Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w24 June laim. 2-7
  • Etsakna Biakbuk ah Zin Tung Dingin Jehovah In Hong Sam

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Etsakna Biakbuk ah Zin Tung Dingin Jehovah In Hong Sam
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Thuluneute
  • A Thu Kibang
  • JEHOVAH IN ETSAKNA BIAKBUK AH ZIN TUNG DINGIN HONG DEIH
  • KOI MUNAH I OM ZONGIN PASIAN IN HONG DON
  • HAMPHATNATE LE NGETNATE
  • JEHOVAH IN ISRAEL MITE TUNGAH DEIDANNA NEI LO
  • TU HUNAH ZONG JEHOVAH IN DEIDANNA NEI LO
  • JEHOVAH’ “SANNA” NGAHSUAK SAWM IN
  • Etsakna Biakinn Sungah Omsuak In!
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Jehovah Pen A “Nungta” Pasian Ahihlam Phawk In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • A Citak Pasalte’ Kam Vaikhak
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
w24 June laim. 2-7

SIN DING THU 23

LA 28 ယေဟောဝါနဲ့ မိတ်ဆွေ ဖြစ်ခြင်း

Etsakna Biakbuk ah Zin Tung Dingin Jehovah In Hong Sam

Amaute tawh teeng khawmin, amaute’ Pasian ka hi dinga, amaute pen keima mite hi ding uh hi.”—EZK. 37:27.

အာရုံစိုက်ရာ

ပုံဆောင်တဲတော်မှာ လာတည်းခိုဖို့ ယေဟောဝါ ဖိတ်ခေါ်တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ ဧည့်သည်တွေကို အိမ်ရှင် ယေဟောဝါ ဘယ်လို ဂရုစိုက်သလဲ။

1-2. Cihtakna tawh Pasian a bia mite adingin bang hunpha om a hiam?

သင့်အတွက် ယေဟောဝါဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။ ‘ဖခင်၊ ဘုရား၊ မိတ်ဆွေ’ လို့ ဖြေနိုင်တယ်။ ဒါမှမဟုတ် တခြားအဖြေတွေလည်း ရှိနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါဘုရားကို အိမ်ရှင်အဖြစ်ကော စဉ်းစားကြည့်ဖူးသလား။

၂ ယေဟောဝါနဲ့ သစ္စာရှိ ဝတ်ပြုသူတွေရဲ့ ဆက်ဆံရေးကို အိမ်ရှင်ဧည့်သည် ဆက်ဆံရေးနဲ့ ဘုရင် ဒါဝိဒ် ခိုင်းနှိုင်းခဲ့တယ်။ “အို ယေဟောဝါ၊ တဲတော်မှာ ဘယ်သူ တည်းခိုခွင့်ရမလဲ။ သန့်ရှင်းတဲ့ တောင်ပေါ်မှာ ဘယ်သူ နေခွင့်ရမလဲ” လို့ မေးခွန်းထုတ်တယ်။ (ဆာ. ၁၅:၁) ယေဟောဝါရဲ့ ဧည့်သည်၊ တစ်နည်းအားဖြင့် မိတ်ဆွေ ဖြစ်နိုင်ကြောင်း ဒီကျမ်းပိုဒ်ကနေ သိရတယ်။ တကယ့် အခွင့်ထူးပါပဲ။

JEHOVAH IN ETSAKNA BIAKBUK AH ZIN TUNG DINGIN HONG DEIH

3. Jehovah’ zin masapen in kua a hiam? Amau khatlekhat tungah koi bang lungsim nei uh a hiam?

၃ ဘာကိုမှ မဖန်ဆင်းခင် စကြဝဠာမှာ ယေဟောဝါတစ်ပါးတည်း ရှိတယ်။ နောက်တော့ သားဦးကို ဖန်ဆင်းတယ်။ ပုံဆောင်တဲတော်ထဲ ဦးဆုံး ဧည့်သည်လက်ခံလိုက်တာပါပဲ။ အဲဒီလို ဧည့်သည်လက်ခံရတာကို အိမ်ရှင် ယေဟောဝါ သိပ်ပျော်တယ်။ သားတော်ကို “ချစ်မြတ်နိုး” တယ်။ သားတော်လည်း “[ယေဟောဝါ] ရှေ့တော်မှာ . . . အမြဲ ဝမ်းမြောက်နေတယ်။”—ပညာ. ၈:၃၀။

