ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကက စာ. ၁၀၁-စာ. ၁၀၅
  • ဆိုးသွမ်းမှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆိုးသွမ်းမှု
  • ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်​—
  • ဆိုးယုတ်မှုကို ဘုရားသခင် ခွင့်ပြုထားခြင်းမှ ကျွန်ုပ်တို့ သိရှိရသည့် အရာများ
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • “နောက်ဆုံးကာလ” တွင် ကျွန်ုပ်တို့ရောက်ရှိနေကြောင်း သိနိုင်ပုံ
    ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော
  • ဝိညာဏဘောင်တွင်ရှိ အစိုးရသူများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • အပိုင်း ၁။ ခရစ်ယာန် ယုံကြည်ချက်များ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
နောက်ထပ် ကြည့်ပါ
ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
ကက စာ. ၁၀၁-စာ. ၁၀၅

ဆိုးသွမ်းမှု

အဓိပ္ပာယ်သတ်မှတ်ချက်– အလွန်ဆိုးရွားသောသီလပျက်မှုဖြစ်သည်။ တစ်ပါးသူကို ထိခိုက်နာကျင်စေခြင်း၊ အာဃာတစိတ်ဖြင့် ဖျက်လိုဖျက်ဆီးပြုခြင်းဖြစ်၏။

ဆိုးသွမ်းမှု အဘယ်ကြောင့် ဤမျှများပြားသနည်း

ဘုရားသခင်ကို အပြစ်မတင်သင့်။ လူ့အား စုံလင်သောအစကို ပေးတော်မူသော်လည်း လူသည် ဘုရားသခင့်တောင်းဆိုချက်များကို လျစ်လျူရှုလျက် မိမိကိုယ်တိုင် အမှားအမှန် ဆုံးဖြတ်လေသည်။ (တရား. ၃၂:၄၊ ၅; ဒေ. ၇:၂၉; က. ၃:၅၊ ၆) သို့နှင့် နတ်ဆိုးဩဇာအောက်သို့ ကျရောက်ခဲ့လေသည်။​—ဧ. ၆:၁၁၊ ၁၂။

၁ ယော. ၅:၁၉– “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်။”

ဗျာ. ၁၂:၇-၁၂– “ကောင်းကင်၌ စစ်ဖြစ်၏။ . . . နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။ ထိုအခါ ဤလောကတနိုင်ငံလုံးကိုလှည့်ဖြား၍ မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ၏တမန်တို့ကိုလည်းကောင်း မြေကြီးသို့ချလိုက်ကြ၏။ . . . ထိုကြောင့်၊ ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလ တခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ။” (နိုင်ငံတော်တည်ထောင်၍ စာတန်ကို ကောင်းကင်မှပစ်ချသည့်အချိန်မှစ၍ ကမ္ဘာပေါ် အမင်္ဂလာတိုးများလာသည်။ အခန်းငယ် ၁၀ ကိုကြည့်ပါ။)

