SIN DING THU 37
LA 118 “Ka Upna Uh Hong Khangsak In”
Cihtakna Tawh A Tawp Donga Thuakzawh Nadinga Hong Huh Ding Laikhak Khat
‘A kipat tungin i neih lungmuanna kip takin len in.’—HEB. 3:14.
အာရုံစိုက်ရာ
ဟီဘရူးခရစ်ယာန်တွေဆီ ပေါလု ရေးတဲ့ စာမှာ ဒီလောကစနစ်အဆုံးထိ သစ္စာရှိရှိ ခံရပ်နိုင်ဖို့ ကူညီပေးမယ့် လက်တွေ့ကျ သင်ခန်းစာတွေ ပါတယ်။
1-2. (a) Sawltak Paul’ lai-at hunin Judea gama Khristiante dinmun bangci om a hiam? (b) Paul’ laikhak in bang hangin a hunlap hi a hiam?
ယေရှု သေဆုံးပြီးနောက် ဂျေရုဆလင်မြို့နဲ့ ယုဒပြည်က ဟီဘရူးခရစ်ယာန်တွေ အခက်အခဲ အများကြီး ကြုံကြရတယ်။ ခရစ်ယာန် အသင်းတော် တည်ထောင်ပြီးနောက် မကြာခင်မှာ အကြီးအကျယ် နှိပ်စက်ညှဉ်းဆဲခံရတယ်။ (တ. ၈:၁) နောက်အနှစ် ၂၀ လောက်အကြာမှာ အငတ်ဘေးဆိုက်လို့ ငွေကြေးအကျပ်အတည်း ကြုံရတယ်။ (တ. ၁၁:၂၇-၃၀) အေဒီ ၆၁ ဝန်းကျင်ကတော့ ရှေ့မှာ ကြုံရမယ့် ဒုက္ခကာလနဲ့ ယှဉ်ရင် အေးချမ်းတဲ့ ကာလလို့ ပြောရမယ်။ အဲဒီကာလအတွင်း စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးတဲ့ စာတစ်စောင်ကို တမန်တော် ပေါလုဆီကနေ သူတို့ ရတယ်။ အချိန်ကိုက် ရတဲ့ စာပါပဲ။
၂ ဘာကြောင့် အချိန်ကိုက် ဖြစ်သလဲ။ အေးချမ်းတဲ့ ကာလ ကြာကြာခံမှာ မဟုတ်လို့ပါပဲ။ ဒါကြောင့် ရှေ့မှာ ကြုံရမယ့် ဒုက္ခကာလကို ခံရပ်နိုင်ဖို့ ကူညီပေးမယ့် လက်တွေ့ကျ အကြံပြုချက်တွေကို ပေါလု ထည့်ရေးထားတယ်။ ယေရှု ကြိုပြောခဲ့တဲ့အတိုင်း ဂျေရုဆလင်မြို့ ဖျက်ဆီးခံရတော့မယ်။ (လု. ၂၁:၂၀) ဖျက်ဆီးခံရမယ့် အချိန်အတိအကျကိုတော့ ပေါလုကော ယုဒပြည်က ခရစ်ယာန်တွေပါ မသိဘူး။ ဒါပေမဲ့ အဲဒီအချိန် မရောက်ခင်စပ်ကြား ယုံကြည်ခြင်း၊ ခံနိုင်ရည်လိုမျိုး အရည်အသွေးတွေ တိုးများအောင် လုပ်ခြင်းအားဖြင့် သူတို့ အသင့်ပြင်ထားနိုင်တယ်။—ဟီ. ၁၀:၂၅။ ၁၂:၁၊ ၂။
