ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၇/၀၈ စာ. ၁၈
  • သင်၏ ရသာရုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်၏ ရသာရုံ
  • နိုးလော့!—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ယေဟောဝါ ကောင်းမြတ်ကြောင်း မြည်းစမ်းကြည့်ပါ’
    ယေဟောဝါကို ‘ရွှင်လန်းစွာ တေးသီကျူးကြ’
  • “ယေဟောဝါကောင်းမြတ်ကြောင်းကို မြည်းစမ်း၍ သိမှတ်လော့”
    ယေဟောဝါအား တေးသီကျူးကြ
  • ခွေးရဲ့ အနံ့ခံအာရုံ
    အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ကြောင်လျှာ
    အလိုလို ဖြစ်လာနိုင်ပါ့မလား
နိုးလော့!—၂၀၀၈
န ၇/၀၈ စာ. ၁၈

ပုံစံပြုထားခြင်းလော

သင်၏ ရသာရုံ

◼ သင်အနှစ်သက်ဆုံး အစာကို တစ်ကိုက်,ကိုက်လိုက်သည်နှင့် ချက်ချင်းပင် အရသာသိနိုင်သည်။ သို့သော် ဤအံ့ဖွယ်ဖြစ်စဉ်သည် မည်သို့လုပ်ဆောင်ခြင်းဖြစ်သနည်း။

စဉ်းစားကြည့်ပါ– သင့်လျှာတွင် အရသာခံဖုများဟုခေါ်သော အရေပြားဆဲလ်အစုအဝေးများပါရှိ၏။ ယင်းတို့အများစုသည် လျှာမျက်နှာပြင်ပေါ်ရှိ အဖုများအတွင်း၌ တည်ရှိသည်။ အရသာခံဖုတစ်ဖုတွင် ချဉ်ငန်ချိုခါး အရသာတစ်မျိုးစီကို ခံစားသိရှိနိုင်သော အာရုံခံဆဲလ်ပေါင်း တစ်ရာအထိပါရှိသည်။ ပူစပ်သောအရသာမှာ နောက်အမျိုးအစားတွင် ပါဝင်သည်။ ပူစပ်သောအရသာများသည် အရသာခံဖုများကိုမဟုတ်ဘဲ နာကျင်အာရုံခံဆဲလ်များကို လှုံ့ဆော်ပေးသည်။ မည်သို့ပင်ဖြစ်စေ အရသာအာရုံခံဆဲလ်များသည် အာရုံခံနဗ်ကြောများနှင့် ဆက်စပ်နေ၏၊ အစားအသောက်၌ရှိသော ဓာတုပစ္စည်းများကြောင့် အာရုံခံနဗ်ကြောများ လှုံ့ဆော်ခံရသည့်အခါ ဦးနှောက်အောက်ပိုင်းတွင်ရှိသော ဦးနှောက်ညှာတံသို့ ချက်ချင်းအချက်ပေးလိုက်သည်။

သို့သော် သင်သည် ပါးစပ်အပြင် အခြားအရာများနှင့်ပါ အရသာခံသည်။ ၁၀,၀၀၀ ခန့်ရှိသော အနံ့အမျိုးမျိုးကို ခံစားသိရှိစေနိုင်သည့် သင့်နှာခေါင်းတွင်းရှိ အနံ့အာရုံခံဆဲလ်ပေါင်း ငါးသန်းက အရသာခံသည့်ဖြစ်စဉ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်၏။ အမှန်တကယ်တွင် ကျွန်ုပ်တို့သည် အရသာ ၇၅ ရာခိုင်နှုန်းခန့်ကို အနံ့ခံကြည့်ခြင်းဖြင့် ခံစားသိရှိရသည်ဟု ခန့်မှန်းခဲ့ကြသည်။

သိပ္ပံပညာရှင်များသည် ဓာတုဓာတ်ငွေ့အာရုံခံများကို အသုံးပြုထားသည့် လျှပ်စစ်ဓာတုနှာခေါင်းတစ်ခုကို လူလုပ်အနံ့ခံကိရိယာတစ်ခုအဖြစ် တီထွင်ခဲ့ကြသည်။ သို့သော် နဗ်ကြောဇီဝကမ္မဗေဒပညာရှင် ဂျော်န်ကူးဝါးက ပဲင်စီလ်ဗေးနီးယားတက္ကသိုလ်မှ ပြုလုပ်သော သုတေသနပြုချက်ကို ကိုးကား၍ ဤသို့မှတ်ချက်ချ၏– “လူဖန်တီးထားတဲ့ ဘယ်လိုကိရိယာမျိုးမဆို အံ့ဩစရာကောင်းလောက်အောင် ပုံစံကျနပြီး အလွန်ရှုပ်ထွေးတဲ့ မူလလက်ရာနဲ့ နှိုင်းယှဉ်လိုက်ရင် ရိုးရိုးလေးဖြစ်သွားမယ်။”

ရသာရုံက အစာစားခြင်းကို ပို၍နှစ်သက်ဖွယ်ဖြစ်စေကြောင်း လူတိုင်း သဘောတူကြပေမည်။ သုတေသီများသည် ရသာရုံနှင့်ပတ်သက်၍ များစွာလေ့လာသိရှိခဲ့ရသော်လည်း မည်သည့်အကြောင်းကြောင့် လူတို့သည် အရသာတစ်မျိုးကို နောက်တစ်မျိုးထက် ပိုနှစ်သက်သည်ကိုမူ မသိရှိကြပေ။ “သိပ္ပံပညာရှင်များသည် လူ့ကိုယ်ခန္ဓာ၏ အခြေခံလုပ်ဆောင်ချက်များကို နားလည်ကြမည်ဖြစ်သော်လည်း ရသာရုံနှင့် အနံ့ခံအာရုံအကြောင်းကိုမူ အကုန်အစင် နားမလည်ကြချေ။”

သင်မည်သို့ ယူဆသနည်း။ သင်၏ရသာရုံသည် မတော်တဆဖြစ်လာခဲ့ခြင်းလော။ သို့မဟုတ် ပုံစံပြုထားခြင်းလော။

[စာမျက်နှာ ၁၈ ပါဇယား/ရုပ်ပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

လျှာ၏ ကန့်လန့်ဖြတ်ပုံ

[Diagram]

အဖုများ

[Credit Line]

© Dr. John D. Cunningham/​Visuals Unlimited

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