ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၆/၈ စာ. ၂၂
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကလေးငယ်များအတွက် ရေပူစမ်းများ
  • ရေပြတ်လပ်နေသော စိုက်ပျိုးရေး
  • ရာသီဥတုပူနွေးလာမှုနှင့် တောရိုင်းတိရစ္ဆာန်ကောင်ရေ
  • နောက်ထပ် အရန်ဂြိုဟ်များ ရှာဖွေတွေ့ ရှိ
  • မောပန်းခြင်းသည် နှလုံးရောဂါ၏ လက္ခဏာဖြစ်နိုင်
  • ဗင်းနစ်မြို့ကို ရေဘေးမှ ကာကွယ်ခြင်း
  • ဆေးလိပ်သောက်ခြင်းသတင်း
  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
    နိုးလော့!—၁၉၉၇
  • ရေအားလုံး မည်သည့်နေရာသို့ ရောက်ကုန်ပြီနည်း
    နိုးလော့!—၂၀၀၂
  • လုံးပါးပါးလာသည့် မြေသယံဇာတများ
    နိုးလော့!—၂၀၀၅
  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
    နိုးလော့!—၁၉၉၆
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၅
န၀၅ ၆/၈ စာ. ၂၂

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကလေးငယ်များအတွက် ရေပူစမ်းများ

ကလေးငယ်များကို ရေပူစမ်းနှင့်ကုသပေးသည့် ကျန်းမာရေးဌာနများသည် ဂျာမနီနှင့်အခြားနေရာအနှံ့တွင် မှိုလိုပေါက်လျက်ရှိသည်ဟု ဖရန့်ဖာသာ အော်လ်ဂျီမေနီ ဆွန်တက်စ်ဇေတွန်သတင်းစာက ဖော်ပြ၏။ အသက်လေးနှစ်အရွယ်ရှိ ကလေးငယ်များကို ဆီနွေးနွေးဖြင့် နှိပ်နယ်ပေးကြသည်၊ တခြားကုထုံးများအပြင် တယုတယနှင့်ပြုစုပေးကြသည်။ ယင်းတို့အားလုံးသည် ကလေးငယ်များ၏ကျန်းမာရေး ကောင်းစေဖို့ထက် ငွေကြေးအကျိုးအမြတ်ရရှိစေဖို့ဖြစ်သည်ဟု ပညာရှင်အချို့က ယူဆကြ၏။ အမြတ်ရရှိရန် “ကလေးငယ်များကို လောကကြီးထဲသို့ အတင်းသွတ်သွင်းနေကြခြင်းဖြစ်သည်” ဟုခေတ်ရေစီးကြောင်းဟမ်းဘတ်ရုံး ဒါရိုက်တာပီတာ ပိုက်ပါမဲန်ကဆိုသည်။ မဲန်းဇ်တက္ကသိုလ်မှ ကလေးရောဂါလေ့လာရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာခရစ္စတိုဖာ ကာမ်မဲန်၏အဆိုအရ စိုးရိမ်စရာတစ်ခုမှာ “ကလေးများကို ကိုယ်ကျိုးကိုသာကြည့်တတ်လွန်းကြသည့် စိတ်နေမြင့်သူများအဖြစ် ရောက်ရှိသွားစေလိမ့်မည်။” သာမန်ကလေးဘဝ၏ဝေဒနာများကို ရေပူစမ်းနှင့်ကုပေးမည့်အစား “ကလေးများကို သစ်ပင်ပေါ် တက်ခိုင်းသင့်သည်၊ ခုန်ပေါက်ကစားခိုင်းသင့်သည်။ ယင်းသည် စိတ်သဘောထားပြဿနာများကို ကာကွယ်ပေးသည်၊ ခံတွင်းလိုက်စေသည်၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသည်မှာ သေချာ၏” ဟုအစီရင်ခံစာက ဖော်ပြသည်။

