Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w24 June laim. 8-13
  • Etsakna Biakinn Sungah Omsuak In!

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Etsakna Biakinn Sungah Omsuak In!
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Thuluneute
  • A Thu Kibang
  • PAUBANG LOIN GAMTA-IN A MANIN NA SEM IN
  • A MANIN GEN IN
  • JEHOVAH A ZANTAK MITE PAHTAWI IN
  • SUM DEIH LUATNA PELH IN
  • JEHOVAH IN A LAWMTE IT
  • Etsakna Biakbuk ah Zin Tung Dingin Jehovah In Hong Sam
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Jehovah Pen A “Nungta” Pasian Ahihlam Phawk In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • A Citak Pasalte’ Kam Vaikhak
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
w24 June laim. 8-13

SIN DING THU 24

LA 24 ယေဟောဝါရဲ့ တောင်တော်ဆီ လာကြ

Etsakna Biakinn Sungah Omsuak In!

“Jehovah aw, na biakinn sungah kua om ding ahi hiam?”—LA. 15:1.

အာရုံစိုက်​ရာ

ဘုရား​မိတ်ဆွေ ဆက်​ဖြစ်ဖို့ ဘာလုပ်ရမလဲ။ ဘုရား​မိတ်ဆွေ​အချင်းချင်း ဘယ်လို ဆက်ဆံဖို့ တောင်းဆိုခံရ​သလဲ။

1. Late 15:1-5 in koi bangin hong huh thei a hiam?

ရှေ့ဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့အတိုင်း ယေဟောဝါ​ဘုရားဆီ ဆက်ကပ်အပ်နှံ​ထား​သူ​တွေ၊ ဘုရားနဲ့ ဆက်​ရင်းနှီး​နေ​သူ​တွေ​ဟာ ပုံဆောင်​တဲတော်​မှာ တည်းခိုခွင့်​ရကြတယ်။ ဘုရားနဲ့ အဲဒီလို​ဆက်​ရင်းနှီးချင်ရင် ဘာလုပ်ရမလဲ။ ဘာလုပ်ရမလဲ​ဆိုတာ သိဖို့ ဆာလံ ၁၅ မှာ ပါတဲ့ လက်တွေ့ကျ အကြံပြုချက်တွေက ကူညီပေးနိုင်တယ်။—ဆာလံ ၁၅:၁-၅ ကို ဖတ်ပါ။

2. Jehovah’ biakinn tawh kisai a gen lai-in late a at pa David in bang ngaihsun khathei a hiam?

၂ “အို ယေဟောဝါ၊ တဲတော်​မှာ ဘယ်သူ တည်းခိုခွင့်​ရမလဲ။ သန့်ရှင်းတဲ့ တောင်ပေါ်မှာ ဘယ်သူ နေခွင့်​ရမလဲ” လို့ ဆာလံ ၁၅ ကို နိဒါန်းပျိုး​ထားတယ်။ (ဆာ. ၁၅:၁) “တဲတော်” လို့ ဆာလံ​ကျမ်း​ရေးသူ ဒါဝိဒ် ပြောတဲ့အခါ ဂိဗောင်​မြို့မှာ အချိန်​အတိုင်းအတာ​တစ်ခုအထိ ရှိခဲ့တဲ့ တဲတော်​အကြောင်း တွေးမိ​တာ ဖြစ်နိုင်တယ်။ “သန့်ရှင်းတဲ့ တောင်” လို့လည်း ပြောတယ်။ ဂိဗောင်​မြို့ရဲ့ တောင်ဘက် ၁၀ ကီလိုမီတာ​နီးပါး​မှာ ရှိတဲ့ ဂျေရုဆလင်​မြို့က ဇိအုန်​တောင်​ကို ပြောနေတာ။ အဲဒီ​တောင်ပေါ်မှာ ဒါဝိဒ် တဲ​ဆောက်ထားတယ်။ ဗိမာန်တော် ရှိ​မလာခင်​အထိ ပဋိညာဉ်သေတ္တာ​ကို အဲဒီ​တဲမှာ ထားတယ်။ ဒါကြောင့် အဲဒီ​တဲ​အကြောင်း တွေးမိ​တာ​လည်း ဖြစ်နိုင်တယ်။—၂ ရှ. ၆:၁၇။

