ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwex ဆောင်းပါး ၁၃
  • ခရမ်းရောင် တြိဂံပါတဲ့ အင်္ကျီကို ဝတ်ဆင်ခဲ့ကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရမ်းရောင် တြိဂံပါတဲ့ အင်္ကျီကို ဝတ်ဆင်ခဲ့ကြ
  • တွေ့ကြုံမှုများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်နှိမ့်ချသူများကို အမှန်တရားသို့ ယေဟောဝါဆွဲဆောင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • အစွမ်းထက်သောဗီဒီယိုခွေကို ကောင်းစွာ အသုံးပြုခြင်း
    နိုးလော့!—၂၀၀၂
  • သူတို့ ကတိတည်ကြ!
    နိုးလော့!—၂၀၀၁
  • ဆရာနဲ့ အဆင်ပြေအောင် ဘာလုပ်ရမလဲ
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
တွေ့ကြုံမှုများ
ijwex ဆောင်းပါး ၁၃
နာဇီအကျဉ်းစခန်းတွေမှာ ယေဟောဝါသက်သေတွေဖြစ်မှန်း သိစေတဲ့ ခရမ်းရောင်တြိဂံ၊ အကျဉ်းသားနံပါတ် တပ်ထားတဲ့ အစင်းကြောင်းပါတဲ့ အင်္ကျီကို တွေ့ရစဉ်။

ခရမ်းရောင် တြိဂံပါတဲ့ အင်္ကျီကို ဝတ်ဆင်ခဲ့ကြ

မွတ်ဟာ ပြင်သစ်နိုင်ငံမှာ နေထိုင်သူဖြစ်ပြီး ကျောင်းတစ်ကျောင်းမှာ အလုပ်လုပ်တယ်။ စာသင်ချိန်အတွင်း မသန်စွမ်းကလေးတွေကို ကူညီပေးရတယ်။ မကြာသေးခင်က အတန်းတစ်တန်းမှာ ကျောင်းသားတွေဟာ မီးလောင်တိုက်သွင်းခြင်းနဲ့ နာဇီ အကျဉ်းစခန်းတွေအကြောင်း လေ့လာကြတယ်။ အကျဉ်းသားတွေရဲ့ အင်္ကျီမှာ သီးခြားအရောင်တွေနဲ့ အမှတ်အသားတစ်ခု တပ်ဆင်ထားတယ်။ အမှတ်အသားရဲ့ အရောင်နဲ့ ပုံစံက ထောင်ကျနေသူ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်ပြတယ်။

ခရမ်းရောင်တြိဂံ အမှတ်အသားပါတဲ့ အင်္ကျီကို ဝတ်ဆင်ထားတဲ့ အကျဉ်းသားတွေကို ညွှန်ပြပြီး ဆရာက “ဒီလူတွေက လိင်တူသမားတွေ ဖြစ်မယ်ထင်တယ်” လို့ ပြောသွားတယ်။ အတန်းပြီးသွားတဲ့အခါ မွတ်က ဆရာနဲ့စကားပြောရင်း နာဇီတွေက ယေဟောဝါသက်သေတွေမှန်း ခွဲခြားသိနိုင်ဖို့ ခရမ်းရောင် တြိဂံအမှတ်အသားကို အသုံးပြုကြောင်း ပြောပြလိုက်တယ်။a အဲဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ဝေမျှပေးလိုကြောင်း ပြောတဲ့အခါ ဆရာက လက်ခံလိုက်ပြီး ကျောင်းသားတွေကို အဲဒီအချက်အလက်တွေ ဝေမျှပေးဖို့ မွတ်ကို တောင်းဆိုတယ်။

အဲဒီအကြောင်းအရာကိုပဲ နောက်အတန်းတစ်တန်းမှာ လေ့လာကြတဲ့အခါ သင်ပေးတဲ့ဆရာမက အကျဉ်းသားတွေ အင်္ကျီမှာ တပ်ထားတဲ့ အမှတ်အသားတွေကို ဇယားတစ်ခုသုံးပြီး ပြပေးတယ်။ အဲဒီဇယားမှာ ခရမ်းရောင် တြိဂံကို ယေဟောဝါသက်သေတွေ ဝတ်ဆင်တယ်လို့ မှန်မှန်ကန်ကန် ဖော်ပြထားတယ်။ အတန်းပြီးသွားတဲ့အခါ မွတ်က ဆရာမကို အဲဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ ထပ်ဆင့်အချက်အလက်တွေ ဝေမျှလိုကြောင်း ပြောတဲ့အခါ ဆရာမ လက်ခံတယ်။ ပြီးတဲ့နောက် ကျောင်းသားတွေကို အဲဒီအကြောင်းအရာ တင်ဆက်ပေးဖို့ အစီအစဉ်ဆွဲပေးတယ်။

