ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၅/၁ စာ. ၃
  • ဘုရားသခင် အဘယ်မှာနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင် အဘယ်မှာနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာတိကာ
    နိုးလော့!—၂၀၀၆
  • ကလေးများ အကြမ်းဖက်ခံရ
    နိုးလော့!—၂၀၀၆
  • သဘာဝကပ်ဘေးတွေ ဘာကြောင့် ဒီလောက်များရတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၅/၁ စာ. ၃

ဘုရားသခင် အဘယ်မှာနည်း

၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် နံနက် ၈ နာရီ ၄၆ မိနစ်တွင် နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးဌာန၏ မြောက်ဘက်မျှော်စင်ကို ခရီးသည်တင် လေယာဉ်တစ်စင်း အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်လိုက်သည်။ ယင်းသည် အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ထားသည့် ပစ်မှတ်များအနက် ဦးဆုံးဖြစ်သည်။ နောက် ၁ နာရီ ၄၂ မိနစ်အကြာတွင် လူပေါင်း ၃,၀၀၀ ခန့် သေဆုံးသွားကြသည်။

၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်

အိန္ဒိယသမုဒ္ဒရာတွင်  ပြင်းအား  ၉.၀ ရှိသော ငလျင်လှုပ်သွားရာ ကြောက်မက်ဖွယ်လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာပြီး မိုင် ၃,၀၀၀ ခန့် အဝေးရှိ အာဖရိကတိုက် အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံကို ရိုက်ခတ်သွားသည်။  တစ်နေ့အတွင်း  လူပေါင်း ၁၅၀,၀၀၀  သေကျေပျောက်ဆုံးသွားပြီး တစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

၂၀၀၉ ခုနှစ်၊ ဩဂုတ် ၁ ရက်တွင် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၅ နှစ်အရွယ် သားလေးနှင့်အတူ ရှပ်ပြေးရေယာဉ်စီးနေရင်း ဆိပ်ခံတံတားကို အရှိန်ပြင်းစွာ ဝင်တိုက်မိရာ ဖခင်ဖြစ်သူမှာ ပွဲချင်းပြီး သေဆုံးသွားသည်။ သားဖြစ်သူမှာ ချက်ချင်းမသေခဲ့ချေ။ ဝမ်းနည်းကြေကွဲနေသော ဆွေမျိုးတစ်ဦးက “ကလေး ပြန်ကောင်းလာပါစေ၊ ဘုရားသခင် မ,ပါစေ” ဟုဆုတောင်းသော်လည်း နောက်တစ်နေ့တွင် ထိုကလေး ကွယ်လွန်သွားရှာသည်။

အကြမ်းဖက်တိုက်ခိုက်မှုများနှင့် သဘာဝဘေးဒဏ်များအကြောင်း သင်ဖတ်ရှုရသောအခါ သို့မဟုတ် သင်ကိုယ်တိုင် ဘေးဆိုးကြုံရသောအခါ ယင်းတို့ကို ဘုရားသခင် တွေ့ မှတွေ့ ပါ့မလားဟု သင်စဉ်းစားဖူးသလော။ ကျွန်ုပ်တို့ကို ဘုရားသခင် စွန့်ပစ်ထားပြီလားဟု သင်တွေးဖူးသလော။ နှစ်သိမ့်မှုပေးသည့်အဖြေကို သမ္မာကျမ်းစာတွင် ဖော်ပြထားကြောင်း ကျွန်ုပ်တို့ တွေ့ ရှိရပါလိမ့်မည်။

[Picture Credit Lines on page 3]

© Dieter Telemans/Panos Pictures

PRAKASH SINGH/AFP/Getty Images

© Dieter Telemans/Panos Pictures

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