-
မဿဲ ၁၃:၃-၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ အဲဒီမှာ ယေရှုက အကြောင်းအရာ အတော်များများကို ပုံဥပမာတွေသုံးပြီး အခုလိုသွန်သင်တယ်–+ “တစ်ခါက မျိုးကြဲသူတစ်ယောက် မျိုးစေ့ကြဲဖို့ ထွက်သွားတယ်။+ ၄ မျိုးကြဲတဲ့အခါ မျိုးစေ့တချို့ လမ်းပေါ်ကျပြီး ငှက်တွေ လာကောက်စားသွားတယ်။+ ၅ မျိုးစေ့တချို့က မြေဆီလွှာပါးတဲ့ ကျောက်ခံမြေပေါ် ကျတယ်။ မြေသားတိမ်တော့ ချက်ချင်း အပင်ပေါက်လာတယ်။+ ၆ ဒါပေမဲ့ နေမြင့်လာတဲ့အခါ အပင်ဟာ နေလောင်ပြီး အမြစ်လည်း မစွဲတဲ့အတွက် ညှိုးနွမ်းသွားတယ်။ ၇ မျိုးစေ့တချို့က ဆူးပင်တွေကြားထဲ ကျတဲ့အတွက် ဆူးပင်တွေ ကြီးထွားလာပြီး လွှမ်းမိုးပိတ်ဆို့သွားတယ်။+ ၈ မျိုးစေ့တချို့ကတော့ ကောင်းတဲ့မြေပေါ်ကျပြီး အဆ ၁၀၀၊ အဆ ၆၀၊ အဆ ၃၀ သီးပွင့်ကြတယ်။+ ၉ နားရှိတဲ့သူ ကြားပါစေ။”+
-
-
လုကာ ၈:၅-၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ “တစ်ခါက မျိုးကြဲသူတစ်ယောက် မျိုးစေ့ကြဲဖို့ ထွက်သွားတယ်။ မျိုးကြဲတဲ့အခါ မျိုးစေ့တချို့ လမ်းပေါ်ကျတဲ့အတွက် အနင်းခံရတယ်။ ငှက်တွေ ကောက်စားသွားတယ်။+ ၆ မျိုးစေ့တချို့ဟာ မြေဆီလွှာပါးတဲ့ ကျောက်ခံမြေပေါ် ကျတယ်။ အပင်ပေါက်လာပေမဲ့ ရေမရတဲ့အတွက် ခြောက်သွေ့သွားတယ်။+ ၇ မျိုးစေ့တချို့ကတော့ ဆူးပင်တွေကြားထဲ ကျတယ်။ ဆူးပင်တွေ အတူ ကြီးထွားလာပြီး လွှမ်းမိုးပိတ်ဆို့လိုက်တယ်။+ ၈ မျိုးစေ့တချို့ကတော့ ကောင်းတဲ့မြေပေါ် ကျတဲ့အတွက် အပင်ပေါက်လာပြီး အဆ ၁၀၀ သီးပွင့်ဖြစ်ထွန်းတယ်။”+ အဲဒီနောက် အသံကိုမြှင့်ပြီး “နားရှိတဲ့သူ ကြားပါစေ”+ လို့ပြောတယ်။
-