3. Late 15 pen bang hangin theitel nuam i hiam? (Lim zong en in.)

၃ အစ္စရေး​အများစုဟာ တဲတော်​မှာ အမှုဆောင်ခွင့် မရကြဘူး။ ပဋိညာဉ်သေတ္တာ ရှိတဲ့ တဲတော်​ထဲ လူနည်းစု​လောက်​ပဲ ဝင်ဖူး​ကြ​တာ။ ဒါပေမဲ့ ယေဟောဝါရဲ့ ပုံဆောင်​တဲတော်​မှာ သစ္စာရှိ​ကျေးကျွန်​အားလုံး တည်းခို​နိုင်တယ်။ ယေဟောဝါရဲ့ မိတ်ဆွေ ဖြစ်မှ၊ ဆက်​ဖြစ်​နေ​မှ​တော့ ရမယ်။ ကျွန်တော်တို့​အားလုံး ယေဟောဝါရဲ့ မိတ်ဆွေ ဆက်​ဖြစ်ချင်​ကြတယ်။ မိတ်ဆွေ ဆက်​ဖြစ်ချင်ရင် ဘာလုပ်ရမလဲ​ဆိုတာ ဆာလံ ၁၅ မှာ ဖော်ပြထားတယ်။

တဲ​အကြီးကြီး​ဆီ အစ္စရေးတွေ သွား​နေ။

ယေဟောဝါရဲ့ ပုံဆောင်​တဲတော်​မှာ တည်းခို​တယ်​ဆိုတာ ဘာကို ဆိုလိုကြောင်း ဒါဝိဒ်ခေတ်​က အစ္စရေးတွေ အလွယ်တကူ မြင်ယောင်​ကြည့်​နိုင် (စာပိုဒ် ၃ ကို ကြည့်ပါ)


PAUBANG LOIN GAMTA-IN A MANIN NA SEM IN

4. Tui kiphum ding bekin Jehovah in hong ngen lo ahihlam koici theih i hiam? (Isaiah 48:1)

၄ ဘုရား​မိတ်ဆွေဟာ “အမှားကင်း​အောင် နေတဲ့​သူ၊ မှန်ရာ လုပ်တဲ့​သူ” ဖြစ်တယ်လို့ ဆာလံ ၁၅:၂ မှာ ဖော်ပြတယ်။ အမှားကင်း​အောင် အမြဲ နေ​ရမှာ။ မှန်ရာ အမြဲ လုပ်ရမှာ။ “အမှားကင်း​အောင်” တကယ် နေ​နိုင်သလား။ နေနိုင်ပါတယ်။ မစုံလင်ပေမဲ့ ဘုရားကို အတတ်နိုင်ဆုံး နာခံ​သရွေ့ “အမှားကင်း​အောင် နေတဲ့​သူ” လို့ ဘုရား ရှုမြင်တယ်။ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံတာ​ဟာ ဘုရား​မိတ်ဆွေ ဖြစ်ဖို့ ခြေလှမ်း စ​လှမ်း​လိုက်တာပဲ ရှိသေးတယ်။ ဥပမာ၊ ကျမ်းစာခေတ်မှာ လူတစ်ယောက်ဟာ အစ္စရေးလူမျိုး ဖြစ်ရုံနဲ့ ဘုရား​မိတ်ဆွေ အလိုလို ဖြစ်​မ​သွား​ဘူး။ တချို့က “ဘုရားသခင်ကို ဆုတောင်း​ပေမဲ့ အမှန်တရားနဲ့အညီ၊ ဖြောင့်မတ်ခြင်းနဲ့​အညီ မလုပ်ဆောင်” ဘူး။ (ဟေရှာယ ၄၈:၁ ကို ဖတ်ပါ။) အစ္စရေး​တစ်ယောက်ဟာ ဘုရား​မိတ်ဆွေ ဖြစ်ချင်ရင် ဘုရား​တောင်းဆိုချက်တွေကို သင်ယူ​လိုက်လျှောက်ရမယ်။ ဒီနေ့​အချိန်မှာ​လည်း နှစ်ခြင်းခံရုံ၊ ယေဟောဝါ​သက်သေ ဖြစ်ရုံနဲ့ ဘုရား​မိတ်ဆွေ ဖြစ်​မ​သွား​ဘူး။ “မှန်ရာ” အမြဲ လုပ်ရမယ်။ ဘယ်လို လုပ်နိုင်မလဲ။

