ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၅၊ ဧပြီ ၂၇ မှာစမယ့်အပတ် ဟောပြောသွန်သင်ခြင်းသင်တန်းမှာ သုံးသပ်မှာဖြစ်တယ်။ ပတ်စဉ်သင်တန်းအစီအစဉ်အတွက် ပြင်ဆင်တဲ့အခါ ရှာဖွေလေ့လာနိုင်ဖို့ လေ့လာသုံးသပ်တဲ့အပတ်ရဲ့ ရက်စွဲတွေကို ဖော်ပြပေးထားပါတယ်။
၁။ ခိုင်မြဲသောမေတ္တာဆိုတာ ဘာလဲ။ ဘယ်ကဏ္ဍတွေမှာ ဒီမေတ္တာပြဖို့ အထူးလိုအပ်သလဲ။ (ရု. ၁:၁၆၊ ၁၇) [မတ် ၂၊ က၁၂ ၇/၁ စ. ၂၆-၂၇ ပိုဒ်. ၆]
၂။ “မွန်မြတ်တဲ့ အမျိုးသမီး” ဆိုတဲ့နာမည်ကောင်းကို ရုသ ဘယ်လိုရခဲ့သလဲ။ (ရု. ၃:၁၁) [မတ် ၂၊ က၁၂ ၁၀/၁ စ. ၂၃ ပိုဒ်. ၁]
၃။ ပြဿနာတွေ ကြုံလာတဲ့အခါ ဟန္နရဲ့ပုံသက်သေကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်မလဲ။ (၁ ရာ. ၁:၁၆-၁၈) [မတ် ၉၊ က၀၇ ၃/၁၅ စ. ၁၆ ပိုဒ်. ၄-၅]
၄။ လူငယ်လေး ရှမွေလ ‘ယေဟောဝါဘုရား ရှေ့တော်၌ ကြီးပြင်း’ လာတာက ဧလိသားတွေရဲ့ ပုံသက်သေဆိုးကို မလိုက်လျှောက်ဖို့ ဘယ်လို အကာအကွယ်ဖြစ်စေခဲ့သလဲ။ (၁ ရာ. ၂:၂၁) [မတ် ၉၊ က၁၀ ၁၀/၁ စ. ၁၆ ပိုဒ်. ၂-၃]
၅။ “လူဆိုးလူမိုက်” တွေက ရှောလုရဲ့ ဘုရင့်အရိုက်အရာကို ငြင်းပယ်တဲ့အခါ သူ အလျင်စလိုမတုံ့ပြန်ပုံကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ (၁ ရာ. ၁၀: ၂၂၊ ၂၇၊ ခမ) [မတ် ၂၃၊ က၀၅ ၃/၁၅ စ. ၂၃ ပိုဒ်. ၁]
၆။ ယေဟောဝါဘုရားကို နာခံတဲ့နေရာမှာ ယဇ်ပူဇော်ခြင်းနဲ့ အစားထိုးနိုင်တယ်လို့ တလွဲထင်ခဲ့တဲ့ ရှောလုရဲ့အဖြစ်ကနေ ဘာအရေးကြီးသင်ခန်းစာတွေ ကျွန်ုပ်တို့ သင်ယူနိုင်မလဲ။ (၁ ရာ. ၁၅:၂၂၊ ၂၃) [မတ် ၃၀၊ က၀၇ ၆/၁၅ စ. ၂၆-၂၇ ပိုဒ်. ၃-၄]
၇။ ယေဟောဝါဘုရားက “နှလုံးကို ကြည့်” တယ်ဆိုတဲ့အချက်က ဘာကြောင့် နှစ်သိမ့်မှုဖြစ်စေတာလဲ။ (၁ ရာ. ၁၆:၇) [ဧပြီ ၆၊ က၁၀ ၃/၁ စ. ၂၃ ပိုဒ်. ၇]
၈။ သုတ္တံ ၁:၄-၅ အရ ခက်ခဲတဲ့အခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းတဲ့အခါ ကျွန်ုပ်တို့မှာရှိတဲ့ ဘယ်အရာတွေကို ယေဟောဝါဘုရားသခင် အသုံးပြုစေချင်သလဲ။ (၁ ရာ. ၂၁:၁၂၊ ၁၃) [ဧပြီ ၁၃၊ က၀၅ ၃/၁၅ စ. ၂၄ ပိုဒ်. ၄]
၉။ ဒါဝိဒ်နဲ့ သူ့လူတွေကို အစာအစားပေးတာက အဘိဂဲလဟာ ခင်ပွန်းရဲ့ ဦးစီးပိုင်ခွင့်ကို ဖီဆန်တာမဟုတ်ဘူးလို့ ဘာကြောင့် ပြောနိုင်တာလဲ။ (၁ ရာ. ၂၅:၁၀၊ ၁၁၊ ၁၈၊ ၁၉) [ဧပြီ ၂၀၊ က၀၉ ၇/၁ စ. ၂၀ ပိုဒ်. ၃]
၁၀။ အဘိဂဲလဟာ သူမလုပ်တဲ့အရာအတွက် တောင်းပန်တာကနေ ကျွန်ုပ်တို့ ဘာသင်ခန်းစာယူနိုင်သလဲ။ (၁ ရာ. ၂၅:၂၄) [ဧပြီ ၂၀၊ က၀၂ ၁၁/၁ စ. ၅ ပိုဒ်. ၁၊ ၄]