ရေပြတ်လပ်နေသော စိုက်ပျိုးရေး

“ဩစတြေးလျသည် အခြောက်သွေ့ဆုံး တိုက်ဖြစ်သည်၊ သို့သော် ကျွန်ုပ်တို့သည် ကမ္ဘာပေါ်တွင် တစ်ဦးချင်းစီ ရေအများဆုံး အသုံးပြုသူများဖြစ်ကြသည်” ဟုသြစတြေးလျန်းသတင်းစာက ဖော်ပြသည်။ ဩစတြေးလျတွင် နေ့စဉ် တစ်ဦးလျှင် ပျမ်းမျှရေ ၉၅၀ ကွတ်အသုံးပြုကြရာ မြောက်အမေရိကတိုက်တွင်မူ တစ်ဦးလျှင် ၆၃၀ ကွတ်သာအသုံးပြုကြသည်။ “ဩစတြေးလျတွင် သုံးစွဲသော ရေလေးပုံသုံးပုံကို ရေသွင်းစိုက်ပျိုးရန် အသုံးပြုခဲ့သည်” ဟုမှတ်တမ်း၌ဖော်ပြသည်။ ဂျုံတစ်ပေါင်ထွက်ရှိရန် ရေ ၄၃၀ ကွတ်လိုအပ်၏။ တစ်နေ့လျှင် နွားနို့တစ်ကွတ်ထွက်ရှိရန် နွားသည် ရေ ၆၀၀ ကွတ်ခန့် သောက်ရသည်။ ထို့ပြင် ထောပတ်တစ်ပေါင် ထွက်ရှိရန်ရေ ၈,၀၀၀ ကွတ်ကျော်နှင့်၊ အမဲသားတစ်ပေါင်အတွက် ၂၁,၀၀၀ ကွတ်လိုအပ်၏။ အဝတ်အထည်ထုတ်လုပ်ခြင်းသည်လည်း ရေများစွာလိုအပ်သော စက်မှုလုပ်ငန်းတစ်ခုဖြစ်၏။ ချည်တစ်ပေါင်ရရှိရန် ရေ ၂,၃၀၀ ကွတ်လိုအပ်ပြီး သိုးမွေးတစ်ပေါင်ရရှိရန် ရေ ၇၃,၀၀၀ ကွတ်ကျော် လိုအပ်သည်။ သိုးမွေးထည်တစ်စုံတည်း ရဖို့ပင် ရေ ၆၅၀,၀၀၀ ကွတ်အသုံးပြုရသည်ဟု ခန့်မှန်းရ၏။

ရာသီဥတုပူနွေးလာမှုနှင့် တောရိုင်းတိရစ္ဆာန်ကောင်ရေ

“ကမ္ဘာချီပူနွေးမှုကြောင့် တောရိုင်းတိရစ္ဆာန်ကောင်ရေကို ကမောက်ကမဖြစ်နေစေသည်ဟု သိပ္ပံပညာရှင်များ သံသယဝင်ကြကာ သေစေနိုင်သည့် အနီအစင်းအကျားပင့်ကူများအပါအဝင် ဩစတြေးလျတွင် ပင့်ကူကောင်ရေ များပြားလာလျက်ရှိသည်” ဟုအားလပ်ရက်သြစတြေးလျန်း သတင်းစာက ဖော်ပြ၏။ ကွင်းစလန်ပြတိုက်မှ ဒေါက်တာရော့ဘတ် ရေဗဲန်၏အဆိုအရ တစ်နှစ်လျှင် တစ်ခါသာ သားပေါက်လေ့ရှိသော ပင့်ကူများသည် ဤနှစ်တွင် သုံးခါ သို့မဟုတ် လေးခါ သားပေါက်နိုင်ဖွယ်ရှိသည်။ သူက ဤသို့ပြောပြသည်– “နှစ်၏ဤအချိန်တွင် သားပေါက်ငယ်များသာဖြစ်သင့်သေးသည့် ပင့်ကူများသည် သက်ကြီးကောင်များ ဖြစ်နေကြပြီ။ သက်တမ်းနှစ်ဆတိုးသွားသည့် ပင့်ကူအချို့ကို ကျွန်ုပ်တို့ စောင့်ကြည့်နေကြသည်။” ရာသီဥတုပူနွေးလာမှုသည် ငှက်များကိုလည်း ထိခိုက်နေကြောင်း သုတေသီများယူဆကြ၏။ သတင်းစာက ဤသို့ဖော်ပြသည်– “တစ်နှစ်လျှင် တစ်ကြိမ် သားပေါက်လေ့ရှိသည့် သစ်တောပိန်ညင်းငှက်ကဲ့သို့သော ငှက်များသည် နှစ်ကြိမ် သားပေါက်နေကြသည်။” ငှက်များသည် “စောစီးစွာ သားပေါက်ပြီး ဥရောပတွင် ဆောင်းခိုရာမှ စောစောစီးစီးပြန်လာကြခြင်းကလည်း ကမ္ဘာချီ ပြောင်းလဲမှုများရှိကြောင်း ဖော်ပြ၏။”