5. Thu khempeuhah Jehovah’ thu mang cih in bang a hiam?

၅ ယေဟောဝါရဲ့ အမြင်မှာ “အမှားကင်း​အောင် နေ” တယ်၊ “မှန်ရာ လုပ်” တယ်​ဆိုတာ အစည်းအဝေး မှန်မှန် တက်တာ​လောက်ကို​ပဲ မဆိုလိုဘူး။ (၁ ရှ. ၁၅:၂၂) အရာရာမှာ ယေဟောဝါကို နာခံရမယ်။ တစ်ယောက်တည်း ရှိချိန်မှာတောင်​ပေါ့။ (ပညာ. ၃:၆။ ဒေ. ၁၂:၁၃၊ ၁၄) အသေးအမွှား ကိစ္စတွေမှာ​လည်း နာခံဖို့ အရေးကြီးတယ်။ ဒီလို​နာခံတာ​ဟာ ယေဟောဝါကို တကယ် ချစ်ကြောင်း ပြရာရောက်တယ်။ ယေဟောဝါ​လည်း ကျွန်တော်တို့ကို ချစ်​သည်ထက် ချစ်​လာမယ်။—ယော. ၁၄:၂၃။ ၁ ယော. ၅:၃။

6. Hebru 6:10-12-a a gen bangin , na hoih sepna sangin bang pen hoihzaw a hiam?

၆ ယေဟောဝါ​ဘုရားအတွက် ကျွန်တော်တို့ လုပ်ခဲ့သမျှ​ကို ဘုရား သိပ်တန်ဖိုးထားတယ်။ ဒါပေမဲ့ ကောင်းတာတွေ လုပ်ခဲ့တယ်​ဆိုတာနဲ့​ပဲ ပုံဆောင်​တဲ​တော်​မှာ ဆက်​တည်းခိုခွင့် ရ​နေ​မှာ မဟုတ်ဘူး။ ဒါကို ဟီဘရူး ၆:၁၀-၁၂ အရ သိနိုင်တယ်။ (ဖတ်ပါ။) ကျွန်တော်တို့ရဲ့ လုပ်ရပ်ကောင်းတွေကို ဘုရား မမေ့ဘူး။ ဒါပေမဲ့ “အဆုံးအထိ” အကြွင်းမဲ့ ဆက်​အမှုဆောင်​စေချင်တယ်။ “လက်မလျှော့ဘူး​ဆိုရင်” ဘုရားရဲ့ ထာဝရ​မိတ်ဆွေ ဖြစ်နိုင်မယ်။—ဂလ. ၆:၉။

A MANIN GEN IN

7. A manin gen cih in bang a hiam?

၇ ပုံဆောင်​တဲတော်​မှာ တည်းခို​ချင်​သူဟာ “ဟုတ်​တိုင်း​မှန်ရာ ပြော” ရမယ်။ (ဆာ. ၁၅:၂) မ​လိမ်​ရုံလောက်ပဲ မဟုတ်ဘူး။ ပြောသမျှ လုပ်သမျှ ရိုးသား​နေ​ရမယ်။ (ဟီ. ၁၃:၁၈) ဒီအချက်​ဟာ အရေးကြီးတယ်။ ‘ယေဟောဝါဟာ စဉ်းလဲ​သူကို ရွံရှာ​ပြီး ရိုးဖြောင့်သူ​ကိုတော့ ခင်မင်​ရင်းနှီး’ လို့​ပဲ။—ပညာ. ၃:၃၂။