4. Adang kuate zong Jehovah’ zin hong hi uh a hiam?

၄ အဲဒီနောက် ကောင်းကင်တမန်တွေကို ယေဟောဝါဘုရား ဖန်ဆင်းတယ်။ သူတို့လည်း ဘုရားရဲ့ ဧည့်သည်တွေ ဖြစ်လာကြတယ်။ “ဘုရားသခင်ရဲ့ သားတွေ” လို့ အခေါ်ခံရကြတယ်။ ရှေ့တော်မှာ ခစားရလို့ ရွှင်လန်းကြတယ်။ (ယောဘ ၃၈:၇။ ဒံ. ၇:၁၀) နှစ်များစွာကြာတဲ့အထိ ဘုရားရဲ့ ဧည့်သည်ဆိုလို့ ဘုရား စံမြန်းရာ ကောင်းကင်မှာပဲ ရှိတာ။ နောက်တော့ မြေကြီးပေါ်မှာ လူတွေကို ဖန်ဆင်းလိုက်လို့ ဧည့်သည် တိုးလာတယ်။ ဧည့်သည် ဖြစ်လာသူတချို့ကတော့ ဧနောက်၊ နောဧ၊ အာဗြဟံ၊ ယောဘတို့ ဖြစ်တယ်။ ဒီသစ္စာရှိ ဝတ်ပြုသူတွေဟာ ဘုရားရဲ့ မိတ်ဆွေတွေ၊ “စစ်မှန်တဲ့ ဘုရားသခင်ရဲ့ လမ်းစဉ်အတိုင်း” လျှောက်လှမ်းသူတွေအဖြစ် ကျမ်းစာမှာ ဖော်ပြခံရကြတယ်။—က. ၅:၂၄။ ၆:၉။ ယောဘ ၂၉:၄။ ဟေရှာ. ၄၁:၈။

5. Ezekiel 37:26, 27-a genkholhna pan bang theikhia i hiam?

၅ ပုံဆောင်တဲတော်မှာ လာတည်းခိုဖို့ မိတ်ဆွေတွေကို ရာစုနှစ်တွေတစ်လျှောက် ယေဟောဝါဘုရား ဆက်ဖိတ်ခေါ်နေတယ်။ (ယေဇကျေလ ၃၇:၂၆၊ ၂၇ ကို ဖတ်ပါ။) ဥပမာ၊ ယေဇကျေလ ကြိုဟောချက်အရ သစ္စာရှိ ဝတ်ပြုသူတွေနဲ့ ဘုရား တကယ် ခင်မင်ရင်းနှီးချင်ကြောင်း သိရတယ်။ “သူတို့နဲ့ ငြိမ်းချမ်းရေးပဋိညာဉ် ဖွဲ့မယ်” လို့ ဘုရား ကတိပေးတယ်။ ကောင်းကင်မှာ အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသူတွေနဲ့ မြေကြီးပေါ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသူတွေ ပုံဆောင်တဲတော်မှာ “သိုးတစ်အုပ်တည်း” အဖြစ် စည်းလုံးလာမယ့်အချိန်အကြောင်း ယေဇကျေလ ကြိုဟောထားတာ။ (ယော. ၁၀:၁၆) အဲဒီအချိန်ဟာ အခုအချိန်ပဲ။

