ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၆/၁၂ စာ. ၁၀
  • ပင်လယ်ခရုတစ်မျိုးရဲ့ အခွံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပင်လယ်ခရုတစ်မျိုးရဲ့ အခွံ
  • နိုးလော့!—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်အစားအစာက တကယ်ဘေးကင်းရဲ့လား
    နိုးလော့!—၂၀၁၂
  • ခရုပက်ကျိရောဂါအဆုံးတိုင်မည့်အရိပ်အယောင် မြင်ရပြီလော
    နိုးလော့!—၁၉၉၈
  • မာတိကာ
    နိုးလော့!—၂၀၁၁
  • ခရုကမာခွံ
    နိုးလော့!—၂၀၀၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၂
န ၆/၁၂ စာ. ၁၀

ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

ပင်လယ်ခရုတစ်မျိုးရဲ့ အခွံ

● သမုဒ္ဒရာကြမ်းပြင်မှာရှိတဲ့ သက်ရှိအတော်များများဟာ အလင်းထုတ်လွှတ်နိုင်ကြတယ်။ ဒီခရု (clusterwink) ကတော့ တစ်မူထူးခြားတဲ့နည်းနဲ့ အလင်းထုတ်လွှတ်ပါတယ်။ အသားစားကဏန်း အနားကပ်လာတဲ့အခါ ဒီခရုလေးက အခွံ့ထဲဝင်သွားပြီး မှိတ်တုတ်မှိတ်တုတ် အလင်းကိုထုတ်လွှတ်ခြင်းအားဖြင့် သူ့ရန်သူကို ပြန်ခြောက်လှန့်ပါတယ်။ ဒါပေမဲ့ အလင်းက ဘယ်လိုလုပ်ပြီး ခရုခွံကို ဖြတ်သွားတာလဲ။

သုံးသပ်ကြည့်ပါ– ဒီခရုရဲ့အခွံက အလင်းကို ပိတ်ကာလိုက်မယ့်အစား အလင်းကို ဖြန့်ပေးတယ်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာရှိတဲ့ အဏ္ဏဝါဗေဒဆိုင်ရာတက္ကသိုလ်တစ်ခုက သိပ္ပံပညာရှင်တွေဖြစ်ကြတဲ့ ဒီမိထရီ ဒီဟိန်း နဲ့ နရီဒါ ဝီလ်ဆင် က ခရုကထုတ်လွှတ်လိုက်တဲ့အလင်းဟာ ဒီအခွံတစ်လျှောက် တညီတညာတည်းပျံ့နှံ့သွားတယ်ဆိုတာနဲ့ ဒီခရုခွံရဲ့ အလင်းဖြန့်နိုင်မှုဟာ တူညီတဲ့အရွယ်အစား (၀.၅ မီလီမီတာ) ရှိတဲ့ လူလုပ်အလင်းဖြန့်ပစ္စည်းထက် အရည်အသွေး ၁၀ ဆ ပိုကောင်းတယ်ဆိုတာကို တွေ့ရှိခဲ့ကြတယ်။ အဲဒီအပြင် ဒီခရုခွံရဲ့ ပတ်ဝန်းကျင်ကို အလင်းဖြန့်နိုင်စွမ်းက လူလုပ်အလင်းဖြန့်ပစ္စည်းထက် ၈ ဆ ပိုသာတယ်။ ဒီခရုနဲ့အမျိုးအစားအရမ်းနီးစပ်တဲ့ တခြားပင်လယ်ခရုခွံတွေမှာ ဒီလိုအလင်းဖြန့်နိုင်စွမ်းကို မတွေ့ရဘူး။ စိတ်ဝင်စားစရာက ထုတ်လွှတ်လိုက်တဲ့အရောင်က ပင်လယ်ရေထဲမှာ အဝေးဆုံးရောက်နိုင်တဲ့ အရောင်ဖြစ်တယ်။

“ဒီခရုခွံအကြောင်း လေ့လာသင်ယူခြင်းက ပိုအရည်အသွေးကောင်းတဲ့ အဆောက်အဦသုံး အလင်းဖြန့်ပစ္စည်းတွေထုတ်လုပ်ဖို့ အရေးပါတယ်” လို့ ဒေါက်တာ ဒီဟိန်းကဆိုတယ်။ ဒီသုတေသနပြုမှုက အလင်းသုံးပြီး ရောဂါရှာဖွေ၊ ကုသတဲ့နယ်ပယ်အတွက်လည်း အကျိုးများစွာဖြစ်စေနိုင်တယ်။ လျှပ်စစ်မီးတွေကို ထိန်ထိန်ညီးအောင်ထွန်းတတ်ကြတဲ့ ဒီခေတ်မှာ အလင်းရောင်အနည်းငယ်ကို အဆများစွာတိုးမြှင့်နိုင်တဲ့ အရည်အသွေးကောင်းအလင်းဖြန့်ပစ္စည်းတွေက စွမ်းအင်ကို များစွာသက်သာစေနိုင်မယ်ဆိုတာလည်း သေချာပါတယ်။

သင် ဘယ်လိုထင်ပါသလဲ။ ဒီခရုခွံဟာ သူ့အလိုလို ဖြစ်လာနိုင်မလား။ ဒါမှမဟုတ် စနစ်တကျ ပုံစံရေးဆွဲပြီး ပြုလုပ်ခံထားရတာလား။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

သာမန်အလင်းရောင်မှာ မြင်ရတဲ့ ခရုခွံကို ပုံကြီးချဲ့ထားပုံ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အလင်းထွက်လာချိန်မှာ မြင်ရတဲ့ ခရုခွံကို ပုံကြီးချဲ့ထားပုံ

[Picture Credit Lines on page 10]

Left: www.robastra.com; center and right: Courtesy of Dr. D. Deheyn, Scripps Institution of Oceanography, UC San Diego

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