ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၀၉ စာ. ၂
  • “စွမ်းအားတော်ဖြင့် စိတ်ထက်သန်ကြလော့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “စွမ်းအားတော်ဖြင့် စိတ်ထက်သန်ကြလော့”
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဓမ္မအမှုတွင် ကျွန်ုပ်တို့ ဇွဲထက်သန်နေရမည်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • အောက်မေ့ရာပွဲကာလမှာ ယေဟောဝါဘုရားနဲ့ ယေရှုတို့ရဲ့ စိတ်အားကြီးမှုကို သင် တုပနိုင်မလား
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
  • အမှုဆောင်လုပ်ငန်းမှာ ဇွဲထက်သန်နေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • သတင်းကောင်းကို စိတ်အားထက်သန်စွာကြေညာလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
နဓ ၁၁/၀၉ စာ. ၂

“စွမ်းအားတော်ဖြင့် စိတ်ထက်သန်ကြလော့”

၁။ အဘယ်ထူးခြားသောလက္ခဏာသည် ကျွန်ုပ်တို့ဟောပြောခြင်းလုပ်ငန်း၏ အမှတ်အသားဖြစ်သင့်သနည်း။

၁ ကျွန်ုပ်တို့ခရစ်ယာန်ဓမ္မအမှု၏ မည်သည့်အသွင်အပြင်မျှ ရပ်တန့်မနေသင့်ပါ။ ယင်းအစား “စွမ်းအားတော်ဖြင့် စိတ်ထက်သန်ကြ” ရန်နှင့် “ယေဟောဝါဘုရားကို အစေခံကြ” ရန်ကျွန်ုပ်တို့ အားပေးခံရသည်။ (ရော. ၁၂:၁၁) သို့သော် ဓမ္မအမှုတွင် ကျွန်ုပ်တို့၏ဇွဲကို လျော့နည်းသွားစေနိုင်သည့်အရာ များစွာရှိပါသည်။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် ကျွန်ုပ်တို့၏ဇွဲကို မည်သို့ “ရှင်သန်၊” ထက်သန်စေနိုင်သနည်း။—၂ တိ. ၁:၆၊ ၇။

၂။ ကိုယ်ပိုင်ကျမ်းစာလေ့လာမှုနှင့် ဓမ္မအမှုတွင် ဇွဲထက်သန်ခြင်းသည် မည်သို့ဆက်စပ်သနည်း။

၂ ကိုယ်ပိုင်ကျမ်းစာလေ့လာမှု– ထိရောက်သောနိုင်ငံတော်ဟောပြောသူတစ်ဦးသည် ဘုရားသခင့်တရားတော်ကို ချစ်မြတ်နိုးပြီး ယင်းတွင်ပါရှိသော အမှန်တရားများကြောင့် အလွန်လှုံ့ဆော်ခံရသူဖြစ်သည်။ (ဆာ. ၁၁၉:၉၇) ကိုယ်ပိုင်လေ့လာမှုပြုလုပ်စဉ်အတွင်း ကျွန်ုပ်တို့သိရှိရသော သမ္မာကျမ်းစာအမှန်တရားများက ကျွန်ုပ်တို့၏စိတ်နှလုံးကို လှုံ့ဆော်ပေးပြီး ကျွန်ုပ်တို့၏ဇွဲကို ထက်သန်စေသည်။ ဤအမှန်တရားများကို ပြင်ဆင်ပေးရှင်အား ချစ်မြတ်နိုးခြင်းနှင့် အခြားသူများကို သတင်းကောင်းဟောပြောလိုသော ကျွန်ုပ်တို့၏ဆန္ဒက ဘုရားသခင်အားချီးမွမ်းရန်နှင့် ကိုယ်တော့်နာမတော်ကို ကြေညာရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသည်။ (ဟေဗြဲ ၁၃:၁၅) ရှင်းနေသည်မှာ သတင်းကောင်းကို ထက်ထက်သန်သန် တင်ဆက်ခြင်းဖြင့် ယင်းအပေါ်ထားရှိသော ကျွန်ုပ်တို့၏ တန်ဖိုးထားလေးမြတ်မှုကို ပေါ်လွင်စေသည်။

၃။ ကျွန်ုပ်တို့၏ ဓမ္မအမှုတွင် ဘုရားသခင်၏ စွမ်းအားတော် မည်သို့လွှမ်းမိုးနိုင်သနည်း။

