ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မဿဲ ၈:၂၄-၂၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၄ ဒီလိုနဲ့ အိုင်ထဲမှာ လေမုန်တိုင်းကျလာတယ်။ လှိုင်းလုံးတွေကြီးလွန်းလို့ လှေနစ်လုမတတ် ဖြစ်နေပေမဲ့ ယေရှုကတော့ အိပ်ပျော်နေတယ်။+ ၂၅ တပည့်တွေက လာနှိုးပြီး “သခင်၊ ကယ်ပါဦး။ ကျွန်တော်တို့ သေတော့မယ်” လို့ပြောတယ်။ ၂၆ ယေရှုက “ယုံကြည်ခြင်းနည်းသူတို့၊ ဘာလို့ကြောက်နေတာလဲ”+ လို့ပြောပြီးနောက် ထပြီး လှိုင်းနဲ့လေကို အမိန့်ပေးလိုက်တဲ့အခါ  လှိုင်းလေငြိမ်သွားတယ်။+ ၂၇ သူတို့လည်း  တအံ့တသြဖြစ်ပြီး “ဘယ်လိုလူပါလိမ့်။ လှိုင်းနဲ့လေတောင် သူ့စကားကို နားထောင်ပါလား” လို့ပြောကြတယ်။

  • မာကု ၄:၃၇-၄၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၇ အဲဒီအခါ လေပြင်းမုန်တိုင်းကျလာပြီး လှိုင်းတွေရိုက်ခတ်တဲ့အတွက်  လှေနစ်လုမတတ်  ဖြစ်နေတယ်။+ ၃၈ ယေရှုကတော့ လှေပဲ့ပိုင်းမှာ ခေါင်းအုံးအုံးပြီး အိပ်နေတယ်။ တပည့်တွေက  လာနှိုးပြီး  “ဆရာ၊ ကျွန်တော်တို့  သေတော့မယ်။  ဒီအတိုင်း ကြည့်နေမှာလား” လို့ပြောတော့၊ ၃၉ ယေရှု ထပြီး လှိုင်းနဲ့လေကို “တိတ်ဆိတ်ငြိမ်သက်စေ”+ လို့ အမိန့်ပေးလိုက်တဲ့အခါ မုန်တိုင်းစဲပြီး ငြိမ်သက်သွားတယ်။ ၄၀ ယေရှုက  “ခင်ဗျားတို့ ဘာလို့ ဒီလောက်ကြောက်နေတာလဲ။ ယုံကြည်ခြင်း နည်းနည်းလေးတောင် မရှိဘူးလား” လို့ပြောတယ်။ ၄၁ သူတို့ သိပ်ကြောက်သွားပြီး “ဘယ်လိုလူပါလိမ့်။ လှိုင်းနဲ့လေတောင် သူ့စကားကို နားထောင်ပါလား” လို့ပြောကြတယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