၂ ရာဇဝင်ချုပ်
၁၂ ရောဗောင်မင်းက အင်အားကြီးမားလာပြီး မင်းအာဏာ တည်မြဲလာတဲ့အခါ+ သိပ်မကြာခင်မှာပဲ သူရော အစ္စရေးတွေပါ ယေဟောဝါရဲ့ပညတ်ကို ပစ်ပယ်ကြတယ်။+ ၂ ယေဟောဝါကို သူတို့ သစ္စာဖောက်တဲ့အတွက် ရောဗောင်နန်းစံ ငါးနှစ်မှာ အီဂျစ်ဘုရင် ရှိရှက်က+ ဂျေရုဆလင်မြို့ကို တိုက်ဖို့ ချီတက်လာတယ်။ ၃ ရှိရှက်မင်းဆီမှာ မြင်းရထား ၁,၂၀၀၊ မြင်းစီးသူရဲ ၆၀,၀၀၀ ရှိတယ်။ များပြားလှတဲ့ လစ်ဗျားလူမျိုး၊ သုကိလူမျိုး၊ အီသီယိုးပီးယားလူမျိုး+ စစ်သည်တွေလည်း အီဂျစ်ပြည်ကနေ သူနဲ့အတူ လိုက်လာတယ်။ ၄ သူက ယုဒပြည်ရဲ့ ခံတပ်မြို့တွေကို သိမ်းပိုက်ပြီး နောက်ဆုံးမှာ ဂျေရုဆလင်မြို့ကို ရောက်လာတယ်။
၅ အဲဒီအခါ ရှိရှက်မင်းကို ကြောက်လို့ ဂျေရုဆလင်မြို့မှာ စုရုံးနေတဲ့ ယုဒမှူးမတ်တွေနဲ့ ရောဗောင်မင်းဆီ ပရောဖက်ရှေမာယ+ ရောက်လာပြီး “ယေဟောဝါဘုရား ပြောတာက ‘မင်းတို့ ငါ့ကို စွန့်တဲ့အတွက် ငါလည်း မင်းတို့ကိုစွန့်ပြီး+ ရှိရှက်မင်းလက်ထဲ အပ်လိုက်ပြီ’” လို့ပြောတယ်။ ၆ မင်းကြီးနဲ့ အစ္စရေးမှူးမတ်တွေက စိတ်ကိုနှိမ့်ချပြီး+ “ယေဟောဝါဘုရားဟာ ဖြောင့်မတ်တဲ့အရှင်ပါ” လို့ပြောကြတယ်။ ၇ အဲဒီလို သူတို့ရဲ့စိတ်ကို နှိမ့်ချလိုက်တာ ယေဟောဝါ မြင်တယ်။ ဒါကြောင့် ယေဟောဝါက ရှေမာယကို “သူတို့ စိတ်နှိမ့်ချတဲ့အတွက် ငါမဖျက်ဆီးတော့ဘူး။+ မကြာခင် သူတို့ကို ငါကယ်တင်မယ်။ ရှိရှက်မင်းကတစ်ဆင့် ဂျေရုဆလင်မြို့အပေါ် ငါ့အမျက်ကို မသွန်းလောင်းတော့ဘူး။ ၈ ဒါပေမဲ့ ရှိရှက်မင်းဆီမှာတော့ သူတို့ ကျွန်ခံရမယ်။ ဒါမှ ငါ့ဆီမှာ အမှုထမ်းတာနဲ့ တခြားတိုင်းပြည်ရဲ့ ဘုရင်တွေဆီမှာ အမှုထမ်းတာ ဘာကွာခြားလဲဆိုတာ သိလာလိမ့်မယ်” လို့ပြောတယ်။
၉ ဒါနဲ့ အီဂျစ်ဘုရင် ရှိရှက်က ဂျေရုဆလင်မြို့ကို ချီတက်တိုက်ခိုက်ပြီး ယေဟောဝါရဲ့အိမ်တော် ဘဏ္ဍာတွေ၊+ နန်းတော်ဘဏ္ဍာတွေ၊ ရှောလမုန်လုပ်ခဲ့တဲ့ ရွှေဒိုင်းလွှားတွေအပါအဝင် ရှိသမျှကို သိမ်းယူသွားတယ်။+ ၁၀ ဒါကြောင့် ရောဗောင်မင်းက ရွှေဒိုင်းလွှားအစား ကြေးနီဒိုင်းလွှားတွေ လုပ်ပြီး နန်းတော်တံခါးစောင့်တွေကို* ကြီးကြပ်တဲ့သူတွေဆီ အပ်လိုက်တယ်။ ၁၁ ယေဟောဝါရဲ့အိမ်တော်ကို ရောဗောင်မင်း လာတဲ့အခါတိုင်း တံခါးစောင့်တွေက ဝင်လာပြီး အဲဒီဒိုင်းလွှားတွေကို ကိုင်ဆောင်ကြတယ်။ ပြီးရင် အဲဒါတွေကို တံခါးစောင့်အခန်းမှာ ပြန်ထားကြတယ်။ ၁၂ ရောဗောင် စိတ်နှိမ့်ချလာတဲ့အတွက် ယေဟောဝါ အမျက်ပြေသွားပြီး+ သူတို့ကို လုံးလုံးလျားလျား မဖျက်ဆီးပစ်ဘူး။+ ဒါ့အပြင် ယုဒပြည်သူပြည်သားတွေရဲ့ ကောင်းမှုတချို့ကိုလည်း မြင်တယ်။+
၁၃ ရောဗောင်မင်းက ဂျေရုဆလင်မြို့မှာ သူ့ရဲ့အာဏာကို တည်မြဲအောင်လုပ်ပြီး ဆက်စိုးစံတယ်။ သူနန်းတက်ချိန်မှာ အသက် ၄၁ နှစ်ရှိပြီ။ နာမတော်တည်စေဖို့ အစ္စရေးအနွယ်အားလုံးရဲ့ မြို့တွေထဲကနေ ယေဟောဝါ ရွေးချယ်ထားတဲ့ ဂျေရုဆလင်မြို့မှာ သူ ၁၇ နှစ် စိုးစံခဲ့တယ်။ မယ်တော်က အမ္မုန်အမျိုးသမီး နေမလို့ခေါ်တယ်။+ ၁၄ ရောဗောင်က ယေဟောဝါကိုရှာဖို့ စိတ်မပိုင်းဖြတ်ထားတဲ့အတွက် မကောင်းမှုတွေ လုပ်ခဲ့တယ်။+
၁၅ ရောဗောင်ရဲ့သမိုင်းကြောင်း အစအဆုံးကို ဆွေစဉ်မျိုးဆက်မှတ်တမ်းပုံစံနဲ့ ရေးသားထားတဲ့ ပရောဖက်ရှေမာယနဲ့+ စိတ်အာရုံမြင်ရသူ အိဒေါတို့ရဲ့ ကျမ်းစောင်မှာ+ မှတ်တမ်းတင်ထားတယ်။ ရောဗောင်နဲ့ ယေရောဗောင်တို့ဟာ အမြဲစစ်တိုက်ခဲ့ကြတယ်။+ ၁၆ နောက်ပိုင်းမှာ ရောဗောင် ကွယ်လွန်သွားတဲ့အတွက် သူ့ကို ဒါဝိဒ်မြို့မှာ+ သင်္ဂြိုဟ်ကြတယ်။ သားတော် အဘိယ+ ထီးနန်းဆက်ခံတယ်။