KOI MUNAH I OM ZONGIN PASIAN IN HONG DON

6. Etsakna biakbuk ah koi bangin zin hithei i hiam? Etsakna biakbuk koi munah om a hiam?

၆ ကျမ်းစာခေတ်မှာ တဲဆိုတာ ခိုနားရာ၊ လေဒဏ်မိုးဒဏ် ကာကွယ်ပေးတဲ့နေရာ ဖြစ်တယ်။ ကိုယ့်တဲမှာ လာတည်းခိုသူတွေကို အိမ်ရှင်တွေ ကောင်းကောင်း ဂရုစိုက်ပေးကြတယ်။ ကျွန်တော်တို့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံလိုက်တဲ့အခါ ပုံဆောင်တဲတော်မှာ ဧည့်သည် ဖြစ်လာကြတယ်။ (ဆာ. ၆၁:၄) အချိန်တန် အစားအစာ အလျှံပယ် စားသောက်ကြရတယ်။ ယေဟောဝါရဲ့ တခြားဧည့်သည်တွေနဲ့ ခင်မင်ကြရတယ်။ ဘယ်နေရာဒေသက လူတွေပဲ ပုံဆောင်တဲတော်မှာ တည်းခိုနိုင်တယ်ဆိုပြီး ကန့်သတ်မထားဘူး။ အထူးအစည်းအဝေးကြီး တက်ဖို့ဖြစ်ဖြစ် တခြားနိုင်ငံကို သင် ရောက်ဖူးမှာပါ။ ပုံဆောင်တဲတော်မှာ ပျော်မွေ့နေတဲ့ တခြားသူတွေနဲ့ ဆုံဖူးမှာပါ။ သစ္စာရှိ ဝတ်ပြုသူတွေ ရှိတဲ့ ဘယ်နေရာမဆိုဟာ ယေဟောဝါရဲ့ တဲတော်ပါပဲ။—ဗျာ. ၂၁:၃။

7. A sisan a citak mite pen etsakna biakbuk ah zin hilai cih bang hang kigen thei a hiam (Lim zong en in.)

၇ သေဆုံးသွားတဲ့ သစ္စာရှိသူတွေကော ပုံဆောင်တဲတော်မှာ ဧည့်သည် ဖြစ်နေတုန်းပဲလား။ ဖြစ်နေတုန်းပါပဲ။ ဘာကြောင့်လဲ။ သူတို့ အသက်ရှင်နေဆဲအလား ဘုရားမှတ်ဉာဏ်ထဲ ရှိနေလို့ပါ။ “မောရှေက ချုံပုတ်အကြောင်း မှတ်တမ်းမှာ ယေဟောဝါကို ‘အာဗြဟံရဲ့ ဘုရား၊ အိဇက်ရဲ့ ဘုရား၊ ယာကုပ်ရဲ့ ဘုရား’ လို့ ခေါ်ခဲ့တာဟာ သေလွန်သူတွေ ထမြောက်တဲ့အကြောင်း ပြောနေတာ ဖြစ်တယ်။ ဘုရားသခင်ဟာ သေလွန်သူတွေရဲ့ ဘုရား မဟုတ်ဘူး။ အသက်ရှင်သူတွေရဲ့ ဘုရားပဲ။ ဘုရားသခင်ရဲ့ အမြင်မှာ သူတို့အားလုံး အသက်ရှင်နေတယ်” လို့ ယေရှု ပြောတယ်။—လု. ၂၀:၃၇၊ ၃၈။

ဓာတ်ပုံအယ်လဘမ်ကို သက်ကြီးညီအစ်မ ကြည့်ရင်း ပြုံးနေ။

သေဆုံးသွားတဲ့ သစ္စာရှိသူတွေတောင် ပုံဆောင်တဲတော်မှာ ဧည့်သည် ဖြစ်နေတုန်းပဲ (စာပိုဒ် ၇ ကို ကြည့်ပါ)


