-
မာကု ၄:၃၇-၄၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၇ အဲဒီအခါ လေပြင်းမုန်တိုင်းကျလာပြီး လှိုင်းတွေရိုက်ခတ်တဲ့အတွက် လှေနစ်လုမတတ် ဖြစ်နေတယ်။+ ၃၈ ယေရှုကတော့ လှေပဲ့ပိုင်းမှာ ခေါင်းအုံးအုံးပြီး အိပ်နေတယ်။ တပည့်တွေက လာနှိုးပြီး “ဆရာ၊ ကျွန်တော်တို့ သေတော့မယ်။ ဒီအတိုင်း ကြည့်နေမှာလား” လို့ပြောတော့၊ ၃၉ ယေရှု ထပြီး လှိုင်းနဲ့လေကို “တိတ်ဆိတ်ငြိမ်သက်စေ”+ လို့ အမိန့်ပေးလိုက်တဲ့အခါ မုန်တိုင်းစဲပြီး ငြိမ်သက်သွားတယ်။ ၄၀ ယေရှုက “ခင်ဗျားတို့ ဘာလို့ ဒီလောက်ကြောက်နေတာလဲ။ ယုံကြည်ခြင်း နည်းနည်းလေးတောင် မရှိဘူးလား” လို့ပြောတယ်။ ၄၁ သူတို့ သိပ်ကြောက်သွားပြီး “ဘယ်လိုလူပါလိမ့်။ လှိုင်းနဲ့လေတောင် သူ့စကားကို နားထောင်ပါလား” လို့ပြောကြတယ်။+
-
-
လုကာ ၈:၂၃-၂၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၃ သူတို့ ရွက်လွှင့်သွားချိန်မှာ ယေရှု အိပ်ပျော်နေတယ်။ အဲဒီအခါ လေပြင်းမုန်တိုင်း တိုက်ခတ်လာပြီး လှေထဲကို ရေဝင်လာတဲ့အတွက် လှေနစ်တော့မလို ဖြစ်သွားတယ်။+ ၂၄ တပည့်တွေက ယေရှုကို လာနှိုးပြီး “ဆရာ၊ ဆရာ၊ ကျွန်တော်တို့ သေတော့မယ်” လို့ပြောတယ်။ ဒါနဲ့ ယေရှု ထပြီး လှိုင်းနဲ့လေကို အမိန့်ပေးလိုက်တဲ့အခါ မုန်တိုင်းစဲပြီး ငြိမ်သွားတယ်။+ ၂၅ ယေရှုက “ခင်ဗျားတို့ရဲ့ယုံကြည်ခြင်း ဘယ်ရောက်သွားတာလဲ” လို့ပြောတယ်။ တပည့်တွေကတော့ ထိတ်လန့်အံ့သြပြီး “ဘယ်လိုလူပါလိမ့်။ လှိုင်းနဲ့လေတောင် သူ့စကားကို နားထောင်ပါလား” လို့ အချင်းချင်းပြောကြတယ်။+
-