3. Hebru Khristiante’ ngah laikhak pen tu huna Khristian te’n a thupi diaka a mitsuan ding uh bang hang kisam a hiam?
၃ ဟီဘရူးခရစ်ယာန်တွေ ကြုံခဲ့တာထက် ပိုကြီးမားတဲ့ဒုက္ခ ကျွန်တော်တို့ ကြုံရတော့မယ်။ (မ. ၂၄:၂၁။ ဗျာ. ၁၆:၁၄၊ ၁၆) ဒါကြောင့် သူတို့ ရခဲ့တဲ့ စာမှာ ပါတဲ့ လက်တွေ့ကျ အကြံပြုချက်တချို့ကို သုံးသပ်ကြရအောင်။ အဲဒီအကြံပြုချက်တွေက ကျွန်တော်တို့ကိုလည်း ကူညီပေးနိုင်တယ်။
“PICINNA LAMAH MANAWT NI”
4. Jew Khristian te’n bang haksatna tuak uh a hiam? (Lim zong en in.)
၄ ဂျူးနောက်ခံ ရှိတဲ့ ခရစ်ယာန်တွေ ကြီးကြီးမားမား အခက်အခဲတစ်ခု ကြုံရတယ်။ တစ်ချိန်ကဆိုရင် ဂျူးလူမျိုးဟာ ယေဟောဝါဘုရား ရွေးချယ်ထားတဲ့ လူမျိုး ဖြစ်ခဲ့တာ။ ဂျေရုဆလင်မြို့ဟာ ယေဟောဝါကို ကိုယ်စားပြုတဲ့ ဘုရင်တွေ နန်းစိုက်ရာမြို့ ဖြစ်ခဲ့တာ။ ဗိမာန်တော်ဟာ စင်ကြယ်တဲ့ ဝတ်ပြုရေးရဲ့ အချက်အချာနေရာ ဖြစ်ခဲ့တာ။ သစ္စာရှိ ဂျူးအားလုံးဟာ မောရှေပညတ်မှာ ပါတာတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ သင်ပြတဲ့ စည်းမျဉ်းတွေကို လိုက်နာခဲ့တာ။ အစားအသောက်၊ အရေဖျားဖြတ်ခြင်း၊ လူမျိုးခြားတွေကို ပြောဆိုဆက်ဆံခြင်းစတဲ့ ကဏ္ဍတွေကအစ စည်းမျဉ်းတွေ ရှိတယ်။ ဒါပေမဲ့ ယေရှု သေဆုံးပြီးနောက် ပညတ်တရား အဆုံးတိုင်သွားတယ်။ ဗိမာန်တော်မှာ ပူဇော်သက္ကာတွေကို ဆက်သစရာ မလိုတော့ဘူး။ ပညတ်တရား လိုက်နာတာ ခေါက်ရိုးကျိုးနေပြီ ဖြစ်တဲ့ ဂျူးခရစ်ယာန်တွေအတွက် ကြီးကြီးမားမား အခက်အခဲပါပဲ။ (ဟီ. ၁၀:၁၊ ၄၊ ၁၀) တမန်တော် ပေတရုတို့လို ရင့်ကျက်တဲ့ ခရစ်ယာန်တွေတောင် အပြောင်းအလဲတချို့ လုပ်ဖို့ ခက်ခဲ့တယ်။ (တ. ၁၀:၉-၁၄။ ဂလ. ၂:၁၁-၁၄) ယုံကြည်ချက်အသစ်တွေကြောင့် ဂျူးခရစ်ယာန်တွေဟာ ဂျူးဘာသာရေး ခေါင်းဆောင်တွေရဲ့ ပစ်မှတ် ဖြစ်လာတယ်။
ခရစ်ယာန်တွေဟာ အမှန်တရားမှာ စွဲမြဲနေဖို့၊ ဆန့်ကျင်သူတွေရဲ့ အတွေးအခေါ်အမှားတွေကို ငြင်းပယ်တတ်ဖို့ လို (စာပိုဒ် ၄-၅ ကို ကြည့်ပါ)