စာပေသုံးမျိုးကို မွတ် ကိုင်ထားစဉ်။

အသုံးပြုခဲ့တဲ့ စာပေတွေကို မွတ် ကိုင်ထားစဉ်

မွတ်က ပထမအတန်းမှာ တင်ဆက်ဖို့ ၁၅ မိနစ်စာ ပြင်ဆင်ထားပေမဲ့ တင်ဆက်ရမယ့်အချိန် ရောက်တဲ့အခါ ဆရာက မွတ်ကို “တစ်နာရီကြာ တင်ဆက်နိုင်တယ်” လို့ပြောတယ်။ မွတ်က ယေဟောဝါသက်သေတွေကို နာဇီညှဉ်းပန်းနှိပ်စက်မှုအကြောင်း မှတ်တမ်းဗီဒီယို တင်ဆက်မှုနဲ့ အစပြုလိုက်တယ်။ ဗီဒီယိုမှာ ယေဟောဝါသက်သေ ကလေးငယ် အယောက် ၈၀၀ ကို မိဘတွေဆီကနေ နာဇီတွေ ခေါ်သွားတဲ့အကြောင်း ပြောတဲ့အခါ မွတ်က ဗီဒီယိုကို ခဏရပ်လိုက်ပြီး အဲဒီကလေးတွေထဲက သုံးယောက်ရဲ့ တွေ့ကြုံမှုကို ဖတ်ပြတယ်။ ဗီဒီယိုပြပြီးသွားတဲ့အခါ ၁၉၄၀ ပြည့်နှစ်တုန်းက အသက် ၁၉ နှစ်အရွယ် ဩစတြီးယားနိုင်ငံသား ယေဟောဝါသက်သေ ဂါဟတ် ရှတိုင်နာခါကို နာဇီတွေ သေဒဏ်မပေးခင် နာရီပိုင်းအလိုမှာ မိဘတွေဆီ ရေးခဲ့တဲ့ နှုတ်ဆက်စာကို ဖတ်ပြပြီး တင်ဆက်မှုကို မွတ် နိဂုံးချုပ်လိုက်တယ်။b

မွတ်က ဒုတိယအတန်းမှာလည်း အလားတူ အကြောင်းအရာကို တင်ဆက်ခဲ့တယ်။ မွတ်ရဲ့ ရဲစွမ်းသတ္တိရှိမှုကြောင့် အခုဆို ဆရာနှစ်ယောက်က နာဇီအကျဉ်းစခန်းတွေမှာ သားကောင်ဖြစ်ခဲ့ရသူတွေအကြောင်း သင်ပေးတဲ့အခါ ယေဟောဝါသက်သေတွေအကြောင်း ပြောပြကြတော့မှာ သေချာပါတယ်။

a ဒုတိယကမ္ဘာစစ်အတွင်း ဘီဘယ်ဖော်ရှာ (ကျမ်းစာကျောင်းသား) လို့သိကြတဲ့ ဂျာမနီနိုင်ငံက ယေဟောဝါသက်သေတွေဟာ နာဇီတွေကို မထောက်ခံတဲ့အတွက် ထောင်ချခံခဲ့ရကြတယ်။

b ဂျာမန်စစ်တပ်ထဲဝင်ဖို့ ငြင်းဆိုတဲ့အတွက် ဂါဟတ် ရှတိုင်နာခါကို သေဒဏ်ချမှတ်ခဲ့တယ်။ သူ့ရဲ့နှုတ်ဆက်စာမှာ ဒီလိုရေးထားတယ်– “ကျွန်တော်က ကလေးပဲရှိသေးတယ်။ သခင်ခွန်အားပေးမှပဲ ခံရပ်နိုင်မှာပါ။ ခွန်အားပေးပါလို့လည်း ကျွန်တော် ဆုတောင်းပါတယ်။” နောက်တစ်နေ့မနက်မှာ ဂါဟတ် အသတ်ခံရတယ်။ သူ့ရဲ့သင်္ချိုင်းကမ္ပည်းစာမှာ “ဘုရားသခင်ကို ဂုဏ်တင်ဖို့ အသက်ပေးခဲ့သူ” ဆိုပြီး ရေးထိုးထားတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