8. Bang i pelh ding kisam a hiam?

၈ “ဟုတ်​တိုင်း​မှန်ရာ ပြော” သူဟာ ဘုရား​ပညတ်တွေကို လူရှေ့​ဆိုရင်တော့ နာခံပြီး လူကွယ်ရာ​ဆိုရင် ချိုးဖောက်တာမျိုး မလုပ်ဘူး။ (ဟေရှာ. ၂၉:၁၃) မစဉ်း​လဲ​ဘူး။ စဉ်းလဲ​သူဟာ ဘုရား​ပညတ်တွေ အမြဲ​ကော အကျိုး​ရှိရဲ့လား​ဆိုပြီး သံသယ ဝင်လာနိုင်တယ်။ (ယာ. ၁:၅-၈) သိပ်​အရေးမပါ​ပုံ​ရတဲ့ ကိစ္စတွေ​ဆိုရင် ဘုရား​ပညတ်တွေကို နာခံ​မနေတော့ဘူး။ မနာခံ​ပေမဲ့ ဆိုးကျိုး မခံရပုံပေါက်လို့ ဘုရား​ပညတ်တွေ ချိုးဖောက်ဖို့ ပို​အတင့်ရဲလာ​နိုင်တယ်။ သူ့​ဝတ်ပြုမှု​လည်း အရေခြုံဝတ်ပြုမှု ဖြစ်လာနိုင်တယ်။ (ဒေ. ၈:၁၁) ကျွန်တော်တို့ကတော့ အရာရာမှာ ရိုးသား​ချင်ကြပါတယ်။

9. Jesuh in Nethanel a muh masak lai-in bang gen a hiam? Bang sin thei i hiam? (Lim zong en in.)

၉ “ဟုတ်​တိုင်း​မှန်ရာ ပြော” ဖို့ အရေးကြီးကြောင်း နာသနေလ​ကို ဦးဆုံး​အကြိမ် တွေ့ချိန်မှာ ယေရှု ပြောတဲ့​စကားကနေ သိနိုင်တယ်။ ဖိလိပ္ပု ခေါ်လာတဲ့ နာသနေလ​ကို ယေရှု တစ်ခါမှ မတွေ့ဖူးဘူး။ ဒါပေမဲ့ “ကြည့်ပါ။ သူဟာ လှည့်စား​ခြင်း ကင်းတဲ့​သူ၊ အစ္စရေး​ပီသ​တဲ့သူ​ပဲ” လို့ ပြောတယ်။ (ယော. ၁:၄၇) တခြား​တပည့်တွေ​လည်း ရိုးသား​ကြ​မှန်း ယေရှု သိတယ်။ နာသနေလ​ကတော့ ထူးထူးခြားခြား​ကို ရိုးသား​တာ။ ကျွန်တော်တို့လို မစုံလင်သူ​ပါပဲ။ ဒါပေမဲ့ ဟန်ဆောင်​ရိုးသား​တာ မဟုတ်ဘူး။ အရာရာမှာ တကယ် ရိုးသား​တာ။ ဒါကြောင့် ယေရှု လေးစား​သွားပြီး ချီးကျူး​တာ ဖြစ်တယ်။ ကျွန်တော်တို့လည်း ယေရှု​ဆီ​က အဲဒီလို​ချီးကျူး​ခံ​ရရင် ဘယ်လောက် ကောင်းလိုက်မလဲ။

ယေရှု​ဆီ ညွှန်ပြ​ရင်း ဖိလိပ္ပု စကားပြော​နေ။

ဖိလိပ္ပု ခေါ်လာတဲ့ နာသနေလ​ကို ဦးဆုံး​အကြိမ် တွေ့ချိန်မှာ “လှည့်စား​ခြင်း ကင်းတဲ့​သူ” လို့ ယေရှု ချီးကျူး။ သင်​ကော အဲဒီလို ချီးကျူး​ခံရနိုင်​သ​လား (စာပိုဒ် ၉ ကို ကြည့်ပါ)


