ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၃/၁၄ စာ. ၈-၉
  • ငွေကြေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငွေကြေး
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ငွေက မကောင်းတာအားလုံးရဲ့ ရင်းမြစ်လား
  • ငွေကြေး အသုံးပြုရတဲ့ ရည်ရွယ်ချက်ကဘာလဲ
  • ငွေကို အကျိုးရှိရှိ ဘယ်လိုအသုံးပြုနိုင်မလဲ
  • ငွေဟာ မကောင်းမှု အမျိုးမျိုးရဲ့ ဇာစ်မြစ်လား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ငွေနဲ့ပတ်သက်ပြီး မျှတတဲ့အမြင်
    နိုးလော့!—၂၀၁၅
  • ငွေနှင့်ပတ်သက်သည့် ပညာရှိအမြင်ကား အဘယ်နည်း
    နိုးလော့!—၂၀၀၇
  • ငွေကြေးစီမံခန့်ခွဲနည်း
    ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၃/၁၄ စာ. ၈-၉
ဖွင့်ထားတဲ့ ဘဏ္ဍာတိုက်ထဲမှငွေများ

သမ္မာကျမ်းစာရှုထောင့်

ငွေကြေး

ငွေက မကောင်းတာအားလုံးရဲ့ ရင်းမြစ်လား

“ငွေကိုတပ်မက်ခြင်းသည် အကျိုးပျက်စေသောအရာ အမျိုးမျိုး၏ မူလအမြစ်ဖြစ်၏။” —၁ တိမောသေ ၆:၁၀။

လူတွေပြောဆိုရာ

မကောင်းတာအားလုံးရဲ့ အဓိကရင်းမြစ်က ငွေပဲ။

သမ္မာကျမ်းစာပြောဆိုရာ

ငွေကိုယ်နှိုက်မဟုတ်ဘဲ “ငွေကိုတပ်မက်ခြင်း” ကသာ “အကျိုးပျက်စေသောအရာအမျိုးမျိုး” ကို ဖြစ်ပွားစေတာပါ။ ချမ်းသာကြွယ်ဝတဲ့ ရှင်ဘုရင်ရှောလမုန်က ငွေမက်တဲ့သူတွေ များသောအားဖြင့် ခံစားရလေ့ရှိတဲ့ အကျိုးဆက်သုံးခုကို သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ စိုးရိမ်ကြောင့်ကြမှု– “ချမ်းသာကြွယ်ဝသူမူကား ကြွယ်ဝမှုကြောင့် စိုးရိမ်ကြောင့်ကြသဖြင့် အိပ်၍ မပျော်နိုင်။” (ဒေသနာ ၅:၁၂၊ ခမ) ရောင့်ရဲမှုမရှိခြင်း– “ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ်တိုးပွားသော်လည်း မရောင့်ရဲနိုင်။” (ဒေသနာ ၅:၁၀) ဥပဒေချိုးဖောက်ခြင်း– “ဖြတ်လမ်းဖြင့် ကြွယ်ဝချမ်းသာရန် ကြိုးစားသူတို့မူကား အပြစ်ဒဏ်စီရင်ခြင်းကို ခံရကြလိမ့်မည်။”—သုတ္တံ ၂၈:၂၀၊ ခမ။

ငွေကြေး အသုံးပြုရတဲ့ ရည်ရွယ်ချက်ကဘာလဲ

“ငွေသည်လည်း ကွယ်ကာတတ်၏။” —ဒေသနာ ၇:၁၂။

လူတွေပြောဆိုရာ

ငွေက ပျော်ရွှင်မှုနဲ့ လုံခြုံမှုကို ရစေတယ်။

သမ္မာကျမ်းစာပြောဆိုရာ

ငွေနဲ့ ပျော်ရွှင်မှု၊ လုံခြုံမှုကို ဝယ်လို့ရတယ်ဆိုတာက “စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း” တစ်မျိုး ဖြစ်ပါတယ်။ (မာကု ၄:၁၉) “ငွေမူကား အရာရာကို နိုင်တတ်၏” လို့လည်း ဆိုထားပါတယ်။ (ဒေသနာ ၁၀:၁၉) ဥပမာ၊ အသက်ရှင်ရေးမှာ အရေးပါတဲ့ အစားအစာ၊ ဆေးဝါး စတာတွေကို ငွေနဲ့ ဝယ်နိုင်ပါတယ်။—၂ သက်သာလောနိတ် ၃:၁၂။

