ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ထွက်မြောက်ရာ ၂၃-၂၄
လူအများနောက် မလိုက်ပါနဲ့
ယေဟောဝါက သက်သေတွေနဲ့ တရားသူကြီးတွေကို လူအများနောက် လိုက်ပြီး မမှန်တဲ့ သက်သေ မထွက်ဆိုဖို့၊ မမှန်မကန် တရားမစီရင်ဖို့ သတိပေးခဲ့တယ်။ အဲဒါက ဘဝရဲ့ တခြားကဏ္ဍတွေနဲ့လည်း သက်ဆိုင်တယ်။ ခရစ်ယာန်တွေဟာ လောကရဲ့ ဘုရားတရားမဆန်တဲ့ အတွေးအခေါ်၊ အကျင့်အကြံအတိုင်း လိုက်ဖို့ မပြတ် ဖိအားပေးခံနေရတယ်။—ရ ၁၂:၂။
အောက်ပါအခြေအနေတွေမှာ လူအများနောက် လိုက်တာက ဘာကြောင့် ဉာဏ်ပညာမရှိရာ ရောက်သလဲ
မခိုင်လုံတဲ့ ကောလာဟလ၊ အတင်းအဖျင်းတွေ ကြားတဲ့အခါ
အဝတ်အစား၊ ဆံပင်ပုံစံ၊ ဖျော်ဖြေမှု ရွေးချယ်ရာမှာ
လူမျိုးမတူ၊ ယဉ်ကျေးမှုမတူ၊ လူနေမှုအဆင့်အတန်း မတူတဲ့သူတွေအပေါ် သဘောထားပုံနဲ့ ဆက်ဆံပုံ