10. Bang hangin kampau kidop ding kisam a hiam? (James 1:26)

၁၀ ဆာလံ ၁၅ မှာ ဖော်ပြထားတဲ့ တောင်းဆိုချက်​တော်တော်​များများ​ဟာ တခြားသူတွေကို ဆက်ဆံ​သင့်​ပုံ​အကြောင်း ဖြစ်တယ်။ ပုံဆောင်​တဲတော်​မှာ တည်းခိုသူ​ဟာ “သူတစ်ပါး​အကြောင်း သွားပုပ်လေလွင့် မပြောဘူး။ လူလူချင်း​အပေါ် မကောင်းတာ ဘာမှ မလုပ်ဘူး။ မိတ်ဆွေတွေ​အကြောင်း မကောင်း​သတင်း မလွှင့်တတ်ဘူး” လို့ ဆာလံ ၁၅:၃ မှာ ဖော်ပြတယ်။ နှုတ်​မ​စောင့်စည်းရင် တခြားသူတွေ ထိခိုက်​နစ်နာ​သွားနိုင်တယ်။ ပုံဆောင်​တဲတော်​မှာ ကျွန်တော်တို့ ဆက်​တည်းခိုခွင့် ဆုံးရှုံး​သွားနိုင်တယ်။—ယာကုပ် ၁:၂၆ ကို ဖတ်ပါ။

11. Mi gensia cih in bang a hiam? Kisik kei leng bang piang thei a hiam?

၁၁ “သွားပုပ်လေလွင့် မပြောဘူး” ဆိုပြီး ဆာလံ​ကျမ်း​ရေးသူ သတ်သတ်မှတ်မှတ် ဖော်ပြထားတယ်။ သွားပုပ်လေလွင့် ပြောတယ်ဆိုတာ ဘာလဲ။ တစ်ယောက်ယောက် နာမည် ပျက်​သွား​စေ​လောက်​တဲ့​အထိ မဟုတ်မမှန် လုပ်ကြံ​ပြောဆိုတာ​ပါ။ သွားပုပ်လေလွင့် ပြောသူဟာ နောင်တ​မယူရင် အသင်းတော်ကနေ ဖယ်ရှား​ခံရနိုင်တယ်။—ယေ. ၁၇:၁၀။

12-13. Lawmte’ thu ngim lopi-a gensiat khak theih dinmun pawlkhat in bang a hiam? (Lim zong en in.)

၁၂ ပုံဆောင်​တဲတော်​မှာ တည်းခိုသူ​ဟာ လူလူချင်း​အပေါ် မကောင်းတာ ဘာမှ မလုပ်ဘူး၊ မိတ်ဆွေတွေ​အကြောင်း မကောင်း​သတင်း မလွှင့်ဘူး​လို့ ဆာလံ ၁၅:၃ မှာ ဆက်ဖော်ပြတယ်။ ဘယ်လိုနည်းနဲ့ မကောင်း​သတင်း လွှင့်မိသွားနိုင်​သလဲ။

၁၃ တစ်ယောက်ယောက်​အကြောင်း မရည်ရွယ်ဘဲ မကောင်းသတင်း လွှင့်မိသွားနိုင်​တယ်။ ဒီ​အခြေအနေ သုံးခုကို စဉ်းစားကြည့်ပါ– (၁) ညီအစ်မ​တစ်ယောက် ရှေ့ဆောင် နား​လိုက်ပြီ၊ (၂) မောင်နှံတစ်စုံ ဗေသလမှာ အမှု​မဆောင်​တော့​ဘူး၊ (၃) ညီအစ်ကို​တစ်ယောက် အကြီးအကဲ ဒါမှမဟုတ် အသင်းတော် အမှုထမ်း မဟုတ်တော့ဘူး။ အဲဒီ​ညီအစ်ကို/မ အမှား​တစ်ခုခု လုပ်မိ​လို့ ဖြစ်မယ်ဆိုပြီး လျှောက်​ပြောတာ သင့်တော်မလား။ တာဝန် ပြောင်းလဲသွားတာ​နဲ့ပတ်သက်ပြီး ကျွန်တော်တို့ မသိတဲ့ အကြောင်းရင်း အများကြီး ရှိနိုင်တယ်။ ပုံဆောင်​တဲတော်​မှာ တည်းခို​နေ​သူ​ဆိုရင် “လူလူချင်း​အပေါ် မကောင်းတာ ဘာမှ မလုပ်ဘူး။ မိတ်ဆွေတွေ​အကြောင်း မကောင်း​သတင်း မလွှင့်တတ်ဘူး။”

