ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ရာဇဝင်ချုပ် ၂၁:၁၈-၂၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၈ အဲဒီအခါ  ယေဟောဝါရဲ့ ကောင်းကင်တမန်က ယေဗုသိလူမျိုး သြရနန်ရဲ့  ကောက်နယ်တလင်းကို တက်သွားပါ၊ အဲဒီမှာ ယေဟောဝါအတွက် ပူဇော်ရာပလ္လင် တည်ပါဆိုပြီး+ ဒါဝိဒ်ကိုပြောဖို့  ဂဒ်ကို+  မှာလိုက်တယ်။ ၁၉ ဒါဝိဒ်လည်း  ပရောဖက်ဂဒ်ကတစ်ဆင့်  ယေဟောဝါ  မိန့်မှာတဲ့အတိုင်း တက်သွားတယ်။ ၂၀ သြရနန် ဂျုံစပါးနယ်နေတုန်း လှမ်းကြည့်တော့ ကောင်းကင်တမန်ကို တွေ့သွားတယ်။ အဲဒီအခါ သူနဲ့အတူရှိနေတဲ့ သား လေးယောက်  ပုန်းနေကြတယ်။ ၂၁ သြရနန်က သူ့ဆီ ဒါဝိဒ်လာနေတာကို မြင်တာနဲ့ ကောက်နယ်တလင်းကနေ ထွက်လာပြီး ဒါဝိဒ်ရှေ့မှာ ဦးညွှတ်ပျပ်ဝပ်တယ်။ ၂၂ ဒါဝိဒ်က “ယေဟောဝါဘုရားအတွက် ပူဇော်ရာပလ္လင် တည်ချင်လို့ မင်းရဲ့ကောက်နယ်တလင်းကို ရောင်းပေးပါ။ တန်ရာတန်ကြေး ပေးပါ့မယ်။ ဒါမှ လူတွေအပေါ် ကျရောက်နေတဲ့ ဘေးဒဏ် ရပ်တန့်သွားမယ်”+ လို့ပြောတယ်။ ၂၃ သြရနန်က “ဒီကောက်နယ်တလင်းကို ယူပြီး အရှင်မင်းကြီး အလိုရှိတဲ့အတိုင်းသာ လုပ်ပါ။ မီးရှို့ရာအလှူတွေအတွက် နွားတွေ၊ ကောက်နှံအလှူအတွက် ဂျုံစပါးတွေနဲ့ ထင်းဆိုက်ဖို့ ကောက်နယ်ပြားကို+ ပေးပါ့မယ်။ ဒါတွေအားလုံးကို ကျွန်တော်ပေးပါတယ်” လို့ ဒါဝိဒ်ကို ပြောတယ်။

  • ၂ ရာဇဝင်ချုပ် ၃:၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ ရှောလမုန်က  ဂျေရုဆလင်မြို့၊ မောရိတောင်ပေါ်မှာ+ ယေဟောဝါရဲ့ အိမ်တော်ကို စတင်တည်ဆောက်တယ်။+ အဲဒီနေရာဟာ ခမည်းတော်ဒါဝိဒ်ကို ယေဟောဝါ ထင်ရှားပြခဲ့တဲ့နေရာ၊+ ယေဗုသိလူမျိုး သြရနန်ရဲ့ကောက်နယ်တလင်းမှာ+  ဒါဝိဒ်ပြင်ဆင်ခဲ့တဲ့နေရာပဲ။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