နောက်ထပ် အရန်ဂြိုဟ်များ ရှာဖွေတွေ့ ရှိ

တိုးတက်နေသော နည်းပညာကြောင့် စကြဝဠာတွင်တည်ရှိသည်ဟု နဂိုကသိထားသော အရန်ဂြိုဟ်အရေအတွက်ထက် နှစ်ဆကို ခြောက်နှစ်အတွင်း ရှာဖွေတွေ့ရှိခဲ့ပြီဟု မက္ကဆီကိုရှိ အမျိုးသားပုဂ္ဂလိကတက္ကသိုလ် ကိုမိုဗာစ်သိပ္ပံမဂ္ဂဇင်းကဆို၏။ ၂၀၀၃ ခုနှစ်နှစ်ကုန်ပိုင်းတွင် ဂြိုဟ်ခုနစ်လုံးကို ပတ်နေသည့် အရန်ဂြိုဟ် ၁၃၆ လုံးရှိသည်—ဗုဒ္ဓဟူးဂြိုဟ်နှင့် သောကြာဂြိုဟ်တို့တွင်မူ အရန်ဂြိုဟ်မရှိ—ဟုသိရှိရပြီး နက္ခတ္တဗေဒပညာရှင်များက နောက်ထပ်တွေ့ရှိနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းကြသည်။ ကြာသပတေးဂြိုဟ်တွင် အရန်ဂြိုဟ် (၆၁) လုံးရှိပြီး အများဆုံးဖြစ်ကာ စနေဂြိုဟ်တွင် (၃၁)၊ ယူရေးနတ်ဂြိုဟ်တွင် (၂၇)၊ နတ်ပကျွန်းဂြိုဟ်တွင် (၁၃)၊ နှင့် အင်္ဂါဂြိုဟ်တွင် (၂) လုံးအသီးသီးရှိကြသည်။ ပလူတိုဂြိုဟ်နှင့် ကမ္ဘာဂြိုဟ်တို့တွင် အရန်ဂြိုဟ်တစ်လုံးစီရှိကြသည်။

မောပန်းခြင်းသည် နှလုံးရောဂါ၏ လက္ခဏာဖြစ်နိုင်

လေ့လာမှုတစ်ခုအရ၊ “အမျိုးသမီးများသည် ထူးထူးခြားခြားမောပန်းပြီး အိပ်မပျော်ခြင်းသည် နှလုံးရောဂါ၏ အစောပိုင်းသတိပေးလက္ခဏာများဖြစ်နိုင်စရာရှိသည်” ဟုအပြည်ပြည်ဆိုင်ရာ မီယာမီသံတော်ဆင့် မဂ္ဂဇင်းက ဖော်ပြသည်။ လေ့လာမှုပြုရာတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်းသာ အစောပိုင်း လက္ခဏာအဖြစ် ရင်ဘတ်အောင့်ပြီး ၇၁ ရာခိုင်နှုန်းသည် နှလုံးရောဂါမဖြစ်မီ တစ်လကျော် ထူးထူးခြားခြား မောပန်းတတ်ကြသည်ဟု ဖော်ပြ၏။ ဆေးသိပ္ပံ အာကဲန်စောတက္ကသိုလ်မှ ပါမောက္ခဂျီးန် မက်ဆွီနီက ဤသို့ဆိုသည်– “မည်သို့မောပန်းသည်ကို ရှင်းမပြတတ်အောင် ထူးဆန်းသည်၊ အချို့ဆိုလျှင် အိပ်ရာသိမ်းသည့်အခါ မနားဘဲမနေနိုင်အောင် အလွန်မောတတ်ကြသည်။ . . . နှလုံးရောဂါသည် အမျိုးသမီးများအတွက် နံပါတ် ၁ လူသတ်ကောင်ဖြစ်၏။” သူဤသို့ဖော်ပြသည်– “နှလုံးရောဂါ၏အစောပိုင်း လက္ခဏာများကို သိရှိစေရန် အမျိုးသမီးများအား ကျွန်မတို့ နားလည်အောင် ပြောပြနိုင်လျှင် ယင်းရောဂါကို ကုသကာကွယ်ပေးနိုင်မည် သို့မဟုတ် နှောင့်နှေးစေမည်ဖြစ်သည်။”

