လောကဆိုးကြီးကို ဘုရားသခင်ဖျက်ဆီး
၁၈ အာဒံ၏ သားစဉ်မြေးဆက် များပြားလာပြီး အလွန် ဆိုးကြသည်။ ဘုရားသခင် သူတို့ကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်လိုက်သည်။—ကမ္ဘာဦး ၆:၁၊ ၅၊ ၇
၁၉ သို့သော် နောဧဟုခေါ်သော လူကောင်းတစ်ယောက်ရှိသည်။—ကမ္ဘာဦး ၆:၈၊ ၉
လူဆိုးတို့ဖျက်ဆီးခံရသည့်အခါ သူနှင့် သူ့မိသားစု လွတ်မြောက်အောင် ဧရာမသင်္ဘောကြီးတစ်စင်း ဆောက်ဖို့ ယေဟောဝါဘုရားသခင် သူ့ကို ခိုင်းလိုက်သည်။ သင်္ဘောကြီးသည် သေတ္တာကြီးနှင့်တူသည်။ —ကမ္ဘာဦး ၆:၁၃၊ ၁၄
၂၀ သင်္ဘောထဲကို တိရစ္ဆာန်များစွာ သွင်းလိုက်ကြသည်။—ကမ္ဘာဦး ၆:၁၉-၂၁
၂၁ ယေဟောဝါ မိုးကြီး သည်းသည်းမဲမဲရွာချခိုင်းလိုက်သည်။ လူဆိုးအားလုံး သေသွားကြသည်။ သင်္ဘောထဲကလူတွေတော့ အသက်ချမ်းသာရကြသည်။ အဘယ်ကြောင့်ဆိုသည်ကို သင်သိသလော။ —ကမ္ဘာဦး ၆:၁၇; ၇:၁၁၊ ၁၂၊ ၂၁; ၁ ပေတရု ၃:၁၀-၁၂