၂ တိ. ၃:၁-၅၊ သမ– “နောက်ဆုံးနေ့ရက်ကာလ၌ ခဲယဉ်းသောအဖြစ်အပျက်များ ရောက်လာမည်ကို သိမှတ်လော့။ အသို့ဆိုသော် လူတို့သည် ကိုယ်ကိုချစ်သူ၊ လောဘရှိသူ၊ ဝင့်ဝါသူ၊ မာနထောင်လွှားသူ၊ ကဲ့ရဲ့သူ၊ မိဘစကားကိုမလိုက်နာသူ၊ ကျေးဇူးကန်းသူ၊ မသန့်ရှင်းသူ၊ သင်္ဂဟကင်းသူ၊ ရန်ငြိုးဖွဲ့သူ၊ ကုန်းချောသူ၊ ကိုယ်ကိုမချုပ်တည်းသူ၊ ကြမ်းကြုတ်သူ၊ အကောင်းကိုမနှစ်သက်သူ၊ သစ္စာဖျက်သူ၊ အဆောတလျင်ပြုသူ၊ စော်ကားသူ၊ ဘုရားကိုမြတ်နိုးသည်ထက် အပျော်အမွေ့ကိုနှစ်သက်သူ၊ ဘုရားကြည်ညိုဟန်ဆောင်သော်လည်း ဆိုင်ရာတန်ခိုးကို ငြင်းပယ်သူများ ဖြစ်ကြလိမ့်မည်။” (ဤကား၊ ရာစုများစွာ ဝတ်ပြုမှုအမှန်မှ တိမ်းလွဲခြင်း၏ရလဒ်တည်း။ ဘာသာရေးကိုင်းရှိုင်းသူအမည်ခံများ ဘုရားသခင့်နှုတ်ကပတ်တော်အဆိုအမိန့်ကို ဥပေက္ခာပြုရာမှ ပေါ်လာသောအခြေအနေများတည်း။ သူတို့သည် ဝတ်ပြုမှုအမှန်၏သြဇာကောင်းကိုပယ်၍ သစ္စာဖောက်ခဲ့ကြလေပြီ။)

၎င်းကို ဘုရားသခင်အဘယ်ကြောင့် ခွင့်ပြုသနည်း

လူဆိုးမှန်သမျှကိုရှင်းပစ်လိုက်လျှင် အကောင်းဆုံးဟု တစ်ခါတစ်ရံ ကျွန်ုပ်တို့ထင်မှတ်တတ်၏။ ဆိုးသွမ်းမှု၏ဇာတ်သိမ်းခန်းကို ကျွန်ုပ်တို့မြင်လို၏။ သို့သော်၊ ကျွန်ုပ်တို့ကြုံရသော ဆင်းရဲမှုအချိန်ပိုင်းမှာ ဆိုးသွမ်းမှုကာလတစ်ခုလုံးနှင့်ယှဉ်လျှင် တိုလှ၏။ ဘုရားသခင် မည်သို့ခံစားရမည်ထင်သနည်း။ လူတို့သည် မိမိတို့ကြုံတွေ့ရသောအခြေအနေဆိုးများကြောင့် ကိုယ်တော်ကို အပြစ်တင်ရုံမက၊ ကျိန်ဆဲလာကြရာ အနှစ်ထောင်ချီရှိလေပြီ။ သို့ရာတွင် ကိုယ်တော့်အပြစ်မဟုတ်။ စာတန်နှင့် လူဆိုးတို့လက်ချက်ဖြစ်၏။ လူဆိုးကိုဖျက်ဆီးနိုင်စွမ်း ယေဟောဝါ၌ရှိ၏။ အကြောင်းရှိ၍သာ ကိုယ်တော်အောင့်အည်းနေခြင်းဖြစ်ရမည်။ ယေဟောဝါ၏ဖြေရှင်းပုံသည် ကျွန်ုပ်တို့အကြိုက်မဖြစ်လျှင် ဆန်းသလော။ ကိုယ်တော်သည် အဘယ်လူသားထက်မဆို အဆများစွာ အတွေ့အကြုံရှိ၍ အမြင်ကျယ်လှ၏။​—ဟေရှာယ ၅၅:၈၊ ၉; ယေဇကျေလ ၃၃:၁၇ တို့နှင့်နှိုင်းယှဉ်ပါ။

