-
မာကု ၇:၂၅-၃၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၅ နတ်ဆိုးပူးတဲ့ မိန်းကလေးတစ်ယောက်ရဲ့ မိခင်က ယေရှုအကြောင်း ကြားတာနဲ့ ခြေရင်းမှာ လာဦးညွှတ်တယ်။+ ၂၆ သူဟာ ဆီးရီးယားပြည်၊ ဖိုနီးရှားဒေသက ဂရိအမျိုးသမီးဖြစ်ပြီး သူ့သမီးဆီမှာ ဝင်ပူးနေတဲ့ နတ်ဆိုးကို နှင်ထုတ်ပေးဖို့ တဖွဖွ အသနားခံတယ်။ ၂၇ ဒါပေမဲ့ ယေရှုက “အရင်ဆုံး၊ ကိုယ့်သားသမီးကို ဝအောင်ကျွေးရတယ်။ သားသမီးရဲ့အစာကို ခွေးကလေးတွေအတွက် ချမပေးသင့်ဘူး”+ လို့ပြောတော့၊ ၂၈ အဲဒီအမျိုးသမီးက “မှန်ပါတယ် သခင်။ ဒါပေမဲ့ စားပွဲအောက်က ခွေးကလေးတွေတောင် သားသမီးတွေရဲ့ စားကြွင်းစားကျန်ကို စားရပါတယ်” လို့ပြောပြန်တယ်။ ၂၉ ယေရှုက “အိမ်ကိုပြန်ပါ။ ခင်ဗျား အခုလိုပြောတဲ့အတွက် ခင်ဗျားသမီးဆီကနေ နတ်ဆိုးထွက်သွားပြီ”+ လို့ပြောတယ်။ ၃၀ အဲဒီအမျိုးသမီး အိမ်ပြန်ရောက်တဲ့အခါ နတ်ဆိုးထွက်သွားလို့ သမီးငယ် အိပ်ရာမှာ အိပ်နေတာကို တွေ့လိုက်ရတယ်။+
-