွန်ုပ်တို့ဝေမျှသည့် လန်းဆန်းစေသောမျှော်လင့်ချက်ကို ယခု လိုလို လားလားလက်ခံကြပေမည်။ နိုင်ငံတော်သတင်းတရားကို တစ်ဦးတည်းသာ လိုလိုလားလားလက်ခံလျှင်ပင် ကျွန်ုပ်တို့၏စွဲစွဲမြဲမြဲလုပ်ဆောင်မှု အကျိုးနပ်ပါလိမ့်မည်။

၅ ကမ္ဘာတစ်ဝန်းတွင် “စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့် ညည်းတွားငိုကြွေးသောသူတို့” ပို၍ပို၍များလာသည်။ (ယေဇ. ၉:၄) ဖြောင့်မတ်ခြင်းတရားကို လိုလားသူများသည် နိုင်ငံတော်သတင်းတရားကို တုံ့ပြန်နေကြောင်း ကျွန်ုပ်တို့၏ဟောပြောခြင်းရလဒ်များက သက်သေပြသည်။ (ဟေရှာ. ၂:၂၊ ၃) ထို့ကြောင့် ‘ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောခြင်း’ တွင် မေတ္တာပါစွာ စွဲစွဲမြဲမြဲလုပ်ဆောင်ခြင်းဖြင့် လက်မလျှော့ဘဲ ဆက်၍ဟောပြောကြပါစို့။​—ဟေရှာ. ၅၂:၇; တ. ၅:၄၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