ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၈ အမှတ် ၂ စာ. ၁၄
  • ၁၁ လုံ့လဝီရိယ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၁၁ လုံ့လဝီရိယ
  • နိုးလော့!—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆိုလိုရင်း
  • ဘာကြောင့် အရေးကြီးသလဲ
  • လုပ်ဆောင်နိုင်ရာ
  • အလုပ်ကြိုးစားမှုကနေ ကျေနပ်ပျော်ရွှင်မှုရနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • အလုပ်အကိုင်
    နိုးလော့!—၂၀၁၅
  • ကြိုးစားပမ်းစား လုပ်ကိုင်မှုကြောင့် ပျော်ရွှင်ကျေနပ်ပါ
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • အလုပ်မှာ ပျော်ရွှင်ကျေနပ်ပါ
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၈
န၁၈ အမှတ် ၂ စာ. ၁၄
မိန်းကလေးတစ်ယောက် ပြေးနေစဉ်

အလုပ်ကြိုးစားခြင်းဟာ လေ့ကျင့်ခန်းလုပ်တာနဲ့ တူတယ်။ အခုရော နောင်ရော အကျိုးပြုတယ်။

လူငယ်များအတွက်

၁၁ လုံ့လဝီရိယ

ဆိုလိုရင်း

ဝီရိယရှိသူတွေက အလုပ်ကို မရှောင်ကြဘူး။ ကိုယ့်လိုအပ်ရာအတွက်၊ တခြားသူတွေကို ကူညီပေးဖို့အတွက် ဂုဏ်မရှိတဲ့အလုပ် လုပ်ရရင်တောင်မှ အလုပ်ကို ကြိုးကြိုးစားစား လုပ်ကြတယ်။

ဘာကြောင့် အရေးကြီးသလဲ

ကြိုက်ကြိုက် မကြိုက်ကြိုက် ဘဝမှာ လုပ်စရာတာဝန်တွေ အပြည့်ပဲ။ အလုပ်ကြိုးစားချင်သူ နည်းတဲ့လောကမှာ ဝီရိယရှိခြင်းက အကျိုးခံစားရစေတယ်။—ဒေသနာ ၃:၁၃။

“အလုပ်ကြိုးစားတဲ့အခါ ဂုဏ်ယူတယ်။ စိတ်ကျေနပ်မှု ခံစားရတယ်။ စိတ်ကျေနပ်မှုကြောင့် အလုပ်ကို နှစ်သက်လာတယ်။ အလုပ်ကြိုးစားတာက နာမည်ကောင်းလည်း ရစေတယ်။”—ရေယွန်။

ကျမ်းစာ အခြေခံမူ။ “ကြိုးစားပမ်းစားလုပ်တဲ့ အလုပ်မှန်သမျှ အကျိုးရှိတယ်။”—ပညာအလိမ္မာ ၁၄:၂၃။

လုပ်ဆောင်နိုင်ရာ

အောက်ဖော်ပြပါ အချက်တွေကို လိုက်နာပြီး အလုပ်အပေါ် အကောင်းမြင်စိတ် ပျိုးထောင်ပါ။

လုပ်တတ်ကိုင်တတ်တာကို ဂုဏ်ယူပါ။ အိမ်အလုပ်ဖြစ်ဖြစ်၊ အိမ်စာဖြစ်ဖြစ်၊ တခြားအလုပ်ဖြစ်ဖြစ် အလုပ်မှာ စိတ်နှစ်ထားပါ။ အလုပ်ပြီးသွားရင် ပိုမြန်အောင်၊ ပိုကောင်းအောင် လုပ်နိုင်မယ့်နည်းလမ်းတွေ ရှာကြံပါ။ ကျွမ်းကျင်လာလေ အလုပ်လုပ်ရတာ ပိုပျော်လာလေပါပဲ။

ကျမ်းစာ အခြေခံမူ။ “အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်တဲ့သူကို တွေ့ဖူးသလား။ အဲဒီလိုလူဟာ သာမန်လူတွေရှေ့မှာ မဟုတ်ဘဲ ဘုရင့်ရှေ့တော်မှာ ခစားရလိမ့်မယ်။”—ပညာအလိမ္မာ ၂၂:၂၉။

အကျိုးဆက်ကို ကြည့်ပါ။ များသောအားဖြင့် ကိုယ့်တာဝန်ကို ကျေပွန်တဲ့အခါ တခြားသူတွေကို အကျိုးပြုတယ်။ ဥပမာ၊ အိမ်အလုပ်ကို ဝီရိယရှိရှိလုပ်တဲ့အခါ တခြားမိသားစုဝင်တွေကို ဝန်ပေါ့စေတယ်။

ကျမ်းစာ အခြေခံမူ။ “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်။”—တမန်တော် ၂၀:၃၅။

ပိုလုပ်လိုက်ပါ။ တာဝန်ကျေရုံ လုပ်မယ့်အစား ပိုလုပ်လိုက်ပါ။ သူများခိုင်းလို့ မဟုတ်ဘဲ ကိုယ့်စိတ်နဲ့ကိုယ် ပိုလုပ်တာမို့ ကိုယ့်ဘဝကို ကိုယ်တိုင်ထိန်းကျောင်းနေတာပဲ။—မဿဲ ၅:၄၁။

ကျမ်းစာ အခြေခံမူ။ “အတင်းအကျပ်ခိုင်းလို့ မဟုတ်ဘဲ စိတ်လိုကိုယ်လျောက် ကောင်းမှုပြုတာမျိုး ခင်ဗျားကို ဖြစ်စေချင်တယ်။” —ဖိလေမုန် ၁၄။

မျှတပါ။ ဝီရိယရှိသူတွေဟာ အပျင်းမကြီးသလို အလုပ်သရဲတွေလည်း မဟုတ်ကြဘူး။ အလုပ်ကြိုးစားသလို အနားလည်း ယူကြတယ်။

ကျမ်းစာ အခြေခံမူ။ “လက်တစ်ဆုပ်စာ အနားယူရတာဟာ လက်နှစ်ဆုပ်စာ တပင်တပန်း လုပ်ဆောင်ပြီး လေကို ဖမ်းဆုပ်ဖို့ အားထုတ်နေတာထက် ပိုကောင်းတယ်။”—ဒေသနာ ၄:၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