ဗင်းနစ်မြို့ကို ရေဘေးမှ ကာကွယ်ခြင်း

အေဒရီအက်တစ်ပင်လယ်ရှိ ကျွန်းပေါင်း ၁၂၀ ခန့်ပေါ်၌ တည်ဆောက်ထားသော အီတလီနိုင်ငံမှ ဗင်းနစ်မြို့တွင် ရေကြီးလေ့ရှိသည်။ ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆွေးနွေးပြီးနောက် ပင်လယ်ကမ်းခြေအဝသုံးခုကို ဖြတ်ကျော်ပြီး ဖွင့်ပိတ်၍ရသော ရေထိန်းစနစ်တစ်ခု ဆောက်လုပ်ရေးကို အီတလီအစိုးရက ခွင့်ပြုလိုက်သည်။ ရေထိန်းများတွင် သံမဏိသေတ္တာကြီး ၇၉ လုံးပါရှိပြီး တစ်လုံးစီသည် အမြင့်ပေ ၁၀၀၊ အကျယ် ၆၅ ပေနှင့် ထု ၁၅ ပေရှိကြသည်။ သာမန်အခြေအနေများတွင် သေတ္တာများသည် ပင်လယ်ကြမ်းပြင်နှင့် တညီတည်းရှိစေရန် ရေဖြည့်ထားကြမည်ဖြစ်ရာ ရေယာဉ်များသွားလာနိုင်ပြီး ဒီရေအတက်အကျဖြစ်နိုင်၏။ သို့သော် ရေကြီးတော့မည်ဆိုလျှင် သေတ္တာထဲ လေသွင်းပေးလိုက်မည်ဖြစ်ကာ ဘေးဘက်ရှိ ပတ္တာဖြင့် ပင်လယ်ကြမ်းပြင်သို့ ကျောက်ဆူးချထားမည်ဖြစ်သည်။ ယခု သေတ္တာများ ဖော့ကန်အားရှိလာပြီး ပင်လယ်ရေမျက်နှာပြင်ပေါ် မတ်ထောင်လာကာ တံတားအရှင်များကဲ့သို့ ဖြစ်လာမည်။ ဘေးချင်းယှဉ်ထားသော ထိုသေတ္တာများသည် ရှည်လျားသောရေထိန်းပုံစံဖြစ်သွားပြီး ရေလျှံခြင်းကို ဟန့်တားထားလိမ့်မည်။ ဤစနစ်ကို ၂၀၁၁ တွင်စတင်သုံးမည်ဟု မျှော်လင့်ရ၏။

ဆေးလိပ်သောက်ခြင်းသတင်း

• “မွန်တာနာပြည်နယ်၊ ဟယ်လီနာမြို့မှ အရက်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် အခြားမိုးလုံလေလုံစီးပွားရေးလုပ်ငန်းများတွင် ဆေးလိပ်သောက်ခြင်းကို တားမြစ်ထားခြင်းသည် ခြောက်လအတွင်း နှလုံးရောဂါဖြင့် ဆေးရုံတက်ရောက်သူ ၆၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခြင်းနှင့် ဆက်နွှယ်လျက်ရှိကြောင်း သုတေသီများ တွေ့ရှိခဲ့ကြသည်” ဟုဝေါလ်စထရိဂျာနယ်က ဖော်ပြသည်။ ဒေသန္တရတရားရုံးတစ်ရုံးက ဆေးလိပ်တားမြစ်ရေးကို ဖျက်သိမ်းလိုက်ပြီးနောက် ယခင်နှုန်းထားအတိုင်း နှလုံးရောဂါ ပြန်ဖြစ်ပေါ်လာ၏။ နှလုံးအထူးကုဆရာဝန် ဆစ်ဒနီစမစ်က “ယင်းသည် ဆေးလိပ်ငွေ့သင့်ခြင်း၏ အန္တရာယ်ကို ရှောင်ဖို့လိုရသည့် ခိုင်လုံသောအထောက်အထားဖြစ်သည်” ဟုဆို၏။

• “ပြည်နယ်အစိုးရများသည် ယခင်က ဆေးရွက်ကြီးလုပ်ငန်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြသော်လည်း ယခုအခါ အခြေအနေတစ်မျိုးပြောင်းသွား၏– သူတို့သည် နိုင်ငံ၏အကြီးဆုံးစီးကရက်လုပ်ငန်းရှင်ကြီးကို ကယ်ဆယ်ရန် အသင့်ရှိနေကြပြီ” ဟု ထိုဂျာနယ်ကပင် ဖော်ပြသည်။ အဘယ်ကြောင့်နည်း။ စီးကရက်ကုမ္ပဏီတစ်ခုသည် အမှုတစ်ခုတွင် အယူခံဝင်ရန် ဒေါ်လာ ၁၂ ဘီလီယံ ပေးဆောင်ရမည်ဟု တရားသူကြီးတစ်ဦးက စီရင်ချက်ချခဲ့သည်။ ယင်းက သူတို့ကို ဒေဝါလီခံစေမည်ဖြစ်ပြီး ယခင်အမှုတွင် ပေးဆောင်ရမည့် ဘီလီယံနှင့်ချီသော ဒေါ်လာများကို ပေးဆပ်နိုင်တော့မည် မဟုတ်ချေ။ ပြည်နယ်အစိုးရများသည် “ပြည်နယ်များစွာအတွက် ရသုံးငွေဖရိုဖရဲဖြစ်မှုကို တားဆီးနိုင်မည့်ငွေကို မက်မောလာကြသည်” ဟုထိုဆောင်းပါးတွင် ဖော်ပြထား၏။ ယင်းကြောင့် “ပြည်နယ်များသည် ဘက်ပြောင်းသွားကြသည်။” နှစ်ပတ်အကြာတွင် တရားသူကြီးသည် သူ၏စီရင်ချက်ကို ဖျက်သိမ်းပြီး ကုမ္ပဏီအား ထို့ထက်နည်းသောငွေကို ပေးဆောင်စေခွင့်ပြုလိုက်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