ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၆၆
  • သကေနေပွဲတော်တွင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သကေနေပွဲတော်တွင်
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဂျေရုဆလင်မြို့မှာ တဲနေပွဲတော် တက်ရောက်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • “ကိုယ်တော်၏အချိန် မစေ့မရောက်သေး”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • “သူဟောသလို ဘယ်သူမှ မဟောဖူးဘူး”
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဂျေရုဆလင်မြို့သွားတဲ့လမ်းမှာ သွန်သင်ပေးခြင်း
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၆၆

အခန်း ၆၆

သကေနေပွဲတော်တွင်

နှစ်ခြင်းယူပြီး သုံးနှစ်အတွင်း ယေရှုနာမည်ကျော်ကြားလာသည်။ ကိုယ်တော့်အံ့ဖွယ်အမှုများကို လူထောင်ပေါင်းများစွာတွေ့၍ တစ်ပြည်လုံးကိုယ်တော့်သတင်း ပျံ့နှံ့သွားပါသည်။ သကေနေပွဲတော်အတွက် ယေရုရှလင်မြို့တွင် ရောက်နေသူတို့သည် ကိုယ်တော်ကိုရှာဖွေနေကြ၏။ “ထိုသူကားအဘယ်မှာနည်း” ဟုမေးကြ၏။

ယေရှုအကြောင်းငြင်းခုံ၍ အချို့က “ဤသူသည် သူတော်ကောင်းဖြစ်သည်” ဟုဆိုသည်။ အချို့ကမူ “သူတော်ကောင်းမဟုတ်၊ လူပရိသတ်တို့အား မှောက်မှားလမ်းလွဲစေသူဖြစ်၏” ဟုဆိုကြ၏။ ပွဲတော်အစရက်များတွင် ဤကဲ့သို့တီးတိုးပြောဆိုနေကြသည်။ သို့သော်ဂျူးခေါင်းဆောင်များ ဒုက္ခပေးမည်ကိုစိုးရိမ်သဖြင့် ယေရှုအကြောင်း မည်သူမျှလူသိရှင်ကြားမချီးမွမ်းဝံ့ချေ။

ပွဲတော်အတွင်း ယေရှုရောက်လာသည်။ ဗိမာန်တော်သို့သွား၍ ထိုတွင်ကိုယ်တော်၏ ပြောင်မြောက်သောဟောပြောသွန်သင်ချက်စွမ်းရည်ကို လူတို့အံ့အားသင့် ကြသည်။ ရဗ္ဗိဆရာများ၏ကျောင်းများတွင် ပညာသင်ယူခြင်းမရှိခဲ့သဖြင့် သူတို့က “ဤသူသည်အဘယ်ကျောင်းကိုမျှမတက်ဖူးဘဲ ဤအသိပညာများကို အဘယ်သို့ရရှိပါသနည်း” ဟုတွေးတောနေကြသည်။

“ငါဟောပြောသွန်သင်သောတရားသည် ငါ၏တရားမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော အရှင်၏တရားဖြစ်၏။ ထိုအရှင်၏အလိုတော်ကို လိုက်လျှောက်လိုသူသည် ငါပြောသောတရားကား ဘုရား၏တရားလော။ သို့မဟုတ်ငါ၏ကိုယ်ပိုင်တရားလောဟူ၍ ခွဲခြားသိလိမ့်မည်” ဟုရှင်းပြသည်။ ယေရှု၏သွန်သင်ချက်သည် ပညတ်တော်နှင့်ကိုက်ညီပေသည်။ သို့ဖြင့်ကိုယ်တော်သည် မိမိဘုန်းကိုမရှာ၊ ဘုရားသခင်ဘုန်းတော်ကိုရှာကြောင်း ထင်ရှားလှသည်။ “မောရှေသည် သင်တို့အားပညတ်တရားကို ပေးသည်မဟုတ်လော။ သို့သော်လည်း သင်တို့တစ်စုံတစ်ယောက်မျှ ထိုပညတ်တရားကို မကျင့်သုံးကြ” ဟူ၍ပြစ်တင်ပြောဆိုသည်။

ထိုနောက် “ငါ့ကိုသတ်ရန်အဘယ်ကြောင့် ရှာကြံနေကြသနည်း” ဟုယေရှုမေးတော်မူသည်။

ပွဲတော်သို့လာကြသော ရပ်ဝေးမှပရိသတ်အနေနှင့် ဤလုပ်ရပ်ကိုမသိကြချေ။ ဤမျှအဟောအပြောပြောင်မြောက်သူတစ်ဦးကို သတ်လိုသူမရှိဟု သူတို့ယူဆကြသည်။ ထို့ကြောင့်ယေရှုဤသို့ဆိုရခြင်းမှာ ကိုယ်တော်တစ်စုံတစ်ခုဖြစ်နေသည်ဟု အထင်ရှိကြသဖြင့် “သင်သည်နတ်ဆိုးစွဲသောသူဖြစ်၏။ သင့်ကိုသတ်အံ့သောငှာ အဘယ်သူရှာကြံသနည်း” ဟုပြောကြသည်။