ငွေက မိသားစုကို စောင့်ရှောက်ရာမှာလည်း ထောက်ကူပေးနိုင်တယ်။ သမ္မာကျမ်းစာမှာ ဒီလိုပြောထားတယ်– “မိမိကြည့်ရှုစောင့်ရှောက်ရမည့်သူတို့ကို၊ အထူးသဖြင့် မိမိ၏အိမ်သူအိမ်သားတို့ကို မထောက်ပံ့သောသူသည် ယုံကြည်ခြင်းတရားကို ငြင်းပယ်၍ မယုံကြည်သောသူထက်ပင် သာ၍ဆိုး၏။”—၁ တိမောသေ ၅:၈။

ငွေကို အကျိုးရှိရှိ ဘယ်လိုအသုံးပြုနိုင်မလဲ

“ကုန်ကျမယ့်စရိတ်ကို အရင်တွက်ချက် ဆုံးဖြတ်ရမယ်။”—လုကာ ၁၄:၂၈၊ နားလည်လွယ်သော ခေတ်သုံးမြန်မာကျမ်း။

သမ္မာကျမ်းစာပြောဆိုရာ

ဘုရားသခင်ကြိုက်နှစ်သက်တဲ့နည်းလမ်းအတိုင်း ငွေကိုအသုံးပြုပါ။ (လုကာ ၁၆:၉) ငွေကို ရိုးသားဖြောင့်မတ်စွာ၊ ချင့်ချိန်ပြီးသုံးပါ။ (ဟေဗြဲ ၁၃:၁၈) ကိုယ့်ရဲ့ဝင်ငွေထက် ပိုသုံးမိပြီး မလိုလားအပ်တဲ့ ဝန်ထုတ်ဝန်ပိုးတွေမပိအောင် ဒီကျမ်းစာလမ်းညွှန်ချက်ကို လိုက်နာပါ– “သင်တို့သည် ငွေအတွက် အသက်မရှင်နှင့်။ ရှိသမျှဖြင့် ရောင့်ရဲလော့။”—ဟေဗြဲ ၁၃:၅၊ ခမ။

သမ္မာကျမ်းစာက အကြွေးယူခြင်းကို မတားမြစ်ထားပေမဲ့ “ချေးငှားယူသောသူသည် ချေးငှားပေးသောသူ၌ ကျွန်ဖြစ်၏” လို့ သတိပေးထားပါတယ်။ (သုတ္တံ ၂၂:၇) “အလျင်စလိုပြုလုပ်တတ်သူမူကား အစဉ်ချို့တဲ့” မှာဖြစ်တဲ့အတွက် အဲဒီလိုမဖြစ်အောင် စိတ်ကူးပေါက်သလို စျေးဝယ်ခြင်းကို ရှောင်ပါ။ (သုတ္တံ ၂၁:၅၊ ခမ) အဲဒီအစား “မိမိတို့ဥစ္စာအချို့ကို အိမ်တွင် သီးသန့်ဖယ်ထား” ပြီး အရေးပေါ်လာတဲ့အခါသုံးဖို့ စုဆောင်းထားပါ။—၁ ကောရိန္သု ၁၆:၂။

သမ္မာကျမ်းစာက “ပေးကမ်းခြင်းကို ကျင့်ယူကြ” ဖို့လည်း အားပေးထားပါတယ်။ (လုကာ ၆:၃၈) “စေတနာစိတ်နှင့် လှူသောသူကို ဘုရားသခင် နှစ်သက်” တဲ့အတွက် ဘုရားသခင်ရဲ့ မျက်နှာသာရလိုသူတွေဟာ ရက်ရက်ရောရော ပေးကမ်းနိုင်ပါတယ်။ (၂ ကောရိန္သု ၉:၇) ဒါကြောင့် ကျမ်းစာမှာ “အချင်းချင်းအား ကျေးဇူးပြုရန်နှင့် ကူညီမစရန် မမေ့ကြနှင့်။ ထိုသို့သောယဇ်များကို ဘုရားသခင် နှစ်သက်တော်မူ၏” လို့ အားပေးထားခြင်းဖြစ်ပါတယ်။ —ဟေဗြဲ ၁၃:၁၆၊ ခမ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