ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မဿဲ ၂၆:၆၉-၇၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၆၉ ပေတရုက ခြံဝင်းထဲ ထိုင်နေတုန်း အစေခံမလေးတစ်ယောက် ရောက်လာပြီး “ရှင်ဟာ ဂါလိလဲပြည်သား ယေရှုနဲ့တစ်ဖွဲ့တည်းပဲ” လို့ပြောတယ်။+ ၇၀ လူအားလုံးရှေ့မှာ ပေတရုက “ခင်ဗျားပြောနေတာတွေကို ကျွန်တော် မသိဘူး” လို့ ငြင်းတယ်။ ၇၁ ခြံဝင်းတံခါးဆီ  သူသွားတဲ့အခါ  အစေခံမလေး နောက်တစ်ယောက်က မြင်သွားပြီး အဲဒီမှာရှိတဲ့လူတွေကို “ဒီလူဟာ နာဇရက်မြို့သား ယေရှုနဲ့တစ်ဖွဲ့တည်းပဲ”+ လို့ပြောတယ်။ ၇၂ ပေတရုက “သူ့ကို ကျွန်တော် မသိဘူး” လို့ကျိန်ပြောတယ်။ ၇၃ ခဏကြာတော့ အဲဒီမှာရပ်နေသူတွေ အနားလာပြီး ပေတရုကို “တကယ်တော့ ခင်ဗျားလည်း သူတို့နဲ့ တစ်ဖွဲ့တည်းပဲဆိုတာ ခင်ဗျားရဲ့လေသံကို နားထောင်တာနဲ့ သိနိုင်တယ်” လို့ပြောကြတယ်။ ၇၄ ပေတရုက ကျိန်တွယ်သစ္စာဆိုပြီး “သူ့ကို ကျွန်တော် မသိဘူး” လို့ငြင်းတယ်။ အဲဒီအချိန်မှာပဲ ကြက်တွန်သံ ကြားလိုက်ရတယ်။ ၇၅ “ကြက်မတွန်ခင် ကျွန်တော့်ကို မသိဘူးဆိုပြီး ခင်ဗျား သုံးကြိမ်ငြင်းလိမ့်မယ်”+ ဆိုတဲ့ ယေရှုရဲ့စကားကို သူသတိရသွားတဲ့အတွက် အပြင်ထွက်ပြီး ရှိုက်ကြီးတငင် ငိုချတော့တယ်။

  • မာကု ၁၄:၆၆-၇၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၆၆ ပေတရုက ခြံဝင်းထဲမှာပဲ ရှိနေတုန်း  ပုရောဟိတ်မင်းရဲ့  အစေခံမလေးတစ်ယောက် ရောက်လာတယ်။+ ၆၇ မီးလှုံနေတဲ့ ပေတရုကို တွေ့တဲ့အခါ အသေအချာ ကြည့်ပြီး “ရှင်လည်း နာဇရက်မြို့သား ယေရှုနဲ့တစ်ဖွဲ့တည်း မဟုတ်လား” လို့ပြောတယ်။ ၆၈ ပေတရုက “သူ့ကို ကျွန်တော် မသိဘူး။ ခင်ဗျား ဘာတွေပြောနေမှန်းလည်း ကျွန်တော် နားမလည်ဘူး” လို့ငြင်းပြီး ခြံအဝင်ဝဘက်ကို ထွက်သွားလိုက်တယ်။ ၆၉ အစေခံမလေးက ပေတရုကို ထပ်တွေ့ပြန်တော့ အနားမှာ ရပ်နေသူတွေကို “ဒီလူဟာ ယေရှုရဲ့ တပည့်တစ်ယောက်ပဲ” လို့ပြောတယ်။ ၇၀ ပေတရုက မဟုတ်ဘူးလို့ ငြင်းပြန်တယ်။ ခဏကြာတော့ အနားမှာ ရပ်နေသူတွေက “ခင်ဗျားဟာ ဂါလိလဲပြည်သားပဲ။ သူတို့နဲ့တစ်ဖွဲ့တည်းဆိုတာ သေချာတယ်”  လို့ ပေတရုကို  ပြောတယ်။ ၇၁ ဒါပေမဲ့ ပေတရုက ကျိန်တွယ်သစ္စာဆိုပြီး “ခင်ဗျားတို့ ပြောနေတဲ့လူကို ကျွန်တော် မသိဘူး” လို့ငြင်းတယ်။ ၇၂ အဲဒီအချိန်မှာပဲ ဒုတိယအကြိမ် ကြက်တွန်တယ်။+ “ကြက်နှစ်ကြိမ်မတွန်ခင် ကျွန်တော့်ကို မသိပါဘူးလို့ ခင်ဗျား သုံးကြိမ်ငြင်းလိမ့်မယ်”+ ဆိုတဲ့ ယေရှုရဲ့စကားကို ပေတရုသတိရပြီး စိတ်မထိန်းနိုင်ဘဲ ငိုချတော့တယ်။

  • ယောဟန် ၁၈:၁၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၈ ချမ်းစိမ့်စိမ့်ဖြစ်နေလို့ ကျွန်တွေ၊ အစောင့်ရဲမက်တွေက မီးသွေးမီးဖိုပြီး မီးလှုံနေကြတယ်။ ပေတရုလည်း သူတို့နဲ့အတူရပ်ပြီး မီးလှုံနေတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