5. Kua te’n Jew Khristiante na langpang uh a hiam?
၅ ဂျူးခရစ်ယာန်တွေကို ဆန့်ကျင်တဲ့ အုပ်စုနှစ်စု ရှိတယ်။ တစ်စုက သူတို့ကို အယူဖောက်ပြန်သွားသူတွေလို ဆက်ဆံနေကြတဲ့ ဂျူးဘာသာရေး ခေါင်းဆောင်တွေ။ နောက်တစ်စုကတော့ မောရှေပညတ် အတင်းအကျပ် ဆက်လိုက်နာခိုင်းနေတဲ့ အသင်းတော်ထဲက အမည်ခံ ခရစ်ယာန်တွေ။ နှိပ်စက်ညှဉ်းဆဲမခံရအောင် အဲဒီလိုလိုက်နာခိုင်းတာ ဖြစ်နိုင်တယ်။ (ဂလ. ၆:၁၂) အမှန်တရားမှာ စွဲမြဲနေဖို့ သစ္စာရှိ ခရစ်ယာန်တွေကို ဘာက ကူညီပေးမလဲ။
6. Thu uppih mi te’n bang a sep dinguh Paul in thapia a hiam? (Hebru 5:14-6:1)
၆ ကျမ်းစာကို နက်နက်နဲနဲ လေ့လာဖို့ ယုံကြည်သူချင်းတွေကို စာထဲမှာ ပေါလု အားပေးတယ်။ (ဟီဘရူး ၅:၁၄–၆:၁ ကို ဖတ်ပါ။) ခရစ်ယာန်ဝတ်ပြုမှုဟာ ဂျူးဝတ်ပြုမှုထက် ပိုသာကြောင်း ဟီဘရူးကျမ်းစောင်တွေ သုံးပြီး ကျိုးကြောင်းဆင်ခြင်ပြတယ်။a အမှန်တရားကို ပိုသိလာရင်၊ နက်နက်နဲနဲ နားလည်လာရင် သွန်သင်ချက်အမှားတွေကို သူတို့ ခွဲခြားသိမယ်၊ ငြင်းပယ်တတ်မယ်၊ လမ်းမလွဲတော့ဘူးဆိုတာ ပေါလု သိတယ်။
7. Bang ze-etnate tuak i hiam?
၇ ဒီနေ့လည်း ယေဟောဝါရဲ့ အမှားအမှန်စံနှုန်းတွေကို ဆန့်ကျင်တဲ့ အတွေးအခေါ်တွေ ပျံ့နေတယ်။ လိင်မှုကိစ္စနဲ့ပတ်သက်ပြီး ကျမ်းစာစံနှုန်းကို ယေဟောဝါသက်သေတွေ လိုက်နာတာဟာ အမြင်ကျဉ်းတာပဲ၊ နှင်ထုတ်ခြင်း အစီအစဉ်ဟာ မေတ္တာမဲ့တာပဲဆိုပြီး ဆန့်ကျင်သူတွေ ပြောကြတယ်။ လောကအမြင်ဟာ ဘုရားရဲ့ ပြည့်ဝစုံလင်တဲ့ အမြင်နဲ့ ကွာသည်ထက် ကွာလာတယ်။ (ပညာ. ၁၇:၁၅) ဒါကြောင့် အမှန်တရားမှာ အားလျော့သွားစေဖို့၊ အမှန်တရားကို လုံးလုံး ကျောခိုင်းသွားစေဖို့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင်သူတွေ ဖြန့်နေတဲ့ အတွေးအခေါ်အမှားတွေကို ကျွန်တော်တို့ ခွဲခြားသိရမယ်၊ ငြင်းပယ်တတ်ရမယ်။—ဟီ. ၁၃:၉။
8. Koi bangin picinna lamah manawt thei i hiam?
၈ ဟီဘရူးခရစ်ယာန်တွေကို ပေါလု အကြံပေးတဲ့အတိုင်း ကျွန်တော်တို့လည်း ရင့်ကျက်တဲ့အဖြစ်ကို တက်လှမ်းနေရမယ်။ ဆိုလိုတာက အမှန်တရားကို နက်နက်နဲနဲ နားလည်လာအောင်၊ ယေဟောဝါ တွေးသလို တွေးတတ်လာအောင် လုပ်ရမယ်။ ဒါဟာ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံပြီးရင်တောင် ဆက်လုပ်နေရမယ့်အရာပဲ။ အမှန်တရားသက်တမ်း ဘယ်လောက်ပဲ ရှိပါစေ ကျွန်တော်တို့အားလုံး မှန်မှန် ကျမ်းစာဖတ်ရှုလေ့လာရမယ်။ (ဆာ. ၁:၂) ဒါဆိုရင် ဟီဘရူးခရစ်ယာန်တွေဆီ ရေးတဲ့ စာမှာ ပေါလု အလေးပေးဖော်ပြတဲ့ အရည်အသွေးတစ်ခု တိုးများလာမယ်။ အဲဒါကတော့ ယုံကြည်ခြင်းပါ။—ဟီ. ၁၁:၁၊ ၆။
‘THU UMIN NUNGTA DING UH HI’
