ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ကောရိန္သု ၄-၆
“ကျွန်တော်တို့ အရှုံးမပေးကြဘူး”
အိမ်အပျက်ကြီးထဲမှာ နေထိုင်ကြတဲ့ မိသားစု နှစ်စုကို မြင်ယောင်ကြည့်ပါ။ မိသားစုတစ်စုဟာ စိတ်ဓာတ်ကျနေတယ်။ နောက်မိသားစု တစ်စုကတော့ ပျော်ရွှင်နေတာ အံ့ဩစရာပဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီမိသားစုဟာ မကြာခင်မှာ လှပတဲ့အိမ်သစ်ဆီ ပြောင်းရွှေ့ရတော့မှာမို့လို့ပဲ။
“ဖန်ဆင်းရာအားလုံး အခုချိန်အထိ တညီတညွတ်တည်း ညည်းတွားပြီး ဝေဒနာခံစား နေကြရ” ပေမဲ့ ဘုရားရဲ့ ကျေးကျွန်တွေမှာတော့ ဆက်ခံရပ်စေနိုင်တဲ့ မျှော်လင့်ချက်တစ်ခု ရှိထားတယ်။ (ရ ၈:၂၂) ဒုက္ခဆင်းရဲတွေကို ဆယ်စုနှစ်နဲ့ချီ ခံစားခဲ့ရတယ်ဆိုရင်တောင် ဘုရားသခင့် ကမ္ဘာသစ်မှာ ရရှိမယ့် ထာဝရအသက်နဲ့ နှိုင်းယှဉ်ရင် အဲဒီဒုက္ခတွေဟာ “ခဏတာခံရတဲ့ ပေါ့ပါးတဲ့” အရာတွေသာ ဖြစ်ပါတယ်။ အနာဂတ်မှာရမယ့် နိုင်ငံတော်ကောင်းချီးတွေကို အာရုံစိုက်နေတာက အတိုင်းအတာတစ်ခုအထိ ပျော်ရွှင်ဖို့၊ အရှုံးမပေးဖို့ ကူညီပေးနိုင်ပါတယ်။