အစည်းအဝေး​အချိန် ညီအစ်ကို​နှစ်ယောက် စကားပြော​နေ။ သူတို့ထဲက တစ်ယောက် ဟောပြောချက် ပေးနေတဲ့ ညီအစ်ကို​အကြောင်း မျက်မှောင်ကြုတ်ရင်း ပြော​နေ။

သူတစ်ပါး​အကြောင်း မကောင်း​သတင်း လွှင့်မိဖို့ သိပ်​လွယ်။ အဲဒီလို​သတင်း လွှင့်တာက သွားပုပ်လေလွင့် ပြော​ရာ​ရောက်​နိုင် (စာပိုဒ် ၁၂-၁၃ ကို ကြည့်ပါ)


JEHOVAH A ZANTAK MITE PAHTAWI IN

14. “Migilote” koici pelh thei i hiam?

၁၄ ယေဟောဝါရဲ့ မိတ်ဆွေဟာ “ယုတ်ညံ့​သူကို ရှောင်ခွာ​တယ်” လို့ ဆာလံ ၁၅:၄ မှာ ဖော်ပြတယ်။ လူတစ်ယောက် ယုတ်ညံ့​သူ ဟုတ်မဟုတ် ဘယ်လို သိနိုင်မလဲ။ ကျွန်တော်တို့​အားလုံး မစုံလင်တဲ့အတွက် လူတစ်ယောက်ရဲ့ အကျင့်​စရိုက်​ကို ကြည့်ပြီး ခင်သွားတတ်ကြတယ်၊ စိတ်ပျက်​သွား​တတ်​ကြတယ်။ ဒါကြောင့် ကိုယ့်​အမြင်၊ ကိုယ့်အကြိုက်​ကို အခြေခံပြီး ဘယ်သူဘယ်ဝါ​ကတော့ ယုတ်ညံ့​တယ်၊ မယုတ်ညံ့ဘူးဆိုပြီး သတ်မှတ်လို့ မရဘူး။ “ယုတ်ညံ့​သူ” လို့ ယေဟောဝါ သတ်မှတ်​သူတွေကို​ပဲ ရှောင်ရမယ်။ (၁ ကော. ၅:၁၁) “ယုတ်ညံ့​သူ” လို့ ယေဟောဝါ သတ်မှတ်​သူ​တွေ​ထဲ​မှာ အမှား​လုပ်ပြီး နောင်တ​မယူ​သူ​တွေ၊ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်ကို မလေးစား​သူ​တွေ၊ ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်အောင် လုပ်​သူ​တွေ ပါတယ်။—ပညာ. ၁၃:၂၀။

15. ‘Jehovah a zahtak mite’ i pahtawi theih dan thu khat in bang a hiam?

၁၅ “ယေဟောဝါကို ကြောက်ရွံ့​သူတွေကို” ဂုဏ်တင်ဖို့ ဆာလံ ၁၅:၄ မှာ တောင်းဆိုထားတယ်။ ဒါကြောင့် ဘုရားရဲ့ မိတ်ဆွေတွေကို ကြင်နာ​ဖို့၊ လေးစားဖို့ ကျွန်တော်တို့ ကြိုးစားကြတယ်။ (ရော. ၁၂:၁၀) ကြင်နာ​လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။ ဆာလံ ၁၅:၄ အရ တစ်နည်းကတော့ “ကိုယ့်​အကျိုး ပျက်​မယ်​ဆိုရင်တောင် ကတိတည်” ခြင်း​ပါပဲ။ ကတိဖျက်​ရင် တခြားသူတွေ အကျိုး​ပျက်​နိုင်တယ်။ (မ. ၅:၃၇) ဥပမာ၊ ဘုရားက မောင်နှံစုံတွေကို အိမ်ထောင်ရေး​ကတိ တည်​စေချင်တယ်။ ကလေးတွေကို မိဘတွေ ကတိ​ပေးထားရင် ကတိတည်​စေချင်တယ်။ ဘုရားနဲ့ လူလူချင်းကို ချစ်ရင် ကတိတည်​ဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစား​မှာ ဖြစ်တယ်။