9. Hebru Khriatian te’n upna kip a neih ding uh bang hang kisam a hiam?
၉ ယုဒပြည်မှာ ဒုက္ခကာလ ရောက်လာတဲ့အခါ အသက်ရှင်လွတ်မြောက်ဖို့ ဟီဘရူးခရစ်ယာန်တွေ ခိုင်မာတဲ့ ယုံကြည်ခြင်း လိုအပ်တယ်။ (ဟီ. ၁၀:၃၇-၃၉) ဂျေရုဆလင်မြို့ကို စစ်တပ် ဝိုင်းရံထားတာ မြင်တဲ့အခါ တောင်ပေါ် ပြေးဖို့ နောက်လိုက်တွေကို ယေရှု သတိပေးခဲ့တယ်။ ဂျေရုဆလင်မြို့ထဲမှာ နေနေ၊ ယုဒတောရွာမှာ နေနေ ခရစ်ယာန်အားလုံး ထွက်ပြေးကြရမှာ။ (လု. ၂၁:၂၀-၂၄) ပုံမှန်ဆိုရင် စစ်တပ် ဝိုင်းရံခံရတဲ့အခါ ဂျေရုဆလင်မြို့လိုမျိုး မြို့ရိုး အခိုင်အခံ့ ရှိတဲ့နေရာကို လူတွေ လာခိုလှုံလေ့ရှိတယ်။ ဒါကြောင့် တောင်ပေါ် ပြေးပါဆိုတဲ့ ညွှန်ကြားချက်ဟာ လက်တွေ့မကျပုံပေါက်နိုင်တယ်။ ညွှန်ကြားချက် လိုက်နာဖို့ ခိုင်မာတဲ့ ယုံကြည်ခြင်း လိုအပ်တယ်။
10. Upna kip in bang sem dingin Khristiante tawsawn a hiam? (Hebru 13:17)
၁၀ အသင်းတော်ကို ညွှန်ကြားဖို့ ယေရှု အသုံးပြုသူတွေကိုလည်း ဟီဘရူးခရစ်ယာန်တွေ ယုံကြည်ဖို့ လိုအပ်တယ်။ ဘယ်အချိန်၊ ဘယ်လို ပြေးရမယ်ဆိုတာနဲ့ပတ်သက်ပြီး ဦးဆောင်နေသူတွေ သတ်သတ်မှတ်မှတ် ညွှန်ကြားပေးခဲ့ပုံရတယ်။ (ဟီဘရူး ၁၃:၁၇ ကို ဖတ်ပါ။) “နာခံပါ” ဆိုပြီး ဟီဘရူး ၁၃:၁၇ မှာ ပေါလု သုံးတဲ့ ဂရိစကားလုံးက နာခံဖို့ တာဝန်ရှိလို့ မဟုတ်ဘဲ ဦးဆောင်နေသူတွေကို ယုံလို့ နာခံတာ ဖြစ်သင့်ကြောင်း ဖော်ပြတယ်။ ဒါကြောင့် ဟီဘရူးခရစ်ယာန်တွေဟာ ဦးဆောင်နေသူတွေကို ဒုက္ခကာလ မရောက်ခင်ကတည်းက ယုံကြည်စိတ်ချတတ်အောင် လုပ်ထားဖို့ လိုအပ်တယ်။ ဦးဆောင်နေသူတွေရဲ့ ညွှန်ကြားချက်တွေကို အေးချမ်းတဲ့ ကာလမှာ နာခံမှ ဒုက္ခကာလမှာ နာခံဖို့ လွယ်မယ်။
