ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မာကု ၃:၁-၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ ယေရှုက နောက်တစ်ကြိမ် တရားဇရပ်ထဲ ဝင်လာတဲ့အခါ အဲဒီမှာ လက်တစ်ဖက်သေနေသူ ရှိနေတယ်။+ ၂ ဖာရိရှဲတွေက ယေရှုကို အပြစ်ရှာချင်တာနဲ့ ဥပုသ်နေ့မှာ အဲဒီလူကို ကုပေးမလားဆိုတာ မျက်ခြည်မပြတ် စောင့်ကြည့်နေတယ်။ ၃ အဲဒီအခါ ယေရှုက လက်တစ်ဖက်သေနေသူကို “ထပြီး ဒီအလယ်မှာ  လာရပ်ပါ”  လို့ပြောလိုက်တယ်။ ၄ ပြီးတော့  “ဥပုသ်နေ့မှာ ဘာလုပ်သင့်သလဲ။ ကောင်းမှုလား၊ မကောင်းမှုလား။ လူ့အသက် ကယ်တာလား၊ လူ့အသက် သတ်တာလား” လို့မေးတော့+ ဘာမှပြန်မဖြေကြဘူး။ ၅ သူတို့မှာ အကြင်နာတရား မရှိတဲ့အတွက်  ယေရှု  စိတ်ထိခိုက်သွားတယ်။+ ပတ်လည်မှာရှိတဲ့ လူတွေကို စိတ်ဆိုးဆိုးနဲ့ကြည့်ပြီး လက်တစ်ဖက်သေနေသူကို “လက်ဆန့်လိုက်ပါ” လို့ပြောတယ်။ အဲဒီလူလည်း လက်ဆန့်လိုက်တဲ့အခါ အကောင်းပကတိ ပြန်ဖြစ်သွားတယ်။ ၆ အဲဒီအခါ ဖာရိရှဲတွေ ထွက်သွားပြီး ယေရှုကိုသတ်ဖို့ ဟေရုဒ်နောက်လိုက်တွေနဲ့+ ချက်ချင်းတိုင်ပင်ကြတယ်။

  • လုကာ ၆:၆-၁၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၆ နောက်ဥပုသ်တစ်ရက်မှာ+ ယေရှုက  တရားဇရပ်ထဲဝင်ပြီး  သွန်သင်တယ်။ အဲဒီမှာ ညာလက်သေနေသူ ရှိတယ်။+ ၇ ကျမ်းတတ်နဲ့ဖာရိရှဲတွေက ယေရှုကိုစွပ်စွဲဖို့ အကြောင်းရှာချင်တာနဲ့ ဥပုသ်နေ့မှာ အဲဒီလူကို ကုပေးမလားဆိုတာ မျက်ခြည်မပြတ် စောင့်ကြည့်နေတယ်။ ၈ သူတို့ ဘာတွေးနေမှန်း ယေရှုသိတဲ့အတွက်+ လက်တစ်ဖက်သေနေသူကို “ထပြီး ဒီအလယ်မှာ လာရပ်ပါ” လို့ပြောတော့ အဲဒီလူက လာရပ်တယ်။ ၉ ဒါနဲ့ ယေရှုက “ခင်ဗျားတို့ကို ကျွန်တော်မေးမယ်။ ဥပုသ်နေ့မှာ ဘာလုပ်သင့်သလဲ။ ကောင်းမှုလား၊ မကောင်းမှုလား။ လူ့အသက် ကယ်တာလား၊ လူ့အသက် သတ်တာလား” လို့မေးတယ်။+ ၁၀ ပတ်လည်မှာရှိနေတဲ့ လူအားလုံးကို ကြည့်ပြီးနောက် အဲဒီလူကို “လက်ဆန့်လိုက်ပါ” လို့ပြောတော့ သူ လက်ဆန့်လိုက်တဲ့အခါ အကောင်းပကတိ ပြန်ဖြစ်သွားတယ်။ ၁၁ အဲဒီအခါ ကျမ်းတတ်နဲ့ ဖာရိရှဲတွေ ဒေါသပေါက်ကွဲပြီး ယေရှုကို ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ အချင်းချင်း တိုင်ပင်ကြတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