16. Pasian’ lawmte i pahtawi theih dan thu khat in bang a hiam?

၁၆ ဘုရားရဲ့ မိတ်ဆွေတွေကို ဂုဏ်တင်နိုင်​တဲ့ နောက်တစ်နည်းကတော့ ဝေမျှပေး​ကမ်း​ခြင်း၊ ဧည့်ဝတ်ပြုခြင်း​ပါ။ (ရော. ၁၂:၁၃) အစည်းအဝေး၊ အမှုဆောင်မှာ​သာမက တခြား​အချိန်တွေမှာ​ပါ ညီအစ်ကို/မတွေကို အချိန်ပေး​ပေါင်းသင်း​တဲ့အခါ သူတို့နဲ့​ကော ယေဟောဝါနဲ့​ပါ ပို​ရင်းနှီးလာတယ်။ ဒါ့အပြင် ဧည့်ဝတ်ပြု​တာက ယေဟောဝါကို အတုယူ​ရာ​ရောက်တယ်။

SUM DEIH LUATNA PELH IN

17. Late 15 ah sum thu bang hangin gen a hiam?

၁၇ ပုံဆောင်​တဲတော်​မှာ တည်းခိုသူ​တွေ​ဟာ “ငွေ​ချေးပေး​တဲ့အခါ အတိုး​မယူဘူး။ အပြစ်မဲ့​သူကို ဒုက္ခပေး​ဖို့ သူ့ဆီ လာဘ်ထိုးလို့ မရဘူး။” (ဆာ. ၁၅:၅) ငွေ​အကြောင်း ဆာလံကျမ်း​ရေးသူ ဘာကြောင့် ပြောသလဲ။ ငွေ​မက်​လာ​ရင် တခြားသူတွေ နစ်နာ​အောင် လုပ်မိ​နိုင်​လို့၊ ဘုရားနဲ့​လည်း ဆက်ဆံရေး ထိခိုက်​နိုင်လို့ပဲ။ (၁ တိ. ၆:၁၀) ကျမ်းစာခေတ်မှာ ဆင်းရဲတဲ့ ညီအစ်ကိုတွေ​ဆီကနေ လူ​တချို့ မတန်တဆ ငွေ​တိုး​စားကြတယ်။ တရားသူကြီး​တချို့ လာဘ်စားပြီး အပြစ်မဲ့​သူတွေကို မတရား စီရင်​ကြတယ်။ အဲဒီ​လုပ်ရပ်တွေ​ကို ယေဟောဝါ ရွံမုန်းတယ်။—ယေဇ. ၂၂:၁၂။

