ဧပြီ ၂၇ အပတ်အတွက်ဇယား
ဧပြီ ၂၇ မှာစမယ့်အပတ်
သီချင်း ၁ နဲ့ဆုတောင်းချက်
အသင်းတော်ကျမ်းစာလေ့လာမှု–
cl အခန်း ၂၃၊ အပိုဒ် ၁၉-၂၃ စာမျက်နှာ ၂၃၉ မှလေးထောင့်ကွက် (၃၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ၁ ဓမ္မရာဇဝင် ၂၆-၃၁ (၈ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း (၂၀ မိ.)
လုပ်ငန်းတော်စည်းဝေး–
ဒီလအတွက် အဓိကအကြောင်းအရာ– ပညာရှိတစ်ဦးလို အချိန်ကို အကျိုးရှိရှိအသုံးပြုပါ။ —ဧ. ၅:၁၅၊ ၁၆။
၇ မိ– အောက်မေ့ရာပွဲဖိတ်စာကင်ပိန်းမှာ ဘာတွေဖြစ်မြောက်အောင်မြင်ခဲ့သလဲ။ ကင်ပိန်းအတွင်း ရရှိခဲ့တဲ့အကျိုးကျေးဇူးတွေကို ဆွေးနွေးပါ။ တွေ့ကြုံမှုကောင်းတွေကို ပြန်ပြောပြပါ။
၁၀ မိ– အဖွဲ့အစည်းထုတ် ဗွီဒီယိုတွေကို ကောင်းစွာအသုံးပြုပါ။ ဆွေးနွေးပါ။ မကြာခင်က ထုတ်ခဲ့တဲ့ ဒီစကားတွေကို နှလုံးသွင်းရမယ် ဗီဒီယိုရဲ့ပေါ်လွင်ချက်တချို့ကို ပရိသတ်နဲ့ ဆွေးနွေးပါ။
၁၃ မိ– “အမှုဆောင်လုပ်ငန်းမှာ ဘုရားသခင့်စကားတော်ရဲ့ တန်ခိုးကို ဖော်ထုတ်ပါ။” ဆွေးနွေးပါ။ ပြီးမှ အပိုင်းနှစ်ပိုင်းပါတဲ့ သရုပ်ပြတစ်ခုကို အတိုချုပ်တင်ဆက်ပါ။ အရင်ဆုံး၊ ကြေညာသူက ၂ တိမောသေ ၃:၁၆၊ ၁၇ ကိုကျမ်းစာဖွင့်မဖတ်ဘဲ အလွတ်ရွတ်ပြပြီး အိမ်ရှင်ကို သတင်းကောင်းဘရိုရှာ ဝေငှတဲ့ပုံကို သရုပ်ပြပါ။ ပြီးနောက် အဲဒီကျမ်းချက်ကိုပဲ ကျမ်းစာကနေ တိုက်ရိုက်ဖတ်ပြပြီး ဘရိုရှာဝေငှပုံကို သရုပ်ပြပါ။ ဒုတိယတင်ဆက်နည်းက ဘာကြောင့်ထိရောက်သလဲဆိုတာ မှတ်ချက်ပေးဖို့ ဖိတ်ခေါ်ပါ။
သီချင်း ၁၂၄ နဲ့ဆုတောင်းချက်