ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၁၃
  • မှားယွင်းတဲ့ဘာသာက ဘုရားကို ဂုဏ်ဖျက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မှားယွင်းတဲ့ဘာသာက ဘုရားကို ဂုဏ်ဖျက်
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • ဘာသာတရားတွေ မကြာခင် ဘာဖြစ်သွားမလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဘာသာတရားတွေ မကြာခင် ဘာဖြစ်သွားမလဲ
    လူမျိုးအားလုံးအတွက် သတင်းကောင်း
  • မဟာဗာဗုလုန်နှင့်ကင်းကင်းရှင်းရှင်းနေလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဘာသာရေးအမည်ခံပြီး ကျူးလွန်သော မကောင်းမှုများ အဆုံးတိုင်မည်လော
    ဘာသာရေးအမည်ခံပြီး ကျူးလွန်သောမကောင်းမှုများ အဆုံးတိုင်မည်လော
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၁၃
သင်ခန်းစာ ၁၃။ ခရစ်ယာန်ဘုန်းကြီး ဘုရားကျောင်းမှာ တရားဟောနေ။

သင်ခန်းစာ ၁၃

မှားယွင်းတဲ့ဘာသာက ဘုရားကို ဂုဏ်ဖျက်

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ဘုရားသခင်က မေတ္တာထားဖို့ သင်ပေးတယ်ဆိုရင် ဘာသာတရား ဗန်းပြပြီး မကောင်းတာတွေ ဘာကြောင့် လုပ်နေကြသလဲ။ မှားယွင်းတဲ့ဘာသာ ဖြစ်နေလို့ပါ။ မှားယွင်းတဲ့ဘာသာက ဘုရားကို ဂုဏ်ဖျက်နေတယ်။ ဘယ်လို ဂုဏ်ဖျက်သလဲ။ ဒါကို ဘုရား ဘယ်လို သဘောထားသလဲ။ ဘုရား ဘယ်လို အရေးယူမလဲ။

၁။ မှားယွင်းတဲ့ဘာသာက သွန်သင်ချက်တွေအားဖြင့် ဘုရားကို ဘယ်လို ဂုဏ်ဖျက်သလဲ။

မှားယွင်းတဲ့ဘာသာက ‘ဘုရားနဲ့ပတ်သက်တဲ့ အမှန်တရားကို မဟုတ်ဘဲ အလိမ်အညာစကားတွေကို ယုံကြည်တယ်။’ (ရောမ ၁:၂၅) ဥပမာ၊ ဘာသာအများစုက အသင်းသားတွေကို ဘုရားနာမည် မသင်ပေးဘူး။ ဒါပေမဲ့ ဘုရားနာမည်ကို သုံးရမယ်လို့ ကျမ်းစာက ဆိုတယ်။ (ရောမ ၁၀:​၁၃၊ ၁၄) အဖြစ်ဆိုးတစ်ခု ကြုံရင် ‘ဘုရားအလိုတော်ပဲ’ ဆိုပြီး ဘာသာရေးခေါင်းဆောင်တချို့ ပြောကြတယ်။ ဒါဟာ မမှန်ဘူး။ မကောင်းမှုတွေကို ဘုရားဖြစ်ပေါ်စေတာ မဟုတ်ဘူး။ (ယာကုပ် ၁:၁၃ ကို ဖတ်ပါ။) ဘာသာရေး အလိမ်အညာတွေက လူတွေကို ဘုရားနဲ့ ဝေးကွာစေတယ်။

၂။ မှားယွင်းတဲ့ဘာသာက လုပ်ရပ်အားဖြင့် ဘုရားကို ဘယ်လို ဂုဏ်ဖျက်သလဲ။

မှားယွင်းတဲ့ဘာသာက လူတွေကို ယေဟောဝါလို မေတ္တာမထားဘူး။ “သူ့ရဲ့အပြစ်တွေ များလွန်းလို့ ကောင်းကင်အထိ ရောက်နေပြီ” ဆိုပြီး ကျမ်းစာ ဆိုတယ်။ (ဗျာဒိတ် ၁၈:၅) နှစ်တွေတစ်လျှောက် ဘာသာရေးက နိုင်ငံရေးမှာ ဝင်စွက်တယ်။ စစ်ပွဲတွေကို ထောက်ခံတယ်။ လူအမြောက်အမြားကို သေစေတယ်။ ဘာသာရေးခေါင်းဆောင်တချို့ဟာ အသင်းသားတွေဆီက ငွေညှစ်ပြီး စည်းစိမ်ယစ်နေတယ်။ ဒီလုပ်ရပ်တွေက ဘုရားကို ဂုဏ်တင်ဖို့ နေနေသာသာ ဘုရားကို မသိဘူးဆိုတာ ဖော်ပြတယ်။​—၁ ယောဟန် ၄:၈ ကို ဖတ်ပါ။

