ဧပြီ ၂၈ အပတ်အတွက်ဇယား
ဧပြီ ၂၈ မှာစမယ့်အပတ်
သီချင်း ၃၅ နဲ့ ဆုတောင်းချက်
အသင်းတော်ကျမ်းစာလေ့လာမှု–
cl အခန်း ၆၊ အပိုဒ် ၉-၁၅ (၃၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ထွက်မြောက်ရာ ၁၉-၂၂ (၁၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း (၂၀ မိ.)
လုပ်ငန်းတော်စည်းဝေး–
၅ မိ– လရဲ့ ပထမဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေမှာ ကျမ်းစာသင်အံမှု စတင်ပါ။ ဟောပြောပါ။ (တကယ်လို့ အသင်းတော်မှာ မေ ၁၊ ကင်းမျှော်စင် မရှိသေးဘူးဆိုရင် ဧပြီ ၁၊ ကင်းမျှော်စင်ကို အသုံးပြုပြီး တင်ဆက်ပါ။ နမူနာတင်ဆက်နည်းအတွက် မတ်လထုတ် ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှုမှာ ကြည့်ပါ။) မေလရဲ့ ပထမဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေနေ့ရဲ့ အသင်းတော် လယ်ကွင်းအစီအစဉ်ကို ပြောပြပါ။ အားလုံးပါဝင်ကြဖို့ အားပေးပါ။ စာမျက်နှာ ၆ မှာရှိတဲ့ နမူနာတင်ဆက်နည်းကို သရုပ်ပြပါ။
၁၅ မိ– “ဝေစာအသစ်တွေရဲ့ ထူးခြားကောင်းမွန်တဲ့ဒီဇိုင်း။” မေးဖြေဆွေးနွေးပါ။ အပိုင်းနှစ်ခုပါတဲ့ သရုပ်ပြတစ်ခု ပါဝင်စေပါ။ တစ်အိမ်မှတစ်အိမ် အမှုဆောင်သွားတဲ့အခါ ဝေစာအသစ်တစ်ခု ဝေငှပုံနဲ့ စိတ်ဝင်စားကြောင်း တင်ပြသူဆီ ပြန်လည်ပတ်တဲ့အခါ စကားဆက်ပြောပုံ ဖြစ်တယ်။
၁၀ မိ– “ကျမ်းစာသင်အံမှု စနိုင်အောင် အထောက်အကူပြုတဲ့ ဗီဒီယိုအသစ်။” ဟောပြောပါ။ ပရိသတ်ကြည့်နိုင်အောင် ဗီဒီယိုဖွင့်ပြပါ။ ဒီဗီဒီယိုကို အသုံးပြုနိုင်တဲ့ တခြားနည်းတွေ အကြံပြုဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ။
သီချင်း ၇၅ နဲ့ ဆုတောင်းချက်