အသိဉာဏ်ရှင်သတ္တဝါများအား စိတ်ကြိုက်ရွေးချယ်ပြုလုပ်နိုင်ခွင့်ကို ပေးတော်မမူခဲ့လျှင် ဆိုးသွမ်းမှုရှိလိမ့်မည်မဟုတ်။ သို့သော် ကိုယ်တော်ကိုချစ်၍ စိတ်လိုကိုယ်လျောက်နာခံရန်ဖြစ်စေ၊ မနာခံရန်ဖြစ်စေ ရွေးချယ်နိုင်သောအစွမ်းကို ကျွန်ုပ်တို့အား ပေးတော်မူ၏။ (တရား. ၃၀:၁၉၊ ၂၀; ယောရှု ၂၄:၁၅) မပေးခဲ့လျှင်အကောင်းသားဟုဆိုချင်သလော။ ကျွန်ုပ်တို့သည် မိဘဖြစ်လျှင် အဘယ်အခါ သာ၍ပျော်သနည်း။ ကျွန်ုပ်တို့ကလေးများ ကျွန်ုပ်တို့ကိုချစ်၍ နာခံသောအခါလော။ သို့မဟုတ်၊ အတင်းအကျပ်ပြုခံရ၍ နာခံသောအခါလော။ မိမိအားနာခံရန် အာဒံကို ဘုရားသခင် အကျပ်ကိုင်ခဲ့ဖို့ကောင်းသလော။ ဘုရားသခင်ကို မနာခံချင်ပဲ နာခံရသည့် လောကမျိုး၌ အသက်ရှင်ရလျှင် တကယ်ပို၍ပျော်မည်လော။ ဆိုးသွမ်းသောဤစနစ်ကိုမဖျက်ဆီးမီ မိမိ၏ဖြောင့်မတ်သောပညတ်များနှင့်အညီ တကယ်နေထိုင်လိုခြင်းရှိမရှိ၊ ပြသကြရန် လူတို့အား အခွင့်ပေးလျက်နေတော်မူ၏။ မိမိသတ်မှတ်ချိန်ဆိုက်လာသောအခါ လူဆိုးများကို မုချဖျက်ဆီးတော်မူမည်။​—၂ သက်. ၁:၉၊ ၁၀။

အရေးပါသောပြဿနာများဖြေရှင်းဖို့ ပညာရှိရှိ အချိန်ပေးလျက်နေတော်မူ၏။ (၁) ယေဟောဝါအုပ်စိုးမှု မဖြောင့်မတ်၊ အုပ်ချုပ်ပိုင်ခွင့်လည်းမရှိ ဟူသောစိန်ခေါ်ချက် ဧဒင်၌ ဖြစ်ပေါ်ခဲ့သည်။ (က. ၂:၁၆၊ ၁၇; ၃:၁-၅) (၂) ကောင်းကင်မြေကြီးပေါ်ရှိရှိသမျှ ဘုရားသခင့်ကျေးကျွန်များ သစ္စာတည်မှတည်ကြရဲ့လားဟူသောမေးခွန်း ပေါ်ပေါက်ခဲ့သည်။ (ယောဘ ၁:၆-၁၁; ၂:၁-၅; လု. ၂၂:၃၁) သူပုန် (စာတန်၊ အာဒံနှင့်ဧဝ) တို့ကို ဘုရားသခင် ချက်ချင်းဖျက်ဆီးလိုလျှင် ဖျက်ဆီးခဲ့ပြီ။ သို့သော် ပြဿနာပြေလည်သွားမည်မဟုတ်။ လူတစ်ယောက်၏စွမ်းပကားသည် သူ့လမ်းစဉ်မှန်ကြောင်း သက်သေမပြပါ။ ပေါ်ခဲ့သောပုစ္ဆာများမှာ အမှားအမှန်နှင့်ဆိုင်၏။ ဘုရားသခင် အချိန်ပေးရခြင်းမှာ တစ်စုံတစ်ရာကို မိမိသိလို၍မဟုတ်။ မိမိအုပ်စိုးမှုကိုပုန်ကန်လျှင် အဘယ်ဆိုးကျိုးသက်ရောက်မည်ဖြစ်ကြောင်း စိတ်ကြိုက်ပြုလုပ်ခွင့်ရှိသော သတ္တဝါအားလုံး မျက်မြင်ကိုယ်တွေ့ သိမြင်စေရန်ဖြစ်၏။ အရေးပါသော ထိုကိစ္စများ၌ မိမိတို့၏ရပ်တည်ချက်ကို ဖော်ထုတ်ဖို့ အခွင့်အလမ်းပေးခြင်းလည်းဖြစ်၏။ ထိုပြဿနာများရှင်းသွားလျှင် နောင်၌ မည်သူ့အားမျှ ငြိမ်သက်မှုဖျက်ဆီးခွင့် ပေးတော့မဟုတ်။ စကြဝဠာတခွင်လုံး၏စည်းကမ်းရှိမှု၊ ညီညွတ်မှုနှင့်ကောင်းစားရေးသည် ယေဟောဝါနာမတော်ကို သန့်ရှင်းမြင့်မြတ်စေမှု၊ အသိဉာဏ်ရှင်သတ္တဝါအားလုံး ကိုယ်တော်ကို စိတ်ရင်းအတိုင်း လေးမြတ်မှုရှိခြင်းအပေါ် မူတည်သည်။ (“စာတန်မာရ်နတ်” ခေါင်းစဉ်အောက်၊ စာမျက်နှာ ၈၄ ကိုလည်းကြည့်ပါ။)