ပရိသတ်မသိသော်လည်း ယေရှုကိုဂျူးခေါင်းဆောင်များက သတ်ချင်နေကြ၏။ လွန်ခဲ့သည့်တစ်နှစ်ခွဲအချိန်က ဥပုသ်နေ့တစ်နေ့တွင် ယေရှုရောဂါကုသပေးသောအခါ သူ့ကိုသတ်ရန်ကြိုးစားခဲ့သည်။ ယခုယေရှုက သူတို့၏ဉာဏ်တိမ်မှုကို ပေါ်လွင်စေရန် ဤသို့မေးသည်။ ‘မောရှေ၏ပညတ်တရားမပျက်စေရန် သင်တို့သည် ဥပုသ်နေ့၌ သူငယ်တစ်စုံတစ်ယောက်အား အရေဖျားလှီးခြင်းမင်္ဂလာပေးကြပါလျက် ငါသည်ဥပုသ်နေ့တွင် သူတစ်ဦးတစ်ယောက်အား ကျန်းမာလာစေသောအခါ၌မူ အဘယ်ကြောင့်ငါ့အားအမျက်ထွက်ကြသနည်း။ ပြင်ပလက္ခဏာကိုထောက်၍ မစီရင်မဆုံးဖြတ်ကြနှင့်။ အမှန်တရားအတိုင်း စီရင်ဆုံးဖြတ်ကြလော့။’

ယေရုရှလင်မြို့သားများ အခြေအနေကိုသိကြ၍ “ဤသူကိုအာဏာပိုင်တို့ကသတ်ရန် ရှာကြံနေကြသည်မဟုတ်လော။ ကြည့်ပါ။ သူသည်အထင်အရှား ဟောပြောသွန်သင်လျက်နေ၏။ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အားမတားမြစ်ပါတကား။ ဤသူသည်ခရစ်တော်ဖြစ်ကြောင်း အာဏာပိုင်တို့က တကယ်ပင်သိရှိကြလေသလော။” ယေရှုသည်ခရစ်တော်ဖြစ်ကြောင်း အဘယ်ကြောင့်မယုံကြည်သည်ကို ယေရုရှလင်မြို့သားများရှင်းပြသည်။ “ဤသူ၏ဇာတိကို ငါတို့သိကြ၏။ ခရစ်တော်ကြွလာတော်မူချိန်၌မူကား ထိုအရှင်၏ဇာတိကို မည်သူမျှမသိနိုင်ရာ” ဟူ၍ဆိုကြ၏။

ယေရှုက “သင်တို့ငါ့ကိုသိကြ၏။ ငါအဘယ်ကလာသည်ကိုလည်းသိကြ၏။ သို့ရာတွင်ငါသည် ကိုယ့်အလိုအလျောက်လာသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်သည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ ထိုအရှင်ကိုသင်တို့မသိကြ။ ငါသည်ထိုအရှင်ထံမှ လာသောကြောင့်လည်းကောင်း၊ ထိုအရှင်သည် ငါ့ကိုစေလွှတ်တော်မူသောကြောင့်လည်းကောင်း ငါသည်ထိုအရှင်ကိုသိ၏” ဟုဖြေသည်။ ဤတွင်ယေရှုကို ချုပ်နှောင်ရန် သို့မဟုတ် သတ်ပစ်ရန်အကြံနှင့် ဖမ်းဆီးဖို့အခွင့်ကောင်းရှာကြသည်။ သို့သော်ယေရှုအသေခံရမည့်အချိန်မတိုင်သေး၍ သူတို့အကြံမအောင်မြင်။

ယေရှုကိုယုံကြည်သူတိုးများလာသည်။ ရေပေါ်လမ်းလျှောက်ခဲ့၊ မုန်တိုင်းကိုငြိမ်းစေခဲ့၊ ပင်လယ်လှိုင်းလုံးကြီးကို ငြိမ်သက်စေခဲ့၊ လူထောင်ပေါင်းများစွာကို မုန့်နှင့်ငါးအနည်းငယ်ဖြင့် အံ့ဖွယ်ကျွေးမွေးခဲ့၊ ဖျားနာသူကို ကုသပေးခဲ့၊ ခြေမသန်သူတို့ကို လမ်းလျှောက်စေခဲ့၊ မျက်မမြင်သူတို့အား ပြန်မြင်စေခဲ့၏။ နူနာစွဲသူများကို ကုသပေးခဲ့၊ လူသေများကိုပင် ပြန်ရှင်စေတော်မူခဲ့သည်။ ထိုကြောင့်သူတို့က “ခရစ်တော်ကြွလာတော်မူသောအခါ ဤသူပြသည်ထက် ပိုမိုများပြားသောအံ့ဖွယ်နိမိတ်လက္ခဏာများကို ပြတော်မူမည်လော” ဟုမေးကြ၏။

ဤသို့ပရိသတ်တီးတိုးပြောသည့်စကားကို ဖာရိရှဲများကြားသိကြသော် ယဇ်ပုရောဟိတ်များနှင့်ပူးပေါင်း၍ ယေရှုကိုဖမ်းရန်တပ်မှူးတို့ကိုစေလွှတ်၏။ ယောဟန် ၇:၁၁-၃၂။

▪ အဘယ်အချိန်၌ ပွဲတော်ကိုယေရှုရောက်လာသနည်း။ လူများကိုယ်တော့်အကြောင်း မည်သို့ပြောနေကြသနည်း။

▪ ယေရှုကိုနတ်ပူးသည်ဟု အချို့အဘယ်ကြောင့် ပြောခြင်းဖြစ်နိုင်သနည်း။

▪ ယေရုရှလင်မြို့သားများ ယေရှုကိုမည်သို့ထင်ကြသနည်း။

▪ ယေရှုကိုလူအများ အဘယ်ကြောင့် ယုံကြည်ကြသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