11. Tu huna Khristian te’n upna kip a neih ding uh bang hang thupi a hiam?
၁၁ ဒီနေ့ခေတ် ခရစ်ယာန်တွေလည်း ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိဖို့ အရေးကြီးတယ်။ ဘာကြောင့်လဲ။ ဒီလောကစနစ်အဆုံး ရောက်တော့မယ်ဆိုတာကို လူအများစု မယုံတဲ့၊ ကဲ့ရဲ့လှောင်ပြောင်တဲ့ ခေတ်ကာလမှာ အသက်ရှင်နေရလို့ပဲ။ (၂ ပေ. ၃:၃၊ ၄) ဒါ့အပြင် ကြီးစွာသောဒုက္ခအတွင်း ဘာတွေ ဖြစ်မယ်ဆိုတာ ကျမ်းစာမှာ ဖော်ပြထားလို့ ကျွန်တော်တို့ တော်တော်များများ သိထားတယ်။ ဒါပေမဲ့ မသိတာတွေလည်း ရှိတယ်။ သတ်မှတ်ထားချိန်မှာ ဒီလောကစနစ်အဆုံး ရောက်လာမယ်၊ ကျွန်တော်တို့ကို ယေဟောဝါ စောင့်ရှောက်မယ်ဆိုတာ အခိုင်အမာ ယုံကြည်ရမယ်။—ဟဗ. ၂:၃။
12. Gimna lianpi-ah suahtat nadingin bang in hong huh ding a hiam?
၁၂ ဒီနေ့အချိန်မှာ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကို သုံးပြီး ယေဟောဝါ ညွှန်ကြားနေတယ်ဆိုတာလည်း ကျွန်တော်တို့ အခိုင်အမာ ယုံကြည်ရမယ်။ (မ. ၂၄:၄၅) ဂျေရုဆလင်မြို့ကို ရောမစစ်တပ် ဝိုင်းရံချိန်မှာ အသက်ကယ် ညွှန်ကြားချက်တွေကို ဟီဘရူးခရစ်ယာန်တွေ ရခဲ့သလိုပဲ ကြီးစွာသောဒုက္ခ စချိန်မှာ သတ်သတ်မှတ်မှတ် ညွှန်ကြားချက်တွေကို ကျွန်တော်တို့ ရလာနိုင်တယ်။ အခုအချိန်ဟာ အဖွဲ့အစည်းကို ဦးဆောင်နေသူတွေရဲ့ ညွှန်ကြားချက်တွေကို ယုံကြည်စိတ်ချတတ်အောင် လုပ်ထားရမယ့် အချိန်ပဲ။ ညွှန်ကြားချက်တွေကို အခုအချိန်မှာ လိုက်နာဖို့ ခက်နေရင် ကြီးစွာသောဒုက္ခအတွင်း စိတ်ချလက်ချ လိုက်နာဖို့ ပိုခက်မယ်။
13. Hebru 13:5 a thuhilhna bang hangin thupi a hiam?
၁၃ ဘယ်အချိန်၊ ဘယ်လို ပြေးရမယ်ဆိုတာနဲ့ပတ်သက်ပြီး ညွှန်ကြားချက် စောင့်နေတုန်း ဟီဘရူးခရစ်ယာန်တွေဟာ ဝတ်ပြုရေးကို ဦးစားထားတဲ့ ဘဝပုံစံနဲ့ နေခဲ့ကြရတယ်။ “ငွေတပ်မက်တာကို ရှောင်” ခဲ့ကြရတယ်။ (ဟီဘရူး ၁၃:၅ ကို ဖတ်ပါ။) ခရစ်ယာန်တချို့ဟာ အငတ်ဘေး၊ ဆင်းရဲဒုက္ခ ကြုံခဲ့ဖူးတယ်။ (ဟီ. ၁၀:၃၂-၃၄) သတင်းကောင်းအတွက် အခက်အခဲတွေကို ကျေကျေနပ်နပ် ခံရပ်ခဲ့ပေမဲ့ နောက်နောင် ဒီလိုဒုက္ခတွေ မကြုံရဖို့ဆိုရင် ငွေရှိမှ ဖြစ်မယ်ဆိုတဲ့ အတွေး ဝင်သွားကြပုံပဲ။ ဒါပေမဲ့ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရချိန်မှာ ငွေက ကယ်တင်နိုင်မှာ မဟုတ်ဘူး။ (ယာ. ၅:၃) ပိုဆိုးတာက ပစ္စည်းဥစ္စာမက်ရင် အိမ်နဲ့ ပိုင်ဆိုင်ရာတွေ ထားခဲ့ပြီး ထွက်ပြေးဖို့ ပိုခက်မယ်။