ဥပမာ– တစ်စုံတစ်ယောက်က သင်သည် အိမ်ထောင်ဦးစီးအာဏာကို အလွဲသုံးသည်၊ သင့်ကလေးများအနေနှင့် သင့်အအုပ်အထိန်းကိုမခံဘဲ မိမိတို့ဘာသာ စိတ်ဆုံးဖြတ်ကြလျှင် ပို၍ကောင်းစားမည်၊ သင့်စကားကိုသူတို့နားထောင်ကြသည်မှာ သင့်ကိုချစ်၍မဟုတ်၊ သင်ပေးသောဥစ္စာကြောင့်သာဟုဆိုကာ တစ်ရပ်ကွက်လုံးရှေ့ သင့်အားစွဲဆိုလျှင် အဘယ်ဖြေရှင်းနည်းသည် အကောင်းဆုံးဖြစ်မည်နည်း။ မတရားစွပ်စွဲသူကိုပစ်သတ်လိုက်လျှင် ရပ်ကွက်သားတို့စိတ်ထဲ၌ ထိုပုစ္ဆာပြေလည်သွားမည်လော။ ထိုသို့ပြုမည့်အစား၊ သင်သည် တရား၍ မေတ္တာပြည့်ဝသောဖခင်ဖြစ်ကြောင်း၊ သင့်ကလေးများ သင့်ကိုချစ်၍ သင်နှင့်အတူနေထိုင်ကြခြင်းဖြစ်ကြောင်း၊ သင့်ကလေးများအား သက်သေထူခွင့်ပေးလျှင် မည်မျှထိရောက်သောဖြေရှင်းနည်းဖြစ်မည်တကား။ သင့်ကလေးထဲမှတချို့က ရန်သူကိုယုံ၍ အိမ်မှဆင်းသွားပြီး ကြိုက်သလိုနေထိုင်သဖြင့် ဘဝပျက်စီးကြလျှင် ရိုးသားသောအကဲခတ်သူတို့က သင့်ကလေးများ သင့်စကားကိုနားထောင်ခဲ့လျှင်အကောင်းသားဟု ဆိုကြမည်သာ။

ဆိုးသွမ်းမှုကို ယနေ့တိုင် ဘုရားသခင်ခွင့်ပြုလာသည့်အတွက် ကျွန်ုပ်တို့ တစ်နည်းနည်းဖြင့်အကျိုးခံစားကြရပြီလော

