-
မဿဲ ၈:၂၄-၂၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၄ ဒီလိုနဲ့ အိုင်ထဲမှာ လေမုန်တိုင်းကျလာတယ်။ လှိုင်းလုံးတွေကြီးလွန်းလို့ လှေနစ်လုမတတ် ဖြစ်နေပေမဲ့ ယေရှုကတော့ အိပ်ပျော်နေတယ်။+ ၂၅ တပည့်တွေက လာနှိုးပြီး “သခင်၊ ကယ်ပါဦး။ ကျွန်တော်တို့ သေတော့မယ်” လို့ပြောတယ်။ ၂၆ ယေရှုက “ယုံကြည်ခြင်းနည်းသူတို့၊ ဘာလို့ကြောက်နေတာလဲ”+ လို့ပြောပြီးနောက် ထပြီး လှိုင်းနဲ့လေကို အမိန့်ပေးလိုက်တဲ့အခါ လှိုင်းလေငြိမ်သွားတယ်။+ ၂၇ သူတို့လည်း တအံ့တသြဖြစ်ပြီး “ဘယ်လိုလူပါလိမ့်။ လှိုင်းနဲ့လေတောင် သူ့စကားကို နားထောင်ပါလား” လို့ပြောကြတယ်။
-
-
လုကာ ၈:၂၃-၂၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၃ သူတို့ ရွက်လွှင့်သွားချိန်မှာ ယေရှု အိပ်ပျော်နေတယ်။ အဲဒီအခါ လေပြင်းမုန်တိုင်း တိုက်ခတ်လာပြီး လှေထဲကို ရေဝင်လာတဲ့အတွက် လှေနစ်တော့မလို ဖြစ်သွားတယ်။+ ၂၄ တပည့်တွေက ယေရှုကို လာနှိုးပြီး “ဆရာ၊ ဆရာ၊ ကျွန်တော်တို့ သေတော့မယ်” လို့ပြောတယ်။ ဒါနဲ့ ယေရှု ထပြီး လှိုင်းနဲ့လေကို အမိန့်ပေးလိုက်တဲ့အခါ မုန်တိုင်းစဲပြီး ငြိမ်သွားတယ်။+ ၂၅ ယေရှုက “ခင်ဗျားတို့ရဲ့ယုံကြည်ခြင်း ဘယ်ရောက်သွားတာလဲ” လို့ပြောတယ်။ တပည့်တွေကတော့ ထိတ်လန့်အံ့သြပြီး “ဘယ်လိုလူပါလိမ့်။ လှိုင်းနဲ့လေတောင် သူ့စကားကို နားထောင်ပါလား” လို့ အချင်းချင်းပြောကြတယ်။+
-