HAMPHATNATE LE NGETNATE

8. Jehovah ii etsakna biakbuk ah zin tung leng bang hamphatna kingah a hiam?

၈ တဲဟာ ခိုနားရာ၊ လေဒဏ်မိုးဒဏ် ကာကွယ်ပေးတဲ့နေရာ ဖြစ်တယ်။ အဲဒီလိုပဲ ယေဟောဝါဘုရားရဲ့ ပုံဆောင်တဲတော်မှာ တည်းခိုသူတွေဟာ ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်မယ့် အန္တရာယ်ကနေ၊ မျှော်လင့်ချက်မဲ့တဲ့ အဖြစ်ကနေ ကာကွယ်ခံရကြတယ်။ ဘုရားနဲ့သာ ရင်းနှီးနေရင် ကျွန်တော်တို့ ထာဝစဉ် ထိခိုက်သွားလောက်တဲ့ အန္တရာယ်မျိုး စာတန် မပေးနိုင်ဘူး။ (ဆာ. ၃၁:၂၃။ ၁ ယော. ၃:၈) ကမ္ဘာသစ် ရောက်တဲ့အခါ သစ္စာရှိ မိတ်ဆွေတွေကို မိမိနဲ့ ဆက်ဆံရေး ထိခိုက်စေမယ့် အန္တရာယ်တွေကနေ သာမက သေခြင်းရန်ကနေပါ ယေဟောဝါ ကာကွယ်ပေးမှာ။—ဗျာ. ၂၁:၄။

9. Jehovah in zinte tungah bang ngen a hiam?

၉ ယေဟောဝါရဲ့ ဧည့်သည်၊ တစ်နည်းအားဖြင့် ထာဝရ မိတ်ဆွေ ဖြစ်နိုင်တာ တကယ့် အခွင့်ထူးပါပဲ။ ဧည့်သည်၊ မိတ်ဆွေ ဆက်ဖြစ်ချင်ရင် ဘာလုပ်ရမလဲ။ တစ်ယောက်ယောက်အိမ် သွားတဲ့အခါ အိမ်ရှင် ဘာလုပ်စေချင်တယ်၊ ဘာမလုပ်စေချင်ဘူးဆိုတာ သိထားချင်မှာပဲ။ ဥပမာ၊ အိမ်ထဲ မဝင်ခင် ဖိနပ်ချွတ်စေချင်မှန်း သိထားရင် အလိုက်တသိ ဖိနပ်ချွတ်ပြီးမှ ဝင်မှာ ဖြစ်တယ်။ အဲဒီလိုပဲ ပုံဆောင်တဲတော်မှာ ဆက်တည်းခိုချင်သူတွေကို ယေဟောဝါ ဘာတောင်းဆိုထားသလဲ ကျွန်တော်တို့ သိချင်ကြတယ်။ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ မိတ်ဆွေ ဆိုပေမဲ့ လေးစားထိုက်တဲ့ ဘုရား၊ ဖခင်လည်း ဖြစ်တယ်ဆိုတာ အမြဲ သတိရသင့်တယ်။ (ဆာ. ၂၅:၁၄) အမြဲ ကြည်ညိုလေးစားသင့်တယ်။ ကြည်ညိုလေးစားမယ်ဆိုရင် ဘုရား စိတ်ငြိုငြင်မယ့်အရာ ဘာကိုမှ လုပ်မှာ မဟုတ်ဘူး။ “ဘုရားသခင်နဲ့အတူ ကျိုးနွံစွာ လျှောက်လှမ်း” မှာ ဖြစ်တယ်။ (မိ. ၆:၈) ဘုရားကို ချစ်တဲ့အတွက် ‘နှစ်သက်လက်ခံမှု အပြည့်အဝ’ ရရှိအောင် အတတ်နိုင်ဆုံး နေထိုင်မှာ ဖြစ်တယ်။—ကော. ၁:၁၀။

JEHOVAH IN ISRAEL MITE TUNGAH DEIDANNA NEI LO

10-11. Jehovah in deidanna nei lo ahihlam bang thu pan theithei i hiam?