၂ ပေ. ၃:၉၊ သမ– “ထာဝရဘုရားသည် နှောင့်နှေးတော်မူသည်ဟု အချို့တို့မှတ်ယူကြသည့်အတိုင်း ကတိတော်ကိုဖြည့်ရန် နှောင့်နှေးတော်မူသည်မဟုတ်။ မည်သူမျှမပျက်စီးဘဲ ရှိသမျှတို့နောင်တရခွင့်ရှိစေရန် သင်တို့အပေါ်တွင် စိတ်ရှည်တော်မူ၏။” (ယေဟောဝါ ယနေ့တိုင် သည်းခံသည့်အတွက် ကျွန်ုပ်တို့နောင်တရကြောင်း၊ အကောင်းအဆိုး ကိုယ်တိုင်ဆုံးဖြတ်မည့်အစား၊ ကိုယ်တော့်ဖြောင့်မတ်သောအုပ်စိုးမှုကိုဝန်ခံလိုကြောင်း ပြသခွင့်ရကြလေပြီ။)

ရော. ၉:၁၄-၂၄၊ သမ– “အကယ်၍ ဘုရားသခင်သည် ယုဒလူမျိုးအနက်သာမဟုတ်၊ လူမျိုးခြားတို့အနက်လည်း ငါတို့ကိုခေါ်ထားတော်မူသည့်အလျောက် ဘုန်းပွင့်ခြင်းအဖို့ ပြင်ဆင်ပြီးသော ကျေးဇူးတော့်ဆိုင်ရာအိုးများ၌ ကြွယ်ဝသောဘုန်းတော်ကို ဖေါ်ပြခွင့်ရအံ့သောငှာ [ဆိုလိုသည်မှာ အချိန်ကိုသုံးလျက် မိမိရည်ရွယ်ချက်နှင့်အညီ အချို့သောသူတို့အပေါ် ကရုဏာတော်သက်ရောက်စေရန်] အမျက်တော်ကိုထင်ရှားစေ၍ တန်ခိုးတော်ကိုလည်း ဖော်ပြမည့်သဘောတော်ရှိလျက်ပင် ပျက်စီးခြင်းအဖို့ အရံသင့်သော အမျက်တော့်ဆိုင်ရာအိုးများကို အလွန်စိတ်ရှည်စွာသည်းခံတော်မူလျှင် [ဆိုလိုသည်မှာ လူဆိုးတို့ အချိန်အတိုင်းအတာဖြင့် အသက်ရှင်နေသည်ကို သည်းခံတော်မူလျှင်] မည်သို့နည်း။” (သို့ဖြစ်၍ ကောင်းကင်နိုင်ငံတော်သားများအဖြစ် ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည့်လူအချို့ကို အချိန်ယူရွေးချယ်နိုင်ရန် လူဆိုးတို့ကို မဖျက်ဆီးသေးပဲ ဆိုင်းငံ့ထားတော်မူသည်။ ဘုရားသခင် ဤသို့ပြုရာ၌ တစ်ဦးဦးအပေါ် မတရားပြုရာကျသလော။ မကျပါ။ ၎င်းသည် လူအမျိုးမျိုးတို့ကို ကောင်းချီးပေးခြင်းဆိုင်ရာ ယေဟောဝါ၏အစီအစဉ်တစ်ပိုင်းဖြစ်၏။ သူတို့အား ပရဒိသုမြေကြီးပေါ် ထာဝစဉ်နေထိုင်ခွင့် ပေးတော်မူမည်တည်း။ ဆာလံ ၃၇:၁၀၊ ၁၁ နှင့်နှိုင်းယှဉ်ပါ။)

တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်​—

‘ဒီလိုဆိုးသွမ်းမှုမျိုးကို ဘုရားသခင် ဘာကြောင့်ဖြစ်ခွင့်ပြုတာလဲ’