18. Sum tawh kisai-a i lungsim puakzia koici sittel thei i hiam? (Hebru 13:5)

၁၈ ငွေနဲ့​ပတ်သက်တဲ့ ကိုယ့်​သဘောထားကို ဆန်းစစ်​ရမယ်။ ‘ငွေ​အကြောင်း၊ ငွေ​ရှိရင် ဘာတွေ ဝယ်လို့ ရတယ်ဆိုတဲ့​အကြောင်း​ပဲ ခေါင်းထဲ ရှိသလား။ တခြားသူ​ဆီ​က ငွေချေးပြီးရင် ငွေ​ပို​လို့ ချေးတာပဲ​ဆိုပြီး ပြန်မဆပ်​ဘဲ အချိန်ဆွဲ​တတ်​သ​လား။ ငွေ​ရှိရင် ခေါင်း​တစ်လုံး ပိုသာတယ်လို့ တွေး​ပေမဲ့ ပေးဖို့​ကမ်း​ဖို့​ကျတော့ တွန့်တို​တတ်​သ​လား။ ချမ်းသာတဲ့ ညီအစ်ကို/မ​ကို တွေ့တာ​နဲ့ ငွေကြေး​ဥစ္စာ မက်​သူ​လို့ ကောက်ချက်ချ​သ​လား။ ချမ်းသာသူ​တွေ​ကို လိုက်​ကပ်ပြီး မရှိ​ဆင်းရဲသားတွေကို ရှောင်ဖယ်​ရှောင်ဖယ် လုပ်​သ​လား။’ ယေဟောဝါရဲ့ ဧည့်သည်အဖြစ် ဖိတ်ခေါ်​ခံထားရ​သူ​တွေ​အနေနဲ့ ဒီ​မေးခွန်းတွေကို ကျွန်တော်တို့ ယောက်တိုင်း ဆန်းစစ်​သင့်တယ်။ ငွေ​မ​မက်​မှ ယေဟောဝါရဲ့ ဧည့်သည် ဆက်​ဖြစ်နိုင်မယ်။ ဧည့်သည်​တွေ​ကို အိမ်ရှင် ယေဟောဝါ ဘယ်တော့မှ ပစ်မထားဘူး။—ဟီဘရူး ၁၃:၅ ကို ဖတ်ပါ။

JEHOVAH IN A LAWMTE IT

19. Jehovah in Late 15-a ngetna pen bang hangin hong zuisak nuam a hiam?

၁၉ “သူ​လို​လူဟာ ဘယ်တော့မှ တုန်လှုပ်​ရမှာ မဟုတ်ဘူး” ဆိုပြီး ဆာလံ ၁၅ ကို နိဂုံးချုပ်ထားတယ်။ (ဆာ. ၁၅:၅) ဒါဟာ ဆာလံ ၁၅ မှာ ပါတဲ့ ဘုရား​တောင်းဆိုချက်တွေကို လိုက်နာ​သင့်​တဲ့ အဓိက အကြောင်းရင်း​ပါပဲ။ ကျွန်တော်တို့ကို ဘုရား ပျော်​စေချင်တယ်။ ဒါကြောင့် ဘုရား​တောင်းဆိုချက်တွေ​ဟာ ကျွန်တော်တို့အတွက် ကောင်းချီးနဲ့ ကာကွယ်မှု ရစေမယ့်​အရာတွေ​ချည်းပါပဲ။—ဟေရှာ. ၄၈:၁၇။

20. Jehovah’ zinte in bang pen lamen thei uh a hiam?

၂၀ ယေဟောဝါရဲ့ ဧည့်သည်တွေဟာ တောက်ပတဲ့ အနာဂတ်ကို မျှော်လင့်​နိုင်တယ်။ သစ္စာရှိ ဘိသိက်ခံတွေအတွက် ကောင်းကင်မှာ ယေရှု ပြင်ဆင်ပေးထားတဲ့ “နေစရာတွေ အများကြီး​ပဲ။” (ယော. ၁၄:၂) မြေကြီး​မျှော်လင့်ချက် ရှိသူတွေဟာ ဗျာဒိတ် ၂၁:၃ ပါ ကောင်းချီးတွေ ခံစားရမယ်။ ယေဟောဝါရဲ့ ပုံဆောင်​တဲတော်​မှာ ထာဝစဉ် တည်းခိုဖို့ ဖိတ်ခေါ်ခံရ​တာ တကယ့် အခွင့်ထူး​ပါပဲ။

NANGH BANGCI DAWNG DING?

  • “Paubaang loin gamta-in, a manin na sem” cih in bang a hiam?

  • Jehovah a zahtak mite i pahtawina-in bang semin, bang sem lo ding i hiam?

  • Sum tawh kisai-a muhdan man neih ding bang hangin thupi a hiam?

LA 39 ဘုရားသခင်ရှေ့ နာမည်ကောင်း ရှိ​နေစေပါ

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