ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မာကု ၁၄:၆၆-၇၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၆၆ ပေတရုက ခြံဝင်းထဲမှာပဲ ရှိနေတုန်း  ပုရောဟိတ်မင်းရဲ့  အစေခံမလေးတစ်ယောက် ရောက်လာတယ်။+ ၆၇ မီးလှုံနေတဲ့ ပေတရုကို တွေ့တဲ့အခါ အသေအချာ ကြည့်ပြီး “ရှင်လည်း နာဇရက်မြို့သား ယေရှုနဲ့တစ်ဖွဲ့တည်း မဟုတ်လား” လို့ပြောတယ်။ ၆၈ ပေတရုက “သူ့ကို ကျွန်တော် မသိဘူး။ ခင်ဗျား ဘာတွေပြောနေမှန်းလည်း ကျွန်တော် နားမလည်ဘူး” လို့ငြင်းပြီး ခြံအဝင်ဝဘက်ကို ထွက်သွားလိုက်တယ်။ ၆၉ အစေခံမလေးက ပေတရုကို ထပ်တွေ့ပြန်တော့ အနားမှာ ရပ်နေသူတွေကို “ဒီလူဟာ ယေရှုရဲ့ တပည့်တစ်ယောက်ပဲ” လို့ပြောတယ်။ ၇၀ ပေတရုက မဟုတ်ဘူးလို့ ငြင်းပြန်တယ်။ ခဏကြာတော့ အနားမှာ ရပ်နေသူတွေက “ခင်ဗျားဟာ ဂါလိလဲပြည်သားပဲ။ သူတို့နဲ့တစ်ဖွဲ့တည်းဆိုတာ သေချာတယ်”  လို့ ပေတရုကို  ပြောတယ်။ ၇၁ ဒါပေမဲ့ ပေတရုက ကျိန်တွယ်သစ္စာဆိုပြီး “ခင်ဗျားတို့ ပြောနေတဲ့လူကို ကျွန်တော် မသိဘူး” လို့ငြင်းတယ်။ ၇၂ အဲဒီအချိန်မှာပဲ ဒုတိယအကြိမ် ကြက်တွန်တယ်။+ “ကြက်နှစ်ကြိမ်မတွန်ခင် ကျွန်တော့်ကို မသိပါဘူးလို့ ခင်ဗျား သုံးကြိမ်ငြင်းလိမ့်မယ်”+ ဆိုတဲ့ ယေရှုရဲ့စကားကို ပေတရုသတိရပြီး စိတ်မထိန်းနိုင်ဘဲ ငိုချတော့တယ်။

  • လုကာ ၂၂:၅၄-၆၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၅၄ အဲဒီနောက် သူတို့က ယေရှုကိုဖမ်းပြီး+ ပုရောဟိတ်မင်းရဲ့အိမ်ကို ခေါ်သွားတယ်။ ပေတရုက ခပ်လှမ်းလှမ်းကနေ  လိုက်သွားတယ်။+ ၅၅ ခြံဝင်းအလယ်မှာ လူတွေ မီးဖိုပြီး ဝိုင်းထိုင်တဲ့အခါ  ပေတရုလည်း သူတို့ကြားမှာ  ဝင်ထိုင်တယ်။+ ၅၆ ပေတရု ထိုင်ပြီးမီးလှုံနေတာကို အစေခံမလေးတစ်ယောက်  တွေ့တဲ့အခါ အသေအချာကြည့်ပြီး “သူလည်း ဟိုလူနဲ့ တစ်ဖွဲ့တည်းပဲ”  လို့ပြောတော့၊ ၅၇ “သူ့ကို ကျွန်တော် မသိပါဘူး” လို့ ငြင်းတယ်။ ၅၈ ခဏကြာတော့ နောက်တစ်ယောက်က ပေတရုကို တွေ့တဲ့အခါ “ခင်ဗျားလည်း သူ့တပည့်ပဲ” ဆိုတော့ “မဟုတ်ရပါဘူးဗျာ” လို့ ငြင်းတယ်။+ ၅၉ တစ်နာရီလောက်ကြာတော့ နောက်တစ်ယောက်က “သူဟာ ဂါလိလဲပြည်သားဆိုတော့ ဟိုလူနဲ့တစ်ဖွဲ့တည်းဆိုတာ သေချာတယ်” လို့ တထစ်ချပြောတဲ့အခါ၊ ၆၀ ပေတရုက  “ခင်ဗျား  ဘာတွေပြောနေမှန်း ကျွန်တော် မသိဘူး” ဆိုပြီး ငြင်းတယ်။ သူ အဲဒီလိုငြင်းနေတုန်းမှာပဲ ကြက်တွန်သံ ကြားလိုက်ရတယ်။ ၆၁ အဲဒီအချိန်မှာ သခင်ယေရှုက ပေတရုကို လှည့်ပြီးကြည့်တယ်။ ပေတရုလည်း “ဒီနေ့ ကြက်မတွန်ခင်မှာ ကျွန်တော့်ကို မသိဘူးလို့ ခင်ဗျား သုံးကြိမ်ငြင်းလိမ့်မယ်” ဆိုတဲ့ ယေရှုရဲ့စကားကို သတိရသွားတဲ့အတွက်၊+ ၆၂ အပြင်ထွက်ပြီး ရှိုက်ကြီးတငင် ငိုချတော့တယ်။

  • ယောဟန် ၁၈:၁၅-၁၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ ရှိမုန်ပေတရုနဲ့ တပည့်နောက်တစ်ယောက်က နောက်ကနေ လိုက်လာကြတယ်။+ အဲဒီတပည့်က ပုရောဟိတ်မင်းရဲ့ အသိဖြစ်နေလို့ ပုရောဟိတ်မင်းရဲ့ ခြံဝင်းထဲ ယေရှုနဲ့အတူ ဝင်သွားတယ်။ ၁၆ ပေတရုကတော့ ဝင်းတံခါးအပြင်ဘက်မှာ ရပ်ပြီးကျန်ရစ်ခဲ့တယ်။ ဒါကြောင့် ပုရောဟိတ်မင်းရဲ့အသိဖြစ်တဲ့ တပည့်က ထွက်လာပြီး တံခါးစောင့်ကို ပြောလိုက်တော့ ပေတရု အထဲဝင်လို့ ရသွားတယ်။ ၁၇ တံခါးစောင့်ဖြစ်တဲ့ အစေခံမလေးက “ရှင်လည်း အဲဒီလူရဲ့တပည့်ပဲ မဟုတ်လား” လို့မေးတဲ့အခါ ပေတရုက “မဟုတ်ပါဘူး”+ လို့ငြင်းတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