14. Upna kip in neihlelamte tawh kisai-in koi bang thukhensatnate hong bawlsak ding a hiam?
၁၄ ဒီလောကစနစ်အဆုံး ရောက်လာတော့မယ်ဆိုတာ အခိုင်အမာ ယုံကြည်ရင် ငွေတပ်မက်တာကို ကျွန်တော်တို့ ရှောင်နိုင်မယ်။ “ယေဟောဝါ အမျက်ထွက်တဲ့နေ့မှာ ရွှေငွေတွေ ကယ်တင်နိုင်မှာ မဟုတ်” မှန်း လူတွေ သဘောပေါက်သွားကြမှာ ဖြစ်လို့ “ငွေကို လမ်းပေါ် လွှင့်ပစ်လိမ့်မယ်။” (ယေဇ. ၇:၁၉) ဒါကြောင့် ငွေ ရှာနိုင်သမျှ ရှာဖို့ အာရုံမစိုက်ပါနဲ့။ မပိုလွန်း၊ မလိုလွန်း ဘဝပုံစံနဲ့ နေနိုင်မယ့် ဆုံးဖြတ်ချက်တွေ ချပါ။ မလိုအပ်ဘဲ အကြွေးတင်မခံပါနဲ့။ ပိုင်ဆိုင်ရာတွေ ထိန်းသိမ်းတာနဲ့ပဲ အချိန်ကုန်တာမျိုး အဖြစ်မခံပါနဲ့။ ပိုင်ဆိုင်ရာတွေကို အလွန်အမင်း မဖက်တွယ်ပါနဲ့။ (မ. ၆:၁၉၊ ၂၄) ဒီလောကစနစ်အဆုံး နီးလာလေ ယေဟောဝါကို အားကိုးသလား၊ ပိုင်ဆိုင်ရာတွေကို အားကိုးသလားဆိုတာ ရွေးချယ်ရမယ့် အခြေအနေတွေ ကြုံလာရနိုင်တယ်။
“THUAK ZAWHNA KISAM”
15. Hebru Khristian te’n thuak zawhna a neih ding uh bang hangin kisam phadiak a hiam?
၁၅ ယုဒပြည်မှာ အခြေအနေတွေ ပိုဆိုးလာတာနဲ့အမျှ ဟီဘရူးခရစ်ယာန်တွေဟာ ယုံကြည်ခြင်း စမ်းသပ်မှုတွေ ခံရပ်ခဲ့ကြရတယ်။ (ဟီ. ၁၀:၃၆) တချို့က နှိပ်စက်ညှဉ်းပန်းမှု အကြီးအကျယ် ကြုံဖူးပေမဲ့ တော်တော်များများက အေးချမ်းတဲ့ ကာလမှာ ခရစ်ယာန် ဖြစ်လာတာ။ ဘာပဲဖြစ်ဖြစ် ယေရှုလို သွေးမြေကျတဲ့အထိ မခံရသေးလို့ ရှေ့မှာ ကြုံရမယ့် ယုံကြည်ခြင်း စမ်းသပ်မှုတွေအတွက် အသင့်ပြင်ထားဖို့ ပေါလု သတိပေးတယ်။ (ဟီ. ၁၂:၄) ခရစ်ယာန်ဘာသာ ပျံ့နှံ့လာတာနဲ့အမျှ ဆန့်ကျင်သူတွေ ပိုမုန်းတီးရန်လိုလာကြတယ်။ ဟီဘရူးကျမ်း မရေးခင် နှစ်အနည်းငယ်တုန်းက ဂျေရုဆလင်မြို့ကို ပေါလု ရောက်လာလို့ လူတွေ ဆူပူအုံကြွသွားသေးတယ်။ “သူ့ကို မသတ်ရသေးခင် စားသောက်မိရင် ကျိန်စာသင့်ပါစေ” ဆိုပြီး ဂျူးအယောက် ၄၀ ကျော် ကျိန်ကြတယ်။ (တ. ၂၂:၂၂။ ၂၃:၁၂-၁၄) မုန်းတီးရန်လိုခံရမယ်ဆိုပေမဲ့ ခရစ်ယာန်တွေဟာ ဝတ်ပြုဖို့ စုဆုံကြရမယ်၊ ဟောပြောကြရမယ်၊ ယုံကြည်ခြင်း ခိုင်မာအောင် လုပ်ကြရမယ်။