၃။ မှားယွင်းတဲ့ဘာသာကို ဘုရား ဘယ်လို သဘောထားသလဲ။

မှားယွင်းတဲ့ဘာသာရဲ့ လုပ်ရပ်ကြောင့် သင်စိတ်ဆိုးတယ်ဆိုရင် ယေဟောဝါကော ဘယ်လို ခံစားရမယ် ထင်သလဲ။ ဘုရားက လူတွေကို ချစ်ပေမဲ့ မိမိကိုဂုဏ်ဖျက်တဲ့၊ အသင်းသားတွေကို ဖိနှိပ်တဲ့ ဘာသာရေးခေါင်းဆောင်တွေကိုတော့ စိတ်ဆိုးတယ်။ မှားယွင်းတဲ့ဘာသာ ဖျက်ဆီးခံရမယ်၊ “နောင်ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်ဘူး” လို့ ဘုရား ကတိပေးတယ်။ (ဗျာဒိတ် ၁၈:၂၁) မှားယွင်းတဲ့ ဘာသာအားလုံးကို ဘုရား ဖျက်ဆီးပါတော့မယ်။​—ဗျာဒိတ် ၁၈:၈။

ရှာဖွေလေ တွေ့ရှိလေ

မှားယွင်းတဲ့ဘာသာကို ဘုရား ဘယ်လို သဘောထားသလဲ၊ မှားယွင်းတဲ့ဘာသာ ဘာလုပ်ခဲ့သလဲ၊ ဒီလုပ်ရပ်တွေကြောင့် ယေဟောဝါအကြောင်း ဘာကြောင့် မလေ့လာဘဲ မနေသင့်သလဲ လေ့လာကြည့်ပါ။

၄။ ဘာသာအားလုံးကို ဘုရားလက်ခံတာ မဟုတ်

ဘာသာအားလုံးဟာ ပန်းတိုင်တစ်ခုကို ရောက်တဲ့ လမ်းအသွယ်သွယ်နဲ့ တူတယ်လို့ ပြောကြတယ်။ ဒါ မှန်ရဲ့လား။ မဿဲ ၇:၁၃၊ ၁၄ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • အသက်ရစေတဲ့လမ်းအကြောင်း ကျမ်းစာ ဘယ်လိုဖော်ပြသလဲ။

ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ ဘာသာအားလုံးကို ဘုရားသခင် လက်ခံသလား​—ကောက်နုတ်ချက် (၃:၂၂)

  • ဘာသာများစွာကို ဘုရား လက်ခံတယ်လို့ ကျမ်းစာ ဆိုသလား။

၅။ မှားယွင်းတဲ့ဘာသာက မေတ္တာထားဖို့ ပျက်ကွက်

ဘာသာတရားတွေက ဘုရားကို နည်းအမျိုးမျိုးနဲ့ ဂုဏ်ဖျက်ကြတယ်။ အဆိုးဆုံးနည်းကတော့ စစ်ပွဲမှာ ပါဝင်ပတ်သက်ခြင်းပါပဲ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ ဒုတိယကမ္ဘာစစ်အတွင်း ချာ့ချ်တွေရဲ့ လုပ်ရပ် (၂:၂၂)

  • ဒုတိယကမ္ဘာစစ်အတွင်း ချာ့ချ်များစွာ ဘာလုပ်ကြသလဲ။

  • သူတို့ရဲ့လုပ်ရပ်ကြောင့် သင် ဘယ်လို ခံစားရသလဲ။

ယောဟန် ၁၃:၃၄၊ ၃၅ နဲ့ ၁၇:၁၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • စစ်ပွဲမှာ ဘာသာရေး ဝင်စွက်တာကို ယေဟောဝါ ဘယ်လို သဘောထားမယ် ထင်သလဲ။

  • မကောင်းမှုတွေအတွက် မှားယွင်းတဲ့ဘာသာမှာ တာဝန်ရှိတယ်။ ဘာသာတရားတွေက မေတ္တာထားဖို့ ဘယ်လို ပျက်ကွက်နေတယ်လို့ ထင်ပါသလဲ။

ပုံ။ နှစ်တွေတစ်လျှောက် မှားယွင်းတဲ့ဘာသာက စစ်ပွဲကို အားပေးနေတဲ့ မြင်ကွင်းတွေနဲ့အတူတွေ့ရတဲ့ ဘုရားကျောင်းကန်။ ၁။ ခရူးဆိတ်စစ်ပွဲများ။ ၂။ ပထမကမ္ဘာစစ်။ ၃။ သြသဒေါ့စ်ဘုန်းကြီး စစ်သားကို ကောင်းချီးပေး။ ၄။ အာဖရိကဓမ္မဆရာ မျိုးနွယ်စု စစ်ပွဲကို လှုံ့ဆော်။ ၅။ ဧကရာဇ်ဝတ်ပြုနေတဲ့ ဂျပန်စစ်သားများ။

