ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၁၃ စာ. ၈-၁၁
  • ငွေနဲ့ဝယ်လို့ မရနိုင်တဲ့ အရာသုံးမျိုး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငွေနဲ့ဝယ်လို့ မရနိုင်တဲ့ အရာသုံးမျိုး
  • နိုးလော့!—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ငွေနဲ့ပတ်သက်ပြီး မျှတတဲ့အမြင်
    နိုးလော့!—၂၀၁၅
  • ငွေဟာ မကောင်းမှု အမျိုးမျိုးရဲ့ ဇာစ်မြစ်လား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ငွေကြေးစီမံခန့်ခွဲနည်း
    ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
  • ငွေကြေး
    နိုးလော့!—၂၀၁၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၃
န ၁၀/၁၃ စာ. ၈-၁၁

မျက်နှာဖုံးအကြောင်းအရာ

ငွေနဲ့ဝယ်လို့ မရနိုင်တဲ့ အရာသုံးမျိုး

စီးပွားရေးကျပ်တည်းတဲ့ ဒီနေ့အချိန်မှာ အလုပ်အကိုင်နဲ့ အိမ်ဆုံးရှုံးနိုင်ခြေရှိသူတွေတောင် အများစုက ဘယ်အရာ၊ ဘာမဆို ငွေနဲ့ဝယ်လို့ရတယ်လို့ စိတ်စွဲနေကြဆဲပဲ။

အဲဒီလိုလူတွေဟာ အခုရှိတဲ့အိမ်ထက်ပိုကြီးရမယ်၊ ပိုကောင်းတဲ့ကားနဲ့ နာမည်ကြီးတံဆိပ် အဝတ်အစားတွေဝတ်ရမယ်ဆိုပြီးပြောဆိုတဲ့ အရောင်းမြှင့်တင်ရေးသမားတွေရဲ့ သားကောင်လွယ်လွယ်လေးဖြစ်သွားတယ်။ ပိုက်ဆံမရှိဘူးလား၊ ကိစ္စမရှိဘူး။ အကြွေးနဲ့ဝယ်လို့ရတာပဲ ဆိုပြီး ပြောကြတယ်။ လူအများရဲ့ စိတ်မှာ အကြွေးနွံနစ်နေရင်တောင် လူအမြင်မှာ သူဌေးပုံဖမ်းဖို့ သူတို့ရည်ရွယ်ကြတယ်။

နောက်ဆုံးတော့ အဖြစ်မှန်က အနှေးနဲ့အမြန်ပေါ်တာပဲ။ “သူဌေးဂိုက်ဖမ်းဖို့ တောက်ပ၊ ထည်ဝါတဲ့ပစ္စည်းတွေကို အကြွေးနဲ့ဝယ်သူတွေဟာ စိတ်ငြိမ်သက် ပေါ့ပါးဖို့အတွက် မူးယစ်ဆေးသုံးစွဲသူတွေနဲ့တူတယ်။ အစပိုင်းမှာတော့ ကောင်းသလိုလိုနဲ့ ရေရှည်မှာကျတော့ ဘာမှမရှိ၊ ချွတ်ခြုံကျပြီး စိတ်ကျတဲ့ ဘဝရောက်သွားတယ်” ဆိုပြီး စာအုပ်တစ်အုပ် (The Narcissism Epidemic) မှာ ဖော်ပြထားတယ်။

သမ္မာကျမ်းစာက “လောကစည်းစိမ်၌ဝါကြွားခြင်း” ဟာ မိုက်မဲရာကျတယ်ဆိုပြီး ဖော်ပြထားတယ်။ (၁ ယောဟန် ၂:၁၆) ဥစ္စာပစ္စည်းကို စွဲလမ်းတဲ့သူဟာ ငွေနဲ့ဝယ်လို့မရတဲ့၊ ဘဝမှာပိုအရေးကြီးတဲ့အရာတွေကို မရရှိနိုင်ဘူးဖြစ်နေတယ်။ ဥပမာသုံးခုကို သုံးသပ်ကြည့်ကြရအောင်။