၁၀ ဧည့်သည်တွေကို ယေဟောဝါ မျက်နှာမလိုက်ဘူး။ (ရော. ၂:၁၁) ဆိုင်းနိုင်းတောကန္တာရမှာ အစ္စရေးတွေကို ဆက်ဆံပုံကနေ ဒီအချက်ကို သိနိုင်တယ်။

၁၁ အစ္စရေးတွေကို အီဂျစ်ကျွန်ဘဝကနေ ကယ်လွှတ်ပြီးနောက် တဲတော်မှာ အမှုဆောင်ဖို့ ပုရောဟိတ်တွေကို ယေဟောဝါ ခန့်အပ်တယ်။ လေဝိအမျိုးသားတွေကိုတော့ တဲတော်နဲ့ ဆိုင်တဲ့ တခြားတာဝန်တွေ ပေးတယ်။ တဲတော်မှာ အမှုဆောင်သူတွေ၊ တဲတော်နားမှာ စခန်းချသူတွေကို ပိုဂရုစိုက်တာမျိုး မရှိဘူး။ မျက်နှာမလိုက်ဘူး။

12. Jehovah in sehnel gamah Israel mite tungah deidan nei lo ahihlam koici lakkhia a hiam? ((Paikhiatna 40:38) (Lim zong en in.)

၁၂ တဲတော်မှာ အမှုဆောင်သည်ဖြစ်စေ၊ မဆောင်သည်ဖြစ်စေ၊ တဲတော်နားမှာ နေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ စခန်းမှာ ရှိသူတိုင်း ယေဟောဝါနဲ့ ခင်မင်ရင်းနှီးခွင့် တန်းတူ ရကြတယ်။ ဥပမာ၊ တဲတော်ပေါ်က မိုးတိမ်နဲ့ မီးတိုင်ကို အစ္စရေးလူမျိုးတစ်မျိုးလုံး မြင်ရတယ်။ (ထွက်မြောက်ရာ ၄၀:၃၈ ကို ဖတ်ပါ။) တဲတော်ပေါ်ကနေ မိုးတိမ် တက်သွားတဲ့အခါ တဲတော်နဲ့ အဝေးဆုံးမှာ စခန်းချသူတွေတောင် မြင်နိုင်ကြတယ်။ ဒါကြောင့် ပစ္စည်းတွေ ထုပ်ပိုး၊ ကိုယ့်တဲကို ဖြုတ်၊ တခြားသူတွေနဲ့ အတူတူ ထွက်ခွာနိုင်ကြတယ်။ (တော. ၉:၁၅-၂၃) စခန်းပြောင်းဖို့ ငွေခရာနှစ်ခု မှုတ်ပြီး အချက်ပေးတာကို လူတိုင်း ကြားနိုင်တယ်။ (တော. ၁၀:၂) တဲတော်နားမှာ စခန်းချလို့ ယေဟောဝါနဲ့ ပိုရင်းနှီးတာမျိုး မဟုတ်မှန်း ရှင်းနေပါတယ်။ အစ္စရေးလူမျိုး ဘယ်သူမဆို ယေဟောဝါရဲ့ ဧည့်သည် ဖြစ်နိုင်တယ်။ ကာကွယ်လမ်းပြမှု ရနိုင်တယ်။ ဒီနေ့အချိန်မှာလည်း ကျွန်တော်တို့ ဘယ်နေရာမှာပဲ နေပါစေ ယေဟောဝါရဲ့ မေတ္တာ၊ ဂရုစိုက်စောင့်ရှောက်မှု၊ ကာကွယ်မှု ရနေကြတယ်။

တောကန္တာရမှာ တဲတော်တစ်ဝိုက် စခန်းချထားတာကို အပေါ်စီးကနေ မြင်ရပုံ။ တဲတော်အပေါ်ကနေ မိုးတိမ် တက်သွား။ ရုပ်ပုံငယ်– ၁။ တဲတော်နဲ့ မိုးတိမ်ရှေ့က ကြေးနီအင်တုံထဲ ပုရောဟိတ်တစ်ယောက် ရေထည့်နေ။ အပေါ်စီးကနေ ကြည့်ရင် တဲတော် ဘယ်နေရာမှာ ရှိကြောင်း ရုပ်ပုံငယ်က မြားထိုးပြထား။ ၂။ မိသားစုတစ်စု တဲအပြင်ဘက်မှာ ရပ်ပြီး ခပ်လှမ်းလှမ်းက မိုးတိမ်ကို ကြည့်နေကြ။ အပေါ်စီးကနေ ကြည့်ရင် သူတို့ရဲ့တဲဟာ တပ်စခန်းအစွန်နားလောက်မှာ ရှိကြောင်း ရုပ်ပုံငယ်က မြားထိုးပြထား။