၃ ဘုရားသခင့်စွမ်းအားတော်ရရန် ဆုတောင်းပါ– ထိရောက်သောဓမ္မအမှုသည် ကျွန်ုပ်တို့၏ကိုယ်ပိုင်ခွန်အားဖြင့် ပြီးမြောက်ခြင်းမဟုတ်ပါ။ စစ်မှန်သောဇွဲသည် ဘုရားသခင့်စွမ်းအားတော် လွတ်လွတ်လပ်လပ်စီးဆင်းခြင်းမှ ဖြစ်ပေါ်လာသည်။ (၁ ပေ. ၄:၁၁) “အစွမ်းသတ္တိ” ပေးနိုင်သောအရှင်ထံ ချဉ်းကပ်ခြင်းက ရဲရင့်စွာသက်သေခံနိုင်သည့် ဘုရားရေးရာအစွမ်းသတ္တိ ရရှိစေပါလိမ့်မည်။ (ဟေရှာ. ၄၀:၂၆၊ ၂၉-၃၁) တမန်တော် ပေါလုသည် ဓမ္မအမှုတွင် အခက်အခဲနှင့်ကြုံတွေ့ရသောအခါ သူသည် “ဘုရားသခင့်အထံတော်မှ မစခြင်းကျေးဇူးတော်ကို ရရှိ” ခဲ့သည်။ (တ. ၂၆:၂၁၊ ၂၂) ယေဟောဝါ၏ ထက်သန်တက်ကြွစေသော သန့်ရှင်းသော စွမ်းအားတော်သည် ကျွန်ုပ်တို့၏ဓမ္မအမှုတွင် စိတ်ထက်သန်ရန် ကူညီပေးနိုင်သောကြောင့် ကျွန်ုပ်တို့သည် စွမ်းအားတော်ရရန် ဆုတောင်းသင့်သည်။—လု. ၁၁:၉-၁၃။

၄။ ဇွဲသည် အဘယ်ရလဒ်ကောင်းများ ရရှိစေနိုင်သနည်း၊ သို့သော် အဘယ်အချက်များကို သတိပြုရမည်နည်း။

၄ နိုင်ငံတော်သတင်းဟောပြောခြင်းအတွက် တောက်လောင်သည့်ဇွဲက ခရစ်ယာန်ချင်းများကြားတွင် ပို၍ဇွဲထက်သန်စေလေ့ရှိသည်။ (၂ ကော. ၉:၂) ရပ်ကွက်တွင် သတင်းကောင်းကို စိတ်ထက်သန်မှု၊ ယုံကြည်စိတ်ချမှုနှင့် ဟောပြောသည့်အခါ လူတို့ ပို၍လိုလိုလားလား တုံ့ပြန်တတ်ကြသည်။ သို့သော် ဇွဲထက်သန်မှုတွင် နူးညံ့သိမ်မွေ့မှုနှင့် အကင်းပါးမှု အမြဲဒွန်တွဲနေရမည်ဖြစ်သည်။ (တိတု ၃:၂) ကျွန်ုပ်တို့သည် အချိန်တိုင်း အိမ်ရှင်အားဂုဏ်တင်ရန်နှင့် သူတို့၏လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို လေးစားရန် ကြိုးစားကြသည်။

၅။ အဘယ်ကျမ်းစာတိုက်တွန်းချက်ကို ကျွန်ုပ်တို့ လိုက်လျှောက်သင့်သနည်း။

၅ နိုင်ငံတော်သတင်းကောင်း ကြေညာသူများအနေနှင့် ကျွန်ုပ်တို့သည် အမြဲပင် “စွမ်းအားတော်ဖြင့် စိတ်ထက်သန်ကြ” ဖို့လိုသည်။ ကိုယ်ပိုင်ကျမ်းစာလေ့လာခြင်းနှင့် တန်ခိုးကြီးသော သန့်ရှင်းသောစွမ်းအားတော်ကို ပေးသနားနိုင်သည့် ယေဟောဝါထံ စိတ်အားထက်သန်စွာ ဆုတောင်းခြင်းဖြင့် ဇွဲထက်သန်စေရန် ပြုလုပ်ကြပါစို့။ ဤနည်းဖြင့် ကျွန်ုပ်တို့၏ဓမ္မအမှုကို ‘သန့်ရှင်းသောစွမ်းအားတော်၊ ခိုင်မာသောယုံကြည်စိတ်ချမှုနှင့်’ ဇွဲထက်သန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။—၁ သက်. ၁:၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