-
မဿဲ ၁၅:၂၂-၂၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၂ အဲဒီအရပ်သူ ဖိုနီးရှား အမျိုးသမီးတစ်ယောက် ထွက်လာပြီး “သခင်၊ ဒါဝိဒ်ရဲ့သား၊ ကျွန်မကို သနားပါ။ ကျွန်မရဲ့သမီးဟာ နတ်ဆိုးစွဲတဲ့ ဝေဒနာကို အလူးအလိမ့် ခံစားနေရပါတယ်”+ လို့အော်ပြောတယ်။ ၂၃ ယေရှုက သူ့ကို စကားတစ်ခွန်းမှ ပြန်မပြောဘူး။ တပည့်တွေက အနားလာပြီး “အဲဒီအမျိုးသမီးကို ပြန်ခိုင်းလိုက်ပါ။ နောက်ကနေ တကောက်ကောက်လိုက်ပြီး အော်နေတယ်” လို့ပြောကြတယ်။ ၂၄ ဒါနဲ့ ယေရှုက “အစ္စရေးအမျိုးထဲက ပျောက်နေတဲ့ သိုးတွေဆီ ကျွန်တော့်ကို စေလွှတ်တာ။ တခြားလူမျိုးတွေဆီ စေလွှတ်တာမဟုတ်ဘူး”+ လို့ပြောလိုက်တယ်။ ၂၅ ဒါပေမဲ့ အဲဒီအမျိုးသမီးက အနားလာဦးညွှတ်ပြီး “သခင်၊ ကျွန်မကို ကူညီပါဦး” လို့အသနားခံတယ်။ ၂၆ ယေရှုကလည်း “သားသမီးရဲ့ အစာကို ခွေးကလေးတွေအတွက် ချမပေးသင့်ဘူး” လို့ပြောတယ်။ ၂၇ အမျိုးသမီးက “မှန်ပါတယ် သခင်။ ဒါပေမဲ့ ခွေးကလေးတွေဟာ သခင့်စားပွဲကကျတဲ့ စားကြွင်းစားကျန်တွေကိုတော့ စားရပါတယ်” လို့ ပြောပြန်တယ်။+ ၂၈ အဲဒီအခါ ယေရှုက “ခင်ဗျားရဲ့ယုံကြည်ခြင်း ခိုင်ခံ့လိုက်တာ။ ခင်ဗျားဆန္ဒရှိတဲ့အတိုင်း ဖြစ်ပါစေ” လို့ပြောတယ်။ အဲဒီအချိန်မှာပဲ သူ့သမီး ဝေဒနာသက်သာသွားတယ်။
-