စခန်းအလယ် တည့်တည့်မှာ တဲတော် ထားတာကို ကြည့်ရင် ယေဟောဝါ မျက်နှာမလိုက်ကြောင်း သိရ (စာပိုဒ် ၁၂ ကို ကြည့်ပါ)


TU HUNAH ZONG JEHOVAH IN DEIDANNA NEI LO

13. Deidanna a neih lohlam Jehovah in tu hunah koici lakkhia a hiam?

၁၃ ဒီနေ့ခေတ် ဘုရားကျေးကျွန်တချို့ဟာ ကမ္ဘာ့ဌာနချုပ် ဒါမှမဟုတ် ဌာနခွဲရုံးနားမှာ နေကြတယ်။ တချို့ဆိုရင် အဲဒီနေရာတွေမှာ အမှုဆောင်ကြတယ်။ ဒါကြောင့် အဲဒီနေရာတွေက လုပ်ဆောင်မှု တော်တော်များများမှာ ပါဝင်နိုင်ကြတယ်။ ဦးဆောင်နေသူတွေနဲ့ အနီးကပ် ပေါင်းသင်းနိုင်ကြတယ်။ တချို့ကျတော့ နယ်လှည့်လုပ်ငန်း ဒါမှမဟုတ် တခြား အထူးအချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ကြတယ်။ ဒါပေမဲ့ အများစု အဲဒီလို ပါဝင်ခွင့် မရကြဘူး။ သင်လည်း ပါဝင်ခွင့် မရဘူးဆိုရင်ကော။ ဧည့်သည်အားလုံးကို အိမ်ရှင် ယေဟောဝါ ချစ်တယ်ဆိုတာ စိတ်ချပါ။ တစ်ယောက်စီကို ယေဟောဝါ ဂရုစိုက်တယ်။ (၁ ပေ. ၅:၇) အချိန်တန် အစားအစာ ပြင်ဆင်ပေးတယ်။ ကာကွယ်လမ်းပြပေးတယ်။

14. Jehovah in deidanna nei lo ahihlam koici theih theilai i hiam?

၁၄ ယေဟောဝါ မျက်နှာမလိုက်ကြောင်း သိရတဲ့ နောက်တစ်ချက်ကတော့ ကမ္ဘာတစ်ဝန်းက လူတွေ ကျမ်းစာဖတ်နိုင်ဖို့ ပြင်ဆင်ပေးတာပါပဲ။ မူရင်းကျမ်းစာကို ဟီဘရူး၊ အာရမိတ်၊ ဂရိဆိုတဲ့ ဘာသာစကားသုံးမျိုးနဲ့ ရေးခဲ့တာ။ အဲဒီဘာသာစကား တတ်သူတွေဟာ မတတ်သူတွေထက် ယေဟောဝါနဲ့ ပိုရင်းနှီးကြသလား။ အဲဒီလို မဟုတ်ပါဘူး။—မ. ၁၁:၂၅။

15. Jehovah in deidanna nei lo ahihlam adang bang thu om a hiam? (Lim zong en in.)

၁၅ ပညာရေးအရ၊ ဘာသာစကားအရ တစ်ပန်းသာနေသူတွေကိုပဲ မိတ်ဆွေအဖြစ် ယေဟောဝါ လက်ခံတာ မဟုတ်ဘူး။ ပညာတတ်တွေကိုပဲ ဉာဏ်အလင်း ပေးတာ မဟုတ်ဘူး။ ပညာတတ် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကမ္ဘာတစ်ဝန်းက လူတွေ ဉာဏ်အလင်း ရနိုင်ဖို့ ပြင်ဆင်ပေးထားတယ်။ ကျမ်းစာကို ဘာသာစကား ထောင်ချီနဲ့ ဘာသာပြန်စေလို့ ကျမ်းစာသွန်သင်ချက်တွေကနေ အကျိုးရနိုင်ကြတယ်။ ဘုရားမိတ်ဆွေ ဖြစ်နိုင်ပုံကို သိနိုင်ကြတယ်။—၂ တိ. ၃:၁၆၊ ၁၇။