၁။ မိသားစုစည်းလုံးမှု

အမေရိကန်နိုင်ငံက ၁၇ နှစ်အရွယ် ဘရယ်နီaက သူ့အဖေဟာ အလုပ်နဲ့ ငွေအပေါ် အာရုံစိုက်လွန်းတယ်လို့ ခံစားရတယ်။ “ကျွန်မတို့မှာ ဘာမဆိုရှိတယ်၊ လိုတာထက်တောင်ပိုတယ်။ ဒါပေမဲ့ အဖေက အိမ်မှာမရှိဘဲ အမြဲလိုလို ခရီးထွက်နေတာ။ အလုပ်ကြောင့် ခရီးထွက်ရတာဆိုတာကိုတော့ နားလည်ပါတယ်။ ဒါပေမဲ့ မိသားစုကိုဂရုစိုက်ဖို့လည်း တာဝန်ရှိတယ်လို့ ကျွန်မထင်တယ်။”

စဉ်းစားစရာ– ဘရယ်နီရဲ့အဖေ နောက်ပိုင်းမှာ ဘယ်လိုဝမ်းနည်းစရာ အခြေအနေ ကြုံရနိုင်စရာရှိသလဲ။ ပစ္စည်းဥစ္စာကို အဓိကထားတဲ့အတွက် သမီးနဲ့ သူ့ရဲ့ ရင်းနှီးမှုနှောင်ကြိုး ဘယ်လိုဖြစ်လာနိုင်သလဲ။ သူ့မိသားစုက ငွေထက် သူ့ဆီက ဘာလိုချင်သလဲ။

သုံးသပ်စရာ ကျမ်းစာအကြံပြုချက်များ-

  • “ငွေကိုတပ်မက်ခြင်းသည် အကျိုးပျက်စေသောအရာအမျိုးမျိုး၏ မူလအမြစ်ဖြစ်၏။ လူအချို့သည် ငွေကိုတပ်မက်ခြင်းကြောင့် . . . ဝေဒနာများစွာဖြင့် ကိုယ့်ကိုယ်ကိုယ် ထိုးနှက်ကြပြီ။”—၁ တိမောသေ ၆:၁၀။

  • “အချင်းချင်းချစ်ခင်သူတို့နှင့်အတူ ဟင်းသီးဟင်းရွက်တစ်နပ်စာ စားရခြင်းသည် အချင်းချင်းမုန်းသူတို့နှင့်အတူ အကောင်းဆုံးအမဲဟင်းလျာ စားရခြင်းထက် ပို၍ကောင်း၏။”—သုတ္တံ ၁၅:၁၇၊ ခမ။

အဓိကအချက်– မိသားစုစည်းလုံးမှုကို ငွေနဲ့ မဝယ်နိုင်ဘူး။ မိသားစုနဲ့အတူတူရှိခြင်း၊ မေတ္တာနဲ့ဂရုစိုက်မှု အလုံအလောက်ပေးခြင်းကနေပဲ စည်းလုံးမှုရရှိနိုင်တယ်။—ကောလောသဲ ၃:၁၈-၂၁။

၂။ စစ်မှန်တဲ့လုံခြုံမှု

“အမေက ကျွန်မကို ချမ်းသာတဲ့လူတစ်ယောက်ယောက်နဲ့လက်ထပ်၊ ပြီးတော့ စီးပွားရေးတစ်ခုခုလုပ်၊ ဒါဆိုရင် သမီးရဲ့နောင်ရေးစိတ်အေးရပြီ ဆိုပြီး အမြဲပြောလေ့ရှိတယ်။ အမေ့စိတ်ထဲမှာ ငွေဘယ်လိုရနိုင်မလဲဆိုတာကိုပဲ စဉ်းစားနေတယ်” လို့ ၁၇ နှစ်အရွယ် စယ်ရာကပြောတယ်။

စဉ်းစားစရာ– အနာဂတ်ကို စဉ်းစားကြည့်တဲ့အခါ အမှန်တကယ်စိုးရိမ်သင့်တာ ဘာရှိသလဲ။ စိုးရိမ်သင့်တာထက် ပိုပြီးစိုးရိမ်ပူပန်နေသလား။ စယ်ရာရဲ့မိခင်က ငွေကြေးနဲ့ပတ်သက်ပြီး ဘယ်လိုမျှတစွာ ရှုမြင်သင့်သလဲ။