မှားယွင်းတဲ့ဘာသာက မေတ္တာထားဖို့ ပျက်ကွက်

၆။ ဘုရားက မှားယွင်းတဲ့ဘာသာကနေ လူတွေကို လွတ်မြောက်စေချင်

ဗျာဒိတ် ၁၈:၄ ကို ဖတ်ပါ။a ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • မှားယွင်းတဲ့ဘာသာရဲ့ လှည့်စားမှု ခံနေရသူတွေကို ယေဟောဝါ ကယ်တင်ချင်မှန်း သိရလို့ ဘယ်လို ခံစားရသလဲ။

၇။ စစ်မှန်တဲ့ဘုရားအကြောင်း ဆက်လေ့လာပါ

မှားယွင်းတဲ့ဘာသာကြောင့် ဘုရားကို အမြင်စောင်းသင့်သလား။ သားက အဖေ့စကား နားမထောင်ဘဲ အိမ်ပေါ်က ဆင်းသွားပြီး မကောင်းတာတွေ လုပ်တယ်ဆိုပါစို့။ အဖေက သားရဲ့လုပ်ရပ်ကို မကြိုက်ဘူး။ သားမိုက်ရဲ့လုပ်ရပ်အတွက် အဖေ့ကို အပြစ်တင်ရင် တရားပါ့မလား။

  • မှားယွင်းတဲ့ဘာသာရဲ့ လုပ်ရပ်တွေကြောင့် ယေဟောဝါကို အပြစ်တင်ရင်၊ ဘုရားအကြောင်း မလေ့လာတော့ဘူးဆိုရင် သင့်တော်ပါ့မလား။

လူတချို့အဆို။ “ဘာသာအားလုံး အတူတူပါပဲ။ ကောင်းတာလုပ်ဖို့ သင်ပေးတာချည်းပဲ။”

  • သင်ကော အဲဒီလို ယူဆသလား။

  • မှားယွင်းတဲ့ဘာသာကြောင့် ယေဟောဝါကို အမြင်စောင်းသင့်သလား။

အနှစ်ချုပ်

မမှန်တဲ့ သွန်သင်ချက်တွေ၊ ဆိုးရွားတဲ့ လုပ်ရပ်တွေနဲ့ ဘုရားကို ဂုဏ်ဖျက်နေတဲ့ မှားယွင်းတဲ့ဘာသာ ဖျက်ဆီးခံရတော့မယ်။

ပြန်လည်သုံးသပ်ခြင်း

  • မှားယွင်းတဲ့ဘာသာရဲ့ သွန်သင်ချက်၊ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး သင် ဘယ်လို ခံစားရသလဲ။

  • မှားယွင်းတဲ့ဘာသာကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။

  • မှားယွင်းတဲ့ဘာသာကို ယေဟောဝါ ဘာလုပ်တော့မလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ဘာသာအများစုကို ဘုရားလက်မခံတဲ့ အကြောင်းရင်းနှစ်ခုကို လေ့လာပါ။

‘ဘာသာအားလုံး အတူတူပဲလား၊ ဘုရားကော လက်ခံသလား’ (ဝက်ဘ်ဆိုက် ဆောင်းပါး)

စုဝေးဝတ်ပြုကြဖို့ ယေဟောဝါ ဘာကြောင့် လိုလားသလဲ။

“ဘာသာရေးအဖွဲ့တစ်ခုမှာ အဖွဲ့ဝင်ဖြစ်ဖို့ လိုသလား” (ဝက်ဘ်ဆိုက် ဆောင်းပါး)

ခရစ်ယာန်ဘုန်းကြီးတစ်ပါး မိမိဘာသာကို စိတ်ပျက်ပေမဲ့ ဘုရားအကြောင်း ဆက်လေ့လာတယ်။

“ခရစ်ယာန်ဘုန်းကြီးတစ်ပါး သူ့အသင်းတော်ကနေ ဘာကြောင့် နုတ်ထွက်” (နိုးလော့! ဖေဖော်ဝါရီ ၂၀၁၅)

ဘုရားက လူတွေကို ဂရုမစိုက်ဘူး၊ ရက်စက်တယ်လို့ ထင်အောင် ဘာသာရေး လိမ်လည်ထားတာ ရာစုနှစ်ချီ ကြာပြီ။ အမှန်တရား သုံးခုကို ဖတ်ပါ။

“ဘုရားကို အကြည်ညိုပျက်စေတဲ့ လိမ်လည်မှုများ” (ကင်းမျှော်စင် နိုဝင်ဘာ ၁၊ ၂၀၁၃)

a ဗျာဒိတ်ကျမ်းမှာ မှားယွင်းတဲ့ဘာသာကို မဟာဗာဗုလုန်လို့ ခေါ်တဲ့ မိန်းမနဲ့ ဘာကြောင့် တင်စားထားသလဲ သိဖို့ ရှင်းလင်းချက် ၁ ကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