ဤသို့ ပြန်ပြောနိုင်သည်– ‘ဒါဟာ မေးသင့်မေးထိုက်တဲ့မေးခွန်းပဲ။ ဘုရားသခင်ရဲ့ သစ္စာရှိကျေးကျွန်တွေ ကိုယ့်အနီးအနားမှာ ဖြစ်ပျက်နေတဲ့ဆိုးသွမ်းမှုကြောင့် စိတ်ဆင်းရဲကြရတယ်။ (ဟဗ. ၁:၃၊ ၁၃)’ ထို့နောက် ဆက်လက်၍– (၁) ‘ဘုရားသခင် အရေးမစိုက်လို့မဟုတ်ပါဘူး။ လူဆိုးတွေနဲ့စာရင်းရှင်းမဲ့အချိန်ကို သတ်မှတ်ထားတယ်၊ စိတ်ချပါလို့ပြောပါတယ်။ (ဟဗ. ၂:၃)’ (၂) ‘အဲဒီအချိန်မှာ ကျွန်တော်တို့ အသက်ချမ်းသာရချင်လို့ရှိရင် ဘာလုပ်ရမလဲ။’ (ဟဗ. ၂:၄ခ; ဇေ. ၂:၃)’

သို့မဟုတ် ဤသို့ပြောနိုင်သည်– ‘ခုလိုမေးတဲ့အတွက် ဝမ်းသာပါတယ်။ ဒီပုစ္ဆာကြောင့် စိတ်နှလုံးရိုးဖြောင့်တဲ့လူတွေ စိတ်ဆင်းရဲကြရတယ်။ မိတ်ဆွေရဲ့မေးခွန်းကိုဖြေဆိုတဲ့နေရာမှာ တော်တော်အထောက်အကူပေးနိုင်တဲ့ အချက်အလက်တချို့ ကျွန်တော့်မှာ ရှိတယ်။ (စာမျက်နှာ ၁၀၂-၁၀၄ ပါအကြောင်းတချို့ကို အတူဖတ်ပါ။)

‘ဒီလောက်ကြာခဲ့တဲ့နောက်တော့ အခြေအနေပြောင်းသွားအောင် ဘုရားသခင်ဘာမှ လုပ်လိမ့်မယ် မထင်တော့ဘူး’

ဤသို့ပြန်ပြောနိုင်သည်– ‘မိတ်ဆွေ ဘုရားသခင်ကိုယုံကြည်တဲ့အတွက် ကျွန်တော်ဝမ်းသာတယ်။ ရှေးကတည်းကစပြီး ဒီကနေ့ထိ ကမ္ဘာပေါ်မှာ ဆိုးသွမ်းမှု ဒုနဲ့ဒေးရှိတာအမှန်ပဲ။ ဒါပေမဲ့ မိတ်ဆွေစဉ်းစားဖူးသလား။ . . . (ဘုရားသခင်သည်းခံလာခဲ့သောအချိန်နှင့်ပတ်သက်၍ စာမျက်နှာ ၁၀၂၊ အပိုဒ် ၃ ကိုသုံးပါ။)

သို့မဟုတ် ဤသို့ပြောနိုင်သည်– ‘အိမ်တစ်ဆောင်ဆောက်နိုင်တဲ့လူဟာ အိမ်ကိုသန့်ရှင်းအောင်လဲ လုပ်နိုင်တယ်ဆိုတာ မိတ်ဆွေလက်ခံမှာပဲ။ . . . ကမ္ဘာကို ဘုရားသခင်ဖန်ဆင်းတော့ကာ၊ ကမ္ဘာကိုသန့်ရှင်းအောင်လုပ်ဖို့ဆိုတာ သူ့အဖို့ခက်တာမဟုတ်ဘူး။ သူဘာကြောင့် ဒီလောက်ကြာ စောင့်ဆိုင်းလာခဲ့တာလဲ။ ဒီအဖြေကို ကျွန်တော်သိပ်ကျေနပ်တယ်။ မိတ်ဆွေဘယ်လိုသဘောရသလဲ။ (စာမျက်နှာ ၁၀၂-၁၀၄ ပါအကြောင်းကို အတူဖတ်ပါ။)’

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