သုံးသပ်စရာ ကျမ်းစာအကြံပြုချက်များ-

  • “သံချေး၊ ပိုးရွ ဖျက်ဆီးတတ်၍ သူခိုးထွင်းဖောက်ခိုးယူတတ်သည့် မြေကြီးပေါ်မှာ ဘဏ္ဍာကို မစုဆောင်းကြနှင့်တော့။” —မဿဲ ၆:၁၉။

  • “နက်ဖြန်နေ့၌ သင်တို့အသက်သည် မည်သို့ဖြစ်မည်ကို မသိကြ။”—ယာကုပ် ၄:၁၄။

အဓိကအချက်– ငွေစုဆောင်းထားရုံနဲ့ အနာဂတ်လုံခြုံမှု မရရှိနိုင်ပါဘူး။ တကယ်တမ်းကျတော့ ငွေက အခိုးခံရနိုင်ပြီး ရောဂါဘယကင်းဝေးအောင်၊ သေခြင်းကနေ လွတ်မြောက်အောင် မလုပ်နိုင်ဘူး။ (ဒေသနာ ၇:၁၂) ဘုရားသခင်နဲ့ ကိုယ်တော့်ရည်ရွယ်ချက်ကိုသိရှိခြင်းကနေပဲ စစ်မှန်တဲ့လုံခြုံမှု ရရှိမယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။—ယောဟန် ၁၇:၃။

၃။ ကျေနပ်ရောင့်ရဲမှု

“မိဘတွေက ကျွန်မတို့ကို ရိုးရိုးရှင်းရှင်းနေတတ်အောင် ပြုစု ပျိုးထောင်ပေးခဲ့တယ်။ များသောအားဖြင့် အခြေခံလိုအပ်ရာလေးနဲ့ပဲ နေခဲ့ရတာတောင် ကျွန်မနဲ့ ကျွန်မရဲ့အစ်မဟာ ပျော်ပျော်ရွှင်ရွှင်ပဲ ကြီးပြင်းလာခဲ့ကြတယ်” လို့ ၂၄ နှစ်အရွယ် တန်ယာကပြောတယ်။

စဉ်းစားစရာ– အခြေခံလိုအပ်ရာနဲ့ ကျေနပ်ရောင့်ရဲဖို့ ဘာကြောင့် ခက်ခဲနိုင်သလဲ။ ငွေနဲ့ပတ်သက်ပြီး မိသားစုရှေ့မှာ ဘာပုံသက်သေချမလဲ။

သုံးသပ်စရာ ကျမ်းစာအကြံပြုချက်များ-

  • “ငါတို့သည် စားစရာ၊ ဝတ်စရာ၊ နေစရာရှိသမျှနှင့် ကျေနပ် ရောင့်ရဲနေကြရမည်။”—၁ တိမောသေ ၆:၈။

  • “ဘုရားသခင်ကို မှီခိုရန် လိုကြောင်း သိမှတ်သူတို့ သည် ပျော်ရွှင်ကြ၏။”—မဿဲ ၅:၃။

အဓိကအချက်– ဘဝမှာ ငွေနဲ့ ငွေနဲ့ဝယ်လို့ရတဲ့အရာတွေထက် ပိုလိုအပ်တဲ့အရာရှိတယ်။ ကျမ်းစာမှာ ဒီလိုပြောထားတယ်– “လူတစ်ဦးသည် စည်းစိမ်ကြွယ်ဝသော်လည်း သူ၏စည်းစိမ်၌ အသက်မတည်။” (လုကာ ၁၂:၁၅) တကယ်တမ်းတော့ စိတ်ကျေနပ်မှုအပေးဆုံးအရာက ဒီလိုမျိုးအရေးကြီးတဲ့ မေးခွန်းတွေရဲ့အဖြေကနေ လာတာဖြစ်တယ်။ အဲဒီမေးခွန်းတွေကတော့-

