ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ဘုရင်များ ၂၅:၈-၁၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၈ ဗာဗုလုန်ဘုရင်  နေဗုခဒ်နေဇာနန်းစံ ၁၉ နှစ်၊ ငါးလပိုင်း၊ ခုနစ်ရက်နေ့မှာ ဗာဗုလုန်ဘုရင်ရဲ့ မင်းမှုထမ်းဖြစ်တဲ့ ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်က+ ဂျေရုဆလင်မြို့ကို ရောက်လာတယ်။+ ၉ ယေဟောဝါရဲ့အိမ်တော်၊+  နန်းတော်နဲ့+ ဂျေရုဆလင်မြို့က အိမ်တွေအပြင်+ မြို့မျက်နှာဖုံးတွေရဲ့ အိမ်တွေကိုလည်း မီးရှို့ပစ်တယ်။+ ၁၀ ကိုယ်ရံတော်တပ်မှူး ကွပ်ကဲတဲ့ ခါလဒဲတပ်မကြီး တစ်ခုလုံးက ဂျေရုဆလင်မြို့ရိုးကို ဖြိုချပစ်တယ်။+

  • ၂ ရာဇဝင်ချုပ် ၃၄:၂၄၊ ၂၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၄ “ယေဟောဝါပြောတာက  ‘ဒီမြို့နဲ့ မြို့သားတွေအပေါ် ငါ ဘေးဆိုးကျရောက်စေမယ်။+ ယုဒဘုရင်ရှေ့မှာဖတ်တဲ့ ကျမ်းလိပ်ထဲက ကျိန်စာတွေအတိုင်း သူတို့ကြုံရလိမ့်မယ်။+ ၂၅ သူတို့က ငါ့ကိုစွန့်ပြီး+ တခြားဘုရားတွေဆီ ပူဇော်သက္ကာတွေ မီးရှို့ပူဇော်တယ်။ သူတို့လက်နဲ့ လုပ်တဲ့အရာတွေကို ကိုးကွယ်ပြီး ငါ့ကို စိတ်ဆိုးစေတယ်။+ ဒါကြောင့် ဒီမြို့အပေါ် မငြိမ်းနိုင်တဲ့ အမျက်တော်မီး လောင်လိမ့်မယ်။’”+

  • ၂ ရာဇဝင်ချုပ် ၃၆:၁၆၊ ၁၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၆ ဒါပေမဲ့ သူတို့က စစ်မှန်တဲ့ဘုရားသခင် စေလွှတ်တဲ့ တမန်တွေကို လှောင်ပြောင်တယ်။+ ကိုယ်တော့်စကားကို မထီလေးစားလုပ်ပြီး+ ပရောဖက်တွေကို ကဲ့ရဲ့တယ်။+ နောက်ဆုံး သူတို့ကို ယေဟောဝါ အကြီးအကျယ် အမျက်ထွက်ရတဲ့အထိ၊+ သူတို့ နာလန်မထူနိုင်တော့တဲ့အထိ ဖြစ်သွားတယ်။

      ၁၇ ဒါနဲ့ ဘုရားသခင်က ခါလဒဲဘုရင်ကို စေလွှတ်ပြီး သူတို့ကို တိုက်ခိုက်စေတယ်။+ ခါလဒဲဘုရင်က သူတို့ရဲ့ သန့်ရှင်းရာဌာနတော်မှာ+ လူငယ်တွေကို ဓားနဲ့ကွပ်မျက်တယ်။+ လူပျို၊ အပျို၊ လူအို၊ အိုမင်းမစွမ်းသူကိုလည်း မသနားဘူး။+ ဘုရားသခင်က ရှိရှိသမျှကို ခါလဒဲဘုရင်လက်ထဲ အပ်လိုက်တယ်။+

  • မြည်တမ်းစကား ၂:၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၄ ဘုရားဟာ ရန်သူလို လေးကိုတင်ထားတယ်။ ရန်ဘက်လို ညာလက်ကို ရွယ်ထားတယ်။+

      ငါတို့ချစ်ခင်ရသူတွေကို ကွပ်မျက်တယ်။+

      အမျက်တော်မီးကို+ ဇိအုန်သမီးပျိုရဲ့ တဲအပေါ်+ သွန်းလောင်းတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