ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၄၊ ဧပြီ ၂၈ မှာ စမယ့်အပတ် ဟောပြောသွန်သင်ခြင်းသင်တန်းမှာ သုံးသပ်မှာဖြစ်တယ်။
ပေါတိဖာဇနီးက အကျင့်ယိုယွင်းဖို့ သွေးဆောင်တဲ့အခါ ထွက်ပြေးဖို့ ယောသပ်ကို ဘာကကူညီပေးခဲ့သလဲ။ (က. ၃၉:၇-၁၂) [မတ် ၃၊ က၁၃ ၂/၁၅ စ. ၄ ပိုဒ်. ၆; က၀၇ ၁၀/၁၅ စ. ၂၃ ပိုဒ်. ၁၆]
တရားမမျှတမှုနဲ့ ဆင်းရဲဒုက္ခတွေ ကြုံတွေ့နေရသူတွေအတွက် ယောသပ်ရဲ့ပုံနမူနာက ဘယ်လိုအထောက်အကူပြုသလဲ။ (က. ၄၁:၁၄၊ ၃၉၊ ၄၀) [မတ် ၁၀၊ က၀၄ ၁/၁၅ စ. ၂၉ ပိုဒ်. ၆; က၀၄ ၆/၁ စ. ၂၀ ပိုဒ်. ၄]
ယောသပ်ဟာ သူ့ရဲ့အစ်ကိုတွေကို ကြင်နာမှုပြဖို့ ဘယ်အကြောင်းအရင်းတွေ ရှိသလဲ။ [မတ် ၁၇၊ က၉၉ ၁/၁ စ. ၃၀ ပိုဒ်. ၆-၇]
ကမ္ဘာဦး ၄၉:၂၇ မှာဖော်ပြထားတဲ့ ဗင်ယာမိန်အနွယ်နဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်က ဘယ်လိုပြည့်စုံလာသလဲ။ [မတ် ၂၄၊ က၁၂ ၁/၁ စ. ၂၉ လေးထောင့်ကွက်]
ထွက်မြောက်ရာ ၃:၇-၁၀ အရ ယေဟောဝါနဲ့ပတ်သက်ပြီး ဘာသိရသလဲ။ [မတ် ၃၁၊ က၀၉ ၃/၁ စ. ၁၅ ပိုဒ်. ၃-၆]
ယေဟောဝါဟာ မောရှေခေတ်မှာ မိမိနာမည်ရဲ့ အဓိပ္ပာယ်နဲ့အညီ ဘယ်လိုလုပ်ဆောင်ခဲ့သလဲ။ (ထွ. ၃:၁၄၊ ၁၅) [မတ် ၃၁၊ က၁၃ ၃/၁၅ စ. ၂၅-၂၆ ပိုဒ်. ၅-၆]
ထွက်မြောက်ရာ ၇:၁ အရ မောရှေဟာ “ဖာရောဘုရင်၏ ဘုရားအရာ” ဘယ်လိုဖြစ်ခဲ့သလဲ။ [ဧပြီ ၇၊ က၀၄ ၃/၁၅ စ. ၂၅ ပိုဒ်. ၈]
ယေဟောဝါဟာ အီဂျစ်ပြည်ကနေ ကယ်တင်နိုင်ခဲ့တယ် ဆိုတာကို မျက်မြင်ကိုယ်တွေ့ဖြစ်ပါလျက်နဲ့ နောက်ပိုင်းမှာ ဘယ်လိုသဘောထားတွေကို အစ္စရေးတွေ ပြသခဲ့သလဲ။ ကျွန်ုပ်တို့ကော ဘာသင်ခန်းစာရသလဲ။ (ထွ. ၁၄:၃၀၊ ၃၁) [ဧပြီ ၁၄၊ က၁၂ ၃/၁၅ စ. ၂၆-၂၇ ပိုဒ်. ၈-၁၀]
အစ္စရေးလူမျိုးအပေါ်ထားရှိတဲ့ ယေဟောဝါရဲ့ မေတ္တာနဲ့ပတ်သက်ပြီး “ရွှေလင်းတ [လင်းယုန်၊ ကဘ] အတောင်ဖြင့်ထမ်း၍” ဆိုတဲ့အသုံးအနှုန်းက ဘာကြောင့်သင့်လျော်သလဲ။ (ထွ. ၁၉:၄) [ဧပြီ ၂၈၊ က၉၆ ၆/၁၅ စ. ၁၀ ပိုဒ်. ၅-စ. ၁၁ ပိုဒ်. ၂]
ယေဟောဝါက “အဘတို့၏အပြစ်ကို” နောက်မျိုးဆက်တွေအပေါ် ဆပ်ပေးတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ (ထွ. ၂၀:၅) [ဧပြီ ၂၈၊ က၀၄ ၃/၁၅ စ. ၂၇ ပိုဒ်. ၁]