  • လူတွေ ဘာကြောင့် ဒီကမ္ဘာပေါ်မှာ ရှိနေရတာလဲ။

  • လူသားတွေရဲ့အနာဂတ် ဘယ်လိုရှိသလဲ။

  • ဘုရားတရားမှာမြဲမြံအောင် ဘယ်လိုလုပ်ရမလဲ။

ဒီမေးခွန်းတွေရဲ့အဖြေတွေကို သင်သိအောင် ဒီမဂ္ဂဇင်းကိုထုတ်ဝေတဲ့ ယေဟောဝါသက်သေတွေက လိုလိုလားလားနဲ့ ကူညီပေးချင်ပါတယ်။

a ဒီဆောင်းပါးမှာပါတဲ့ နာမည်တွေကို ပြောင်းထားပါတယ်။

ပျော်ရွှင်မှုရဖို့ ငွေက အဓိကလား

“ပစ္စည်းဥစ္စာအဓိကထားတဲ့လူတွေမှာ ပျော်ရွှင်မှုနည်းပြီး စိတ်ကျဝေဒနာ ဖြစ်တတ်ပါတယ်။ ပိုပြီးငွေရှိချင်တဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တတ်သလို လည်ချောင်းနာတာ၊ ကျောအောင့်တာ၊ ခါးနာတာ၊ ခေါင်းကိုက်တာစတဲ့ ကျန်းမာရေးပြဿနာတွေလည်း ကြုံတွေ့ရတယ်။ အရက်အလွန်အကျွံသောက်သုံးတာနဲ့ တရားမဝင် မူးယစ်ဆေးသုံးစွဲတာတွေလုပ်ဖို့ ပိုအကြောင်းရှိနိုင်တယ်။ ချမ်းသာဖို့ ကြိုးစားတဲ့အခါ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်ကြတယ်” လို့စာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။—The Narcissism Epidemic

“အတွေးအခေါ်ပြောင်းလဲလာ”

“၁၉၆၀ ကနေ ၁၉၇၀ ပြည့်နှစ်အတွင်းမှာ ဘာကြောင့် ကောလိပ်တက်တာလဲလို့ မေးတဲ့အခါ ကျောင်းသားအများစုက ‘ပညာတတ်ဖြစ်ချင်လို့၊’ ‘အတွေးအခေါ် တိုးတက်ချင်လို့’ လို့ဖြေကြတယ်။ လူနည်းစုလောက်ကပဲ ကောလိပ်တက်တာ ‘ချမ်းသာချင်လို့’ လို့ ဖြေကြတယ်။ ၁၉၉၀ ပြည့်လွန်နှစ်နောက်ပိုင်းကစပြီး ကျောင်းသားအများစုက တက္ကသိုလ်တက်တာ ‘ဝင်ငွေကောင်းတဲ့အလုပ်ရဖို့’ လို့ ဖြေကြတယ်။ အဲဒီလိုအတွေးအခေါ်ရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေထဲမှာ စိတ်ဓာတ်ကျမှု၊ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ တစ်ရှိန်ထိုး မြင့်တက်လာတယ်။”—ဒေါက်တာ မက်ဒလင်း လာဗင်ရေးတဲ့ The Price of Privilege စာအုပ်။

“အပျော်ဈေးဝယ်ထွက်ခြင်း”

မိသားစု၊ အသိုင်းအဝိုင်းနဲ့ ဘာသာရေးကနေ နှစ်သိမ့်မှုမရရှိတဲ့အခါ “အပျော်ဈေးဝယ်ထွက်ခြင်း” ကနေ နှစ်သိမ့်မှုရယူကြတယ်။ “ဈေးဝယ်တဲ့အခါမှာ ဝယ်တဲ့သူက အပေါ်စီးကနေ နေလိုက်ရတဲ့အတွက် အသာရတယ်လို့ ခံစားရတယ်။ အဲဒါကလည်း လှည့်ကွက်တစ်ခုပါပဲ။ တကယ်တမ်း အပေါ်စီးရတာက အကြီးစားကော်ပိုရေးရှင်းနဲ့ သူတို့ရဲ့ ကြော်ငြာရှင်တွေပါ။ ဈေးဝယ်သူတွေ အဲဒီလိုဖြစ်အောင် လုပ်နိုင်တဲ့အတွက် ငွေရတယ်” လို့ ဒေါက်တာ မက်ဒလင်း လာဗင် ရေးတဲ့ စာအုပ်မှာဖော်ပြထားတယ်။—The Price of Privilege

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