16. Ze-etnate tawh kisai-a mundan man neih nadingin Paul’ laikhak in koi bangin hong huh thei a hiam? (Hebru 12:7)
၁၆ စမ်းသပ်မှုတွေကို ဟီဘရူးခရစ်ယာန်တွေ ခံရပ်နိုင်ဖို့ဆိုရင် အမြင်မှန် ရှိရမယ်ဆိုတာ ပေါလု သိတယ်။ ဒါကြောင့် စမ်းသပ်မှုတွေကို ဘုရားရဲ့ လေ့ကျင့်မှုလို့ သဘောထားဖို့ ပြောတယ်။ (ဟီဘရူး ၁၂:၇ ကို ဖတ်ပါ။) ဒီလိုလေ့ကျင့်မှုတွေက အရည်အသွေးကောင်းတွေ ရှိလာစေတယ်၊ ရှိပြီးသား အရည်အသွေးတွေကို တိုးတက်လာစေတယ်။ စမ်းသပ်မှုကနေ ရလာမယ့် အကျိုးကျေးဇူးတွေကို အာရုံစိုက်မယ်ဆိုရင် ခံရပ်ဖို့ ပိုလွယ်တယ်။—ဟီ. ၁၂:၁၁။
17. Bawlsiatnate thuak zawhna tawh kisai-in Paul in bangteng na thei a hiam?
၁၇ သန္နိဋ္ဌာန် အခိုင်အမာ ချပြီး စမ်းသပ်မှုတွေ ခံရပ်ဖို့ ဟီဘရူးခရစ်ယာန်တွေကို ပေါလု အားပေးတယ်။ ပေါလုဟာ ဒီလိုအားပေးနိုင်တဲ့ အနေအထားမှာ ရှိတယ်။ ကိုယ်တိုင်ဟာ ခရစ်ယာန်တွေကို နှိပ်စက်ညှဉ်းပန်းသူ ဖြစ်ခဲ့လို့ နှိပ်စက်ညှဉ်းပန်းသူတွေ ဘယ်လောက် ရက်စက်သလဲဆိုတာ သိတယ်။ ကိုယ်တိုင် ခရစ်ယာန် ဖြစ်လာပြီးနောက်မှာ အမျိုးမျိုး နှိပ်စက်ညှဉ်းပန်းခံခဲ့ရလို့ ဘယ်လို ခံရပ်ရမယ်ဆိုတာလည်း သိတယ်။ (၂ ကော. ၁၁:၂၃-၂၅) ဒါကြောင့် ခံရပ်နိုင်ဖို့ ဘာလုပ်ပါဆိုပြီး ပြောနိုင်တာ။ စမ်းသပ်ခံရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မဟုတ်ဘဲ ယေဟောဝါကို အားကိုးဖို့ လိုကြောင်း သတိပေးတယ်။ အဲဒီလိုအားကိုးလို့လည်း “ယေဟောဝါဟာ ကူညီမစရှင် ဖြစ်တဲ့အတွက် ငါ ဘာကိုမှ မကြောက်ဘူး” လို့ ပေါလု ရဲရဲဝံ့ဝံ့ ပြောနိုင်တာ။—ဟီ. ၁၃:၆။