ရုပ်ပုံ– ၁။ လက်သင်္ကေတပြဘာသာစကားနဲ့ ကျမ်းစာကို လူတစ်ယောက် တက်ဘလက်မှာ ကြည့်နေ။ ၂။ ကျေးတောသူ သက်ကြီးအမျိုးသမီးတစ်ယောက် ကိုယ်ပိုင်ဘာသာစကားနဲ့ ပုံနှိပ်ကျမ်းစာ ဖတ်နေ။

ကျမ်းစာကို ဘာသာစကား ထောင်ချီနဲ့ ဘာသာပြန်စေတာက ယေဟောဝါ မျက်နှာမလိုက်ကြောင်း ဘယ်လို ဖော်ပြသလဲ (စာပိုဒ် ၁၅ ကို ကြည့်ပါ)


JEHOVAH’ “SANNA” NGAHSUAK SAWM IN

16. Sawltak 10:34, 35-a a gen bangin, Jehovah’ sanna koi bangin ngahsuak thei ding i hiam?

၁၆ ယေဟောဝါရဲ့ ပုံဆောင်တဲတော်မှာ တည်းခိုဖို့ ဖိတ်ခေါ်ခံရတာ အခွင့်ထူးပါပဲ။ ယေဟောဝါဟာ အကြင်နာတတ်ဆုံး၊ မေတ္တာအရှိဆုံး၊ ဧည့်ဝတ်အကျေဆုံး အိမ်ရှင် ဖြစ်တယ်။ ဘယ်ဒေသ၊ ဘယ်နောက်ခံကပဲ ဖြစ်ဖြစ်၊ ပညာတတ် ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ လူမျိုး၊ အသက်အရွယ်၊ ကျား/မ မရွေး အားလုံးကို မျက်နှာမလိုက်တမ်း ဖိတ်ခေါ်နေတယ်။ ဒါပေမဲ့ တောင်းဆိုချက် လိုက်နာသူတွေကိုပဲ လက်ခံတယ်။—တမန်တော် ၁၀:၃၄၊ ၃၅ ကို ဖတ်ပါ။

17. Zinte tunga Jehovah’ ngetnate tawh kisai-in koi-ah theihbeh lai ding i hiam?

၁၇ “အို ယေဟောဝါ၊ တဲတော်မှာ ဘယ်သူ တည်းခိုခွင့်ရမလဲ။ သန့်ရှင်းတဲ့ တောင်ပေါ်မှာ ဘယ်သူ နေခွင့်ရမလဲ” ဆိုပြီး ဆာလံ ၁၅:၁ မှာ ဒါဝိဒ် မေးခွန်းထုတ်တယ်။ အဲဒီမေးခွန်းတွေကို ဖြေပေးဖို့ ဒါဝိဒ်ကို စွမ်းအားတော်အားဖြင့် ယေဟောဝါ လမ်းညွှန်တယ်။ ယေဟောဝါရဲ့ နှစ်သက်လက်ခံမှု ဆက်ရဖို့ ပြည့်မီရမယ့် တောင်းဆိုချက်တချို့ကို နောက်ဆောင်းပါးမှာ သိရပါမယ်။

NANGH BANGCI DAWNG DING?

  • Jehovah in eite tawh Kilawmta nuam takpi ahihlam koici theih i hiam?

  • Jehovah in zinte tungah bang ngetna nei a hiam?

  • Jehovah in deidanna nei lo ahih manin bang hamphatna ngah i hiam?

LA 32 ယေဟောဝါဘက် ရပ်တည်ကြ

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