ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မဿဲ ၁၂:၉-၁၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၉ အဲဒီကနေ  သူတို့ထွက်လာပြီးနောက် တရားဇရပ်ထဲ ဝင်သွားတဲ့အခါ၊ ၁၀ လက်တစ်ဖက်သေနေသူကို တွေ့တယ်။+  ဖာရိရှဲတွေက  ယေရှုကို အပြစ်ရှာချင်တာနဲ့  “ဥပုသ်နေ့မှာ ရောဂါ ကုပေးသင့်သလား”  ဆိုပြီးမေးတယ်။+ ၁၁ ယေရှုက  “ခင်ဗျားတို့မှာ သိုးတစ်ကောင်ရှိတယ် ဆိုပါစို့။ အဲဒီသိုးက ဥပုသ်နေ့မှာ တွင်းထဲကျသွားရင် မဆွဲတင်ဘဲနေတဲ့သူ  ရှိသလား။+ ၁၂ လူဟာ သိုးထက် အများကြီးတန်ဖိုးရှိတယ်။  ဒါကြောင့်  ဥပုသ်နေ့မှာ ကောင်းမှုပြုသင့်တယ်”  လို့ပြန်ပြောတယ်။ ၁၃ အဲဒီနောက်  လက်တစ်ဖက်သေနေသူကို  “လက်ဆန့်လိုက်ပါ”  လို့ပြောတော့ အဲဒီလူ  လက်ဆန့်လိုက်တဲ့အခါ ကျန်လက်တစ်ဖက်လိုပဲ ပြန်ကောင်းသွားတယ်။ ၁၄ အဲဒီအခါ ဖာရိရှဲတွေ ထွက်သွားပြီး ယေရှုကိုသတ်ဖို့ ပူးပေါင်းကြံစည်ကြတယ်။

  • မာကု ၃:၁-၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ ယေရှုက နောက်တစ်ကြိမ် တရားဇရပ်ထဲ ဝင်လာတဲ့အခါ အဲဒီမှာ လက်တစ်ဖက်သေနေသူ ရှိနေတယ်။+ ၂ ဖာရိရှဲတွေက ယေရှုကို အပြစ်ရှာချင်တာနဲ့ ဥပုသ်နေ့မှာ အဲဒီလူကို ကုပေးမလားဆိုတာ မျက်ခြည်မပြတ် စောင့်ကြည့်နေတယ်။ ၃ အဲဒီအခါ ယေရှုက လက်တစ်ဖက်သေနေသူကို “ထပြီး ဒီအလယ်မှာ  လာရပ်ပါ”  လို့ပြောလိုက်တယ်။ ၄ ပြီးတော့  “ဥပုသ်နေ့မှာ ဘာလုပ်သင့်သလဲ။ ကောင်းမှုလား၊ မကောင်းမှုလား။ လူ့အသက် ကယ်တာလား၊ လူ့အသက် သတ်တာလား” လို့မေးတော့+ ဘာမှပြန်မဖြေကြဘူး။ ၅ သူတို့မှာ အကြင်နာတရား မရှိတဲ့အတွက်  ယေရှု  စိတ်ထိခိုက်သွားတယ်။+ ပတ်လည်မှာရှိတဲ့ လူတွေကို စိတ်ဆိုးဆိုးနဲ့ကြည့်ပြီး လက်တစ်ဖက်သေနေသူကို “လက်ဆန့်လိုက်ပါ” လို့ပြောတယ်။ အဲဒီလူလည်း လက်ဆန့်လိုက်တဲ့အခါ အကောင်းပကတိ ပြန်ဖြစ်သွားတယ်။ ၆ အဲဒီအခါ ဖာရိရှဲတွေ ထွက်သွားပြီး ယေရှုကိုသတ်ဖို့ ဟေရုဒ်နောက်လိုက်တွေနဲ့+ ချက်ချင်းတိုင်ပင်ကြတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