18. Mailamah bang thu tuak ding ihi hiam? Bang sep ding kisam a hiam?
၁၈ ဒီနေ့လည်း ညီအစ်ကို/မတချို့ဟာ နှိပ်စက်ညှဉ်းပန်းခံနေကြရတယ်။ ဆုတောင်းပေးခြင်း၊ လက်တွေ့ကျကျ ကူညီနိုင်ရင် ကူညီပေးခြင်းအားဖြင့် သူတို့ကို မေတ္တာပြနိုင်တယ်။ (ဟီ. ၁၀:၃၃) “ခရစ်တော်ယေရှုရဲ့ နောက်လိုက်အနေနဲ့ ဘုရားတရားကိုင်းရှိုင်းတဲ့ အသက်တာနဲ့ နေချင်သူတိုင်းဟာ ညှဉ်းဆဲခံရမှာပဲ” လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ (၂ တိ. ၃:၁၂) ဒါကြောင့် ရှေ့မှာ ကြုံရမယ့်အရာတွေအတွက် ကျွန်တော်တို့အားလုံး အသင့်ပြင်ထားရမယ်။ ရှေ့မှာ ဘာစမ်းသပ်မှုပဲ ကြုံရပါစေ ခံရပ်နိုင်ဖို့ ယေဟောဝါ ကူညီပေးမယ်ဆိုတာ အပြည့်အဝ ဆက်ယုံကြည်စိတ်ချနေကြရအောင်။ အချိန်တန်တဲ့အခါ သစ္စာရှိ ကျေးကျွန်အားလုံးကို ယေဟောဝါ သက်သာရာရစေမယ်။—၂ သက်. ၁:၇၊ ၈။
19. Gimna lianpi adingin koi bangin kigingkhol thei i hiam? (Lim zong en in.)
၁၉ ရှေ့မှာ ကြုံရမယ့်အရာတွေအတွက် အသင့်ဖြစ်နေဖို့ ပေါလုရဲ့ စာက ဟီဘရူးခရစ်ယာန်တွေကို ကူညီပေးခဲ့မှာ သေချာတယ်။ အမှန်တရားကို ပိုသိလာအောင်၊ နက်နက်နဲနဲ နားလည်လာအောင် လုပ်ဖို့ ပေါလု အားပေးတယ်။ ဒါမှ ယုံကြည်ခြင်း ယိုင်နဲ့သွားစေနိုင်တဲ့ သွန်သင်ချက်တွေကို သူတို့ ခွဲခြားသိမှာ၊ ငြင်းပယ်တတ်မှာ။ ယုံကြည်ခြင်း ခိုင်မာအောင် လုပ်ဖို့လည်း အားပေးတယ်။ ဒါမှ ယေရှုနဲ့ ဦးဆောင်နေသူတွေရဲ့ ညွှန်ကြားချက်တွေကို သူတို့ မဆိုင်းမတွ လိုက်နာနိုင်မှာ။ ဒါ့အပြင် စမ်းသပ်ခံရတဲ့အခါ မေတ္တာရှင်အဖ လေ့ကျင့်ပေးတာကို ခံယူနိုင်တဲ့ အခွင့်အရေးလို့ သဘောထားဖို့ ပေါလု အားပေးတယ်။ ဒါမှ သူတို့ ခံနိုင်ရည် ရှိမှာ။ ကျွန်တော်တို့လည်း ဒီအကြံပေးချက်တွေအတိုင်း လိုက်လျှောက်မယ်ဆိုရင် အဆုံးထိ သစ္စာရှိရှိ ခံရပ်နိုင်ပါလိမ့်မယ်။—ဟီ. ၃:၁၄။
သစ္စာရှိ ခရစ်ယာန်တွေ ခံနိုင်ရည် ရှိတဲ့အတွက် ကောင်းချီးရ။ ယုဒပြည်ကနေ ထွက်ပြေးပြီးနောက် သူတို့ အတူတကွ ဆက်စုဝေးခဲ့။ ဒီကနေ ဘာသင်ယူနိုင်သလဲ (စာပိုဒ် ၁၉ ကို ကြည့်ပါ)
LA 126 မြဲမြံနိုးကြား၊ ခွန်အားကြီးပွား
a ခရစ်ယာန်ဝတ်ပြုမှုဟာ ဂျူးဝတ်ပြုမှုထက် ပိုသာကြောင်း သက်သေပြဖို့ ဟီဘရူးကျမ်းစောင်တွေထဲက ကျမ်းပိုဒ်တွေကို ပေါလု ကိုးကားခဲ့တယ်။ ဟီဘရူး အခန်းကြီး ၁ မှာတင် ခုနစ်ကြိမ်ထက်မနည်း ကိုးကားခဲ့တယ်။—ဟီ. ၁:၅-၁၃။