နောင်တရခြင်း
လူအားလုံး နောင်တရဖို့၊ ယေဟောဝါဆီက ခွင့်လွှတ်မှု တောင်းခံဖို့ ဘာကြောင့် လိုသလဲ
တ ၂၆:၂၀ ကိုလည်း ကြည့်ပါ
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
လု ၁၈:၉-၁၄—အပြစ် ဝန်ခံဖို့၊ ဘုရားအကူအညီ တောင်းဖို့ လိုတယ်ဆိုတာ ဥပမာ သုံးပြီး ယေရှု သင်ပေးတယ်
ရ ၇:၁၅-၂၅—ယုံကြည်ခြင်း ခိုင်ခံ့သူ၊ တမန်တော် ဖြစ်ပေမဲ့ အပြစ်လုပ်ချင်စိတ် ရှိနေတုန်းပဲမို့ ပေါလု စိတ်မကောင်းဘူး
နောင်တရသူတွေကို ယေဟောဝါ ဘယ်လို သဘောထားသလဲ
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
လု ၁၅:၁-၁၀—အပြစ်သားတစ်ယောက် နောင်တရတဲ့အခါ ယေဟောဝါနဲ့ ကောင်းကင်တမန်တွေ ဝမ်းမြောက်တယ်ဆိုတာ ဥပမာ သုံးပြီး ယေရှု ပြောတယ်
လု ၁၉:၁-၁၀—ငွေညှစ်သူ အခွန်ခံမှူး ဇက်ခဲ နောင်တရပြီး ပြောင်းလဲတဲ့အခါ ခွင့်လွှတ်ခံရတယ်
တကယ် နောင်တရမရ ဘယ်လို ပြရမလဲ
ယဇ ၁၈:၂၁-၂၃။ တ ၃:၁၉။ ဧ ၄:၁၇၊ ၂၂-၂၄။ ကော ၃:၅-၁၀
၁ပ ၄:၁-၃ ကိုလည်း ကြည့်ပါ
နောင်တရသူကို တိကျမှန်ကန်တဲ့ အသိပညာက ဘယ်လို ကူညီပေးသလဲ
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
တ ၁၇:၂၉-၃၁—မသိနားမလည်လို့ ရုပ်တု ကိုးကွယ်ခဲ့ပေမဲ့ အခု နောင်တရကြပါဆိုပြီး အေသင်မြို့သားတွေကို တမန်တော် ပေါလု ပြောတယ်
၁တိ ၁:၁၂-၁၅—ယေရှုခရစ်အကြောင်း တိကျမှန်ကန်တဲ့ အသိပညာ မရှိခင်က ကြီးလေးတဲ့ အပြစ်တွေကို တမန်တော် ပေါလု မသိနားမလည်ဘဲ လုပ်တယ်
နောင်တရဖို့ ဘယ်လောက် အရေးကြီးသလဲ
အကြိမ်ကြိမ် မှားခဲ့ရင်တောင် နောင်တရရင် ယေဟောဝါ ခွင့်လွှတ်မယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ
အပြစ် ဝန်ချတောင်းပန်ပြီး ပြောင်းလဲသွားသူတွေကို ယေဟောဝါ ဘယ်လို ဆက်ဆံသလဲ
နောင်တရတယ်ဆိုတာ စိတ်မကောင်းဘူးလို့ ပြောရုံ၊ ခံစားရရုံ မဟုတ်မှန်း ဘယ်လို သိရသလဲ
၂ရ ၇:၁၄။ ပ ၂၈:၁၃။ ယဇ ၁၈:၃၀၊ ၃၁။ ၃၃:၁၄-၁၆။ မ ၃:၈။ တ ၃:၁၉။ ၂၆:၂၀
သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)–
၂ရ ၃၃:၁-၆၊ ၁၀-၁၆—မနာရှေမင်း မကောင်းတာတွေ အကြာကြီး လုပ်ခဲ့ပေမဲ့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချခြင်း၊ အဆက်မပြတ် ဆုတောင်းခြင်း၊ ပြောင်းလဲခြင်းအားဖြင့် တကယ် နောင်တရကြောင်း ပြတယ်
ဆ ၃၂:၁-၆။ ၅၁:၁-၄၊ ၁၇—ယေဟောဝါကို ပြစ်မှားမိတာအတွက် အကြီးအကျယ် ယူကျုံးမရ ဖြစ်ခြင်း၊ ဝန်ချတောင်းပန်ခြင်း၊ ဆုတောင်းခြင်းအားဖြင့် ဘုရင် ဒါဝိဒ် နောင်တရကြောင်း ပြတယ်
ကိုယ့်အပေါ် အမှားလုပ်သူ နောင်တရတဲ့အခါ ဘာကြောင့် ခွင့်လွှတ်သင့်သလဲ
မ ၆:၁၄၊ ၁၅။ ၁၈:၂၁၊ ၂၂။ လု ၁၇:၃၊ ၄
“ခွင့်လွှတ်ခြင်း” ကိုလည်း ကြည့်ပါ